Thursday, October 17, 2013

Kaesong နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်အား အချိန် ရွှေ့ဆိုင်းခဲ့သည့် တောင်ကိုရီးယား




Thursday 17th October 2013

တောင်ကိုရီးယား အနေဖြင့် မြောက်ကိုရီးယားနှင့် ချိတ်ဆက်ကာ ပူးပေါင်း ဆောင်ရွက်မည့် Kaesong စက်မှုဇုံ ထူထောင်ရေး လုပ်ငန်းစဉ်အား

အမြန်ဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင် နိုင်ရန် အလို့ငှာ ရည်ရွယ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအား ခေတ္တခဏ အချိန်ရွှေ့ဆိုင်း ထားလိုက်ကြောင်း ယမန်နေ့က ထုတ်ဖော် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ပြန်လည် ပူးပေါင်းရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက လတ်တလော နယ်စပ်ဒေသ ဆက်ဆံရေး အလှည့်အပြောင်း တချို့နှင့် Kaesong စီမံကိန်းနှင့် ပတ်သက်ပြီး အပြည့်အ၀ အကောင်အထည် ဖော်ဆောင်ရေး စေ့စပ် ဆွေးနွေး လုပ်ဆောင်ချက်များ အားနည်း နှေးကွေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာလ (၃၁) ရက် နေ့မှ စတင်ကာ မြောက်ကိုရီးယား နယ်နိမိတ် အတွင်း တည်ရှိသော Kaesong ဒေသ၌ အဆိုပါ စီမံကိန်းအား လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများ စတင် လုပ်ဆောင်တော့မည်ဟု စီစဉ်ထားခဲ့သည် မှန်သော်လည်း အဆိုပါ အရေး ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အရှိန်အဟုန်မြှင့် ဆွေးနွေး ညှိနှိုင်းမှု ကဏ္ဍ အားနည်းနေသေးကြောင်း ၊ ယခုကဲ့သို့ တောင်ကိုရီးယားဘက်မှ အချိန်ရွှေ့ဆိုင်းမှု ပြုလုပ်မည်ကို မြောက်ကိုရီးယား ဘက်မှ ပြီးခဲ့သည့် သောကြာနေ့ ကတည်းက သတိပြုမိခဲ့ပြီး ထပ်မံ သတ်မှတ်မည့် အချိန်ကာလကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးကြောင်း သိရှိရသည်။

Source: AFP
http://www.channelnewsasia.com/news/asiapacific/s-korea-postpones-kaeson...



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...