Saturday, November 9, 2013

တိုင်းရင်းသားရိုးရာ ပွဲတော်များ ကျင်းပနိုင်ရန် ဘဏ္ဍာငွေကို အစိုးရအဖွဲ့၏ငွေ ခေါင်းစဉ်အောက်တွင် ထည့်သွင်းရေးဆွဲပေးရန် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး တိုက်တွန်း



Saturday, November 9, 2013


(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပစဉ်

တိုင်းရင်းသားရိုးရာ ပွဲတော်များ ကျင်းပနိုင်ရန်အတွက် ဘဏ္ဍာငွေကို အစိုးရအဖွဲ့၏ ငွေခေါင်းစဉ် အောက်တွင် ထည့်သွင်းရေးဆွဲ ပေးရန် နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးဝန်ကြီး ဦးဇော်အေးမောင်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်အား ဆွေးနွေးရာတွင် တိုက်တွန်းခဲ့သည်။

''ဘတ်ဂျတ်ဆွဲတဲ့ အခါမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန မရှိတဲ့ ဥပမာ ချင်းပြည်နယ်ဆိုရင် ထည့်ဆွဲစရာ မလိုပါဘူး။ ရန်ကုန်မှာဆိုရင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ရှိတယ်။ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၂ မှာလည်း တိုင်းရင်းသားများရဲ့ စာပေယဉ်ကျေးမှုများ၊ ဓလေ့ယဉ်ကျေးမှုများကို ဖော်ထုတ်ရန် တာဝန်ရှိတယ်လို့ ဖော်ပြထားတဲ့ အတွက် ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ ဥပမာ ကရင်ဆိုရင် ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင်ကောက်သစ်စား ပွဲတော်ကျင်းပဖို့ အတွက် ဘတ်ဂျက်များကို အစိုးရခေါင်းစီးအောက်မှာ ထည့်သွင်းရေးဆွဲပေးရင် ဒို့တာဝန် အရေးသုံးပါးကို ဖော်ထုတ်ရာလည်း ရောက်တယ်။ နောက်ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရန်ကုန်တိုင်း ဒေသကြီးက ဆောင်ရွက်နေပါတယ်ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပုံရိပ်လည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထည့်သွင်းရေးဆွဲပေးဖို့ အကြံပြုတင်ပြ လိုပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေး ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အစိုးရခေါင်းစီးအောက်မှာ ထည့်သွင်းရေးဆွဲပေးရင် ဒို့တာဝန် အရေးသုံးပါးကို ဖော်ထုတ်ရာလည်း ရောက်တယ်။ နောက်ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရန်ကုန်တိုင်း ဒေသကြီးက ဆောင်ရွက်နေပါတယ်ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပုံရိပ်လည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထည့်သွင်းရေးဆွဲပေးဖို့ အကြံပြုတင်ပြ လိုပါတယ်...

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ၏ ပုဒ်မ ၁ မှ ၄၈ ပါ အခြေခံမူများသည် ပြည်ထောင်စု လွှတ်တော်က သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်က သော်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်ကသော် လည်းကောင်း ဥပဒေပြဋ္ဌာန်းသည့်အခါ လိုက်နာရမည့် လမ်းညွှန်မှုများ ဖြစ်သည်ဟု ပါရှိကြောင်း၊ အခြေခံမူပုဒ်မ ၁၇ (ဂ) တွင် တိုင်းနှင့် ပြည်နယ်တွင် သင့်တင့်လျောက်ပတ်သည့် လူဦးရေရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရသေးသည့် တိုင်းရင်းသား လူမျိုးများ (သို့မဟုတ်) ဥပမာအားဖြင့် မူရင်းပြည်နယ် ရရှိပြီးသား ရှမ်း၊ ကရင်ဆို ကရင်မဟုတ်သည့် တိုင်းရင်းသားများမှာ သင့်တင့် လျောက်ပတ်သည့် လူဦးရေရှိပါက ယင်းတိုင်းဒေသကြီး၏ အုပ်ချုပ်ရေးတွင် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ပါဝင်မှု ပြုရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၇ (ဂ) မှာ ဖော်ပြထားကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...