Monday, September 30, 2013

SSA( ဝမ်းဟိုင်) အဖွဲ့မှ စီးပွါးရေးတာဝန်ခံအား မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီးရမိ



ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်ခွဲ ၊ အိမ်အမှတ် ၅/၁၈၊ ပြည်ထောင်စု လမ်း ၊ ရပ်ကွက်(၅) ၊ ဝမ်ဖွီးကျေးရွာနေ နန်းခင်စန္ဒာ(ခ) နန်းခမ်းကော် ၃၉ နှစ်(ဘ) ဦစိုင်းလူ၊ ၏နေအိမ် အား စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ် မီးဖိုချောင်နှင့် အောက်ထပ် အခန်းအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂ဝ ပြားနှင့် ဘိန်းစိမ်း ၉၆ ဂရမ်အား သိမ်းဆည်းရမိသည်။







ဆက်လက်၍ သတင်းအရ ညနေ ၄ နာရီ ၂ဝ မိနစ်တွင် ခိုလမ်မြို့နယ်ခွဲ၊ ရပ်ကွက်(၂) အိမ်အမှတ် (၄၁)နေ ၊ နန်းလှရင် ၄၃ နှစ်(ဘ) ဦးလုံးခန်းစိန် ၏ နေအိမ်နှင့် ခြံဝန်းအတွင်းအတူနေ ၎င်း၏ တူဖြစ်သူ ပီစော ၄၁ နှစ် (ဘ) ဦးလုံးကန္တ၏ နေအိမ်အား ရှာဖွေနေစဉ် အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီးလုံခြုံရေး တပ်ဖွဲ့ဝင်များက မသင်္ကာ၍ စစ်ဆေးရန် ဆောင်ရွက်စဉ် ထွက်ပြေးသဖြင့်လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းထံမှ ကျကျန် ခဲ့သော ဘေးလွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၆ဝ ပြား ၁ ထုပ် ၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ကဒ် ၁ခု၊ ၎င်းကျည် ၁၉ တောင့်၊ ဘီအေ-၉၁ ပလပ်စတစ် လက်ပစ်ဗုံး ၁ လုံးနှင့် ငွေ ၁ဝ သိန်းကျပ် သိမ်းဆည်းရမိသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့များက ထွက်ပြေးသူနောက်သို့ လိုက်လံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် နောင်ကျောင်း ရေကန်အနီး၌ တရားခံအားတွေ့ရှိ၍ အဖမ်းခံရန် ပြောကြားစဉ် ၎င်းမှ လက်နက်ငယ်ဖြင့် စတင် ပစ်ခတ်ခဲ့၍ လုံခြုံရေးအရ ပြန်လည် ပစ်ခတ်ဖမ်းဆီးစဉ် ရေကန်အတွင်းသို့ ခုန်ချ ထွက်ပြေးသွားသဖြင့် ဆက်လက်ရှာဖွေရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တရားခံအလောင်းအား ဆယ်ယူ ရရှိသည်။

ဖြစ်စဉ် ဖြစ်ပွားရာနေရာမှ တရားခံ၏ ခါးပတ်အိတ်အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝ ပါ ၆ ထုပ် ၊ ၁၈ဝ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ၁၃၈ဝ ပြားနှင့် ရေစို ပျက်စီးနေသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝ ဂရမ်ပါ ၁ထုပ်တို့နှင့် အထက်ပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး အပါအဝင် စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ကာလတန်ဖိုး ၆၃၂၈ဝဝဝ ကျပ်နှင့် ဘိန်းစိမ်း ကာလတန်ဖိုး ၄၄၉၅ဝ ကျပ်ခန့်တို့အား သိမ်ဆည်းရမိသည်။

ထို့နောက် ညနေ ၄ နာရီ ၅ဝ မိနစ် အချိန်ခန့်တွင် SURF အမျိုးအစား နက်ပြာရောင် မော်တော်ယာဉ် ၁ စီးသည် ရပ်ကွက်(၂)ရှိ နန်းလှရင်၏ နေအိမ်သို့ ရောက်ရှိလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ပေါ်ပါ မသင်္ကာဖွယ်ရာ အရပ်သား နှစ်ဦးအားတွေ့ရှိ၍ ခိုလမ်ရဲစခန်းသို့ ပို့ဆောင်ပြီး ရှာဖွေစစ်ဆေးသည်။



ထိုသို့စစ်ဆေးစဉ် ယာဉ်အတွင်းပိုင်း ကားနောက်ခန်း အတွင်းမှ အမ်-၂၂ မောင်းပြန် ရိုင်ဖယ် ၁ လက် ၊ ၎င်းကျည် ၁၆၈ တောင့် ၊ ကျည်ကဒ် ၂ ခု ၊ ၉ လုံးကျည် ၁၇ တောင့်၊ ၎င်းကျည်ခါးပတ် အနက်ရောင်၁ခု၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝဝဝ ပါအထုပ် ၂ ထုပ်၊ ကာလတန်ဖိုး ကျပ်သိန်း ၈ဝဝ ဖိုး ခန့်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ယာဉ်ပေါ်ပါ စိုင်းစံမင်း အသက် ၁၉ နှစ် (ဘ) ဦးလုံးလု၊ ဝမ်ပုံကျေးရွာ၊ ကာလိမြို့နယ်ခွဲ နေသူနှင့် စိုင်းစိန် အသက် ၂၈ နှစ် (ဘ) ဦးလုံးစိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဖီးကျေးရွာနေသူတို့အား စစ်ဆေး ဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် သေဆုံးသူမှာ စိုင်းတိ အသက် ၄၁ နှစ်(ဘ) ဦးလုံးကောက်စက်ပန်း၊ ပန်ဆွဲကျေးရွာ၊ မိုင်းရှူးမြို့နယ်ခွဲ နေသူဖြစ်ပြီး ၎င်းတို့ ၃ ဦးမှာ လက်နက်နှင့် မူးယစ်ဆေးဝါး သယ်ဆောင်၍ ဝမ်ဟိုင်းမှ မိုင်းရှူး- မိုင်းစံ- ကာလိ-ကွန်ဟိန်း လမ်းကြောင်းအတိုင်း ခိုလမ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ စိုင်းတိမှာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ စီးပွားရေး တာဝန်ခံဖြစ်ကြောင်းနှင့် စိုင်းစိန်မှာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ တပ်သားအဆင့် ရှိသူ ဖြစ်ပြီး အဖွဲ့ဝင်အမှတ်မှာ ဝ၂၈၁၇၁ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးအား တရားဥပဒေအရ အရေးယူနိုင်ရေးနှင့် ကွင်းဆက် တရားခံများအား ဆက်လက်ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...