Friday, November 22, 2013

Omega-3 က နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်



ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက Omega-3 ဓာတ် (ငါးကြီးဆီ) ကြွယ်ဝစွာ ပါရှိသည့် တူနာငါးများကို မကြာခဏ စားသောက်ပေးခြင်းဖြင့် သေစေလောက်အောင် ပြင်းထန်သော နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၃)ပုံ(၁)ပုံမျှ လျော့သွားစေနိုင်ကြောင်း ထောက်ခံခဲ့ကြ Omega-3 ဓာတ်ကို ကြွယ်ကြွယ်ဝဝ ဖြည့် တင်းပေးခြင်းသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သုတေသီ များက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက Omega-3 ဓာတ် (ငါးကြီးဆီ) ကြွယ်ဝစွာ ပါရှိသည့် တူနာငါးများကို မကြာခဏ စားသောက်ပေးခြ င်းဖြင့် သေစေေ လာက်ေ အာင် ပြင်းထန်သော နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၃)ပုံ(၁)ပုံမျှ လျော့ သွားစေနိုင်ကြောင်း ထောက်ခံ ခဲ့ကြသည်။

Omega-3 အဆီဓာတ်သည် တူနာနှင့် ဆယ်လ်မွန်ကဲ့သို့ ငါးများတွင် ကြွယ်ကြွယ်ဝဝ ပါဝင်လေ့ရှိသည်။ ယင်းဓာတ်ပစ္စည်းသည် နှလုံးလှုပ်ရှားမှု ရုတ်တရက် ဖောက်ပြန် ပြောင်းလဲခြင်းမျိုး ဖြစ်နိုင်ခြေကို တားဆီးပေးကြောင်း သိရသည်။ ထို့ကြောင့် ရုတ်တရက် နှလုံးထဖောက်ပြီး အသက်ဆုံးရှုံးမှုမျိုး ဖြစ်နိုင်မည့် အလားအလာကို သိသာစွာ လျော့ကျသွားစေကြောင်း ဟားဗက်မှ ဆေးသုတေသန ပညာရှင်များက ဆိုသည်။ အကယ်၍ တူနာငါးများကို တစ်ပတ်လျှင် (၃)ကြိမ်မှ (၄)ကြိမ်ထိ စားသောက်ပေးခြင်းဖြင့် နှ လုံးဖောက်ပြန် သေဆုံးနိုင်ခြေကို (၅၀)ရာခိုင်နှုန်းထိပင် လျှော့ချသွားနိုင်လိမ့်မည်ဟု သုတေသီများ က ထောက်ခံချက် ပေးထားသည်။

ယင်းအချိုးအစားသည် တစ်လလျှင် တစ်ကြိမ်အောက် တူနာငါး စားသူများနှင့် နှိုင်းယှဉ်ပြ ထားခြင်း ဖြစ် သည်။ သို့သော်လည်း ခြွင်းချက်တစ်ခုအဖြစ် ယခုအာနိသင်သည် မီးကင်ထားသော တူနာငါးများ အတွက် သာ ရည်ရွယ်ခြင်း ဖြစ်သည်။ ကြော်ထားသည့် တူနာငါးတွင်မူ အဆိုပါ အတိုင်းအတာထိ ထက်မြက်သော နှလုံး ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှု မရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...