Tuesday, December 24, 2013

ပုသိမ်မြို့တွင် ယနေ့ပြုလုပ်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး ချေးငွေပေးအပ်ပွဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်

Tuesday, December 24, 2013



သမ္မတဦးသိန်းစိန်တက်ရောက်မည့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုဘ၀မြှင့်တင်ရေး ချေးငွေပေးအပ်ပွဲ ကျင်းပရန်ပြင်ဆင်ထားသည့် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းအား တွေ့ရစဉ်

ဒီဇင်ဘာ ၂၄ ရက်တွင်ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သမ၀ါယမအသင်းများမှ အသင်းသားများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘ၀မြှင့်တင်ရေး ချေးငွေပေးအပ်ပွဲအခမ်းအနားကို ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် သမ၀ါယ၀န်ကြီးဌာနနဲ့ သမ၀ါယမဘဏ်က ငွေကြေးစိုက်ထုတ်ပြီးတော့ အသင်းသားတွေကို သူတို့လိုအပ်တဲ့ ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာပါ၊ အတိုးနှုန်းကတော့ ပုံသေ ၁၀၀ ကို တစ်ကျပ်ခွဲနှုန်းနဲ့ ချေးသွားမှာပါ၊ ပစ္စည်းတန်ဖိုး ၁၀ သိန်းအထက်ရှိရင်တော့ သုံးနှစ်ဝန်းကျင်လောက်ထားပေးမယ်၊ ၁၀ သိန်းအောက်ဆိုရင်တော့ တစ်နှစ်အတွင်း ပေးချေရမှာပါ။ချေးယူသူတွေရဲ့ ပြန်ဆပ်တဲ့အပေါ် မူတည်ပြီးတော့ တိုးမြှင့်ဆောင်ရွက်သွားရမှာဆိုတော့ အသင်းသားတွေဘက်ကလည်း မှန်မှန်ကန်ကန် ပြန်ပေးဖို့လိုတယ်" ဟု ဗဟိုသမ၀ါယမအသင်းမှ အထွေထွေမန်နေဂျာ ဦးတင်အေးက ပြောပြသည်။

မိမိလုပ်ငန်းအတွက် ချေးငှားလိုသူက သူနဲ့သက်ဆိုင်ရာ သ/မအသင်းတစ်ခုမှာ အသင်းဝင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဥပမာရေလုပ်ငန်းလုပ်သူက ရေလုပ်ငန်းသ/မအသင်းတစ်ခုခုမှာ အသင်းဝင်ရမှာပါ။ အဲဒီလိုပဲ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ၀န်ထမ်းတွေကလည်း သက်ဆိုင်ရာအသင်းတစ်ခုခုမှာ အသင်းဝင်ရောက်ရမှာပါ . . .


ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် သမ၀ါယမအသင်းခွဲပေါင်း ၂၉၀၀ကျော်ရှိပြီး၊ အဆိုပါအသင်းခွဲများရှိ အသင်းသားများသို့ လယ်ယာသုံး စက်ကိရိယာများ၊ လုပ်ငန်းသုံး စက်ကိရိယာများနှင့် ရေလုပ်ငန်းသုံး စက်ကိရိယာများအတွက် တန်ဖိုးငွေကျပ် သန်းပေါင်း ၅၇၀ ကျော်ကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး၊ ငွေသားချေးငွေ သန်းပေါင်း ၇၆၀၀ ကျော်ကိုလည်း ချေးပေးသွားမည်ဟု သိရသည်။

"မိမိလုပ်ငန်းအတွက် ချေးငှားလိုသူက သူနဲ့သက်ဆိုင်ရာ သ/မအသင်းတစ်ခုမှာ အသင်းဝင်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဥပမာရေလုပ်ငန်းလုပ်သူက ရေလုပ်ငန်းသ/မအသင်းတစ်ခုခုမှာ အသင်းဝင်ရမှာပါ။ အဲဒီလိုပဲ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ၀န်ထမ်းတွေကလည်း သက်ဆိုင်ရာအသင်းတစ်ခုခုမှာ အသင်းဝင်ရောက်ရမှာပါ။ ဒီနေ့ အခမ်းအနားမှာတော့ ဌာနဆိုင်ရာက ခင်းကျင်းပြသထားတဲ့ ပြခန်း ၃၀ နဲ့၊ ပုဂ္ဂလိကက အရစ်ကျစနစ်နဲ့ ရောင်းချပေးမယ့် ဆိုင်ခန်းရှစ်ခန်း ပါဝင်ပါတယ်။ အသင်းသားတွေကို ဒီပွဲမှာပဲ တစ်ခါတည်းရောင်းတာတွေ၊ ချေးငှားတာတွေ ဆောင်ရွက်ပေးသွားမှာပါ" ဟု အထွေထွေမန်နေဂျာ ဦးတင်အေးကပင် ဆက်လက်ပြောပြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဗဟိုကော်မတီတွင် နိုင်ငံတော်သမ္မတကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘ၀မြှင့်တင်ရေးအခမ်းအနားတွင် သမ္မတကြီးက အများပြည်သူအားတွေ့ဆုံ၍ အမှာစကားပြောကြားသွားမည် ဖြစ်သည်ဟု သိရသည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခြောက်ခရိုင်မှ သမ၀ါယမအသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ သမ၀ါယမအသင်းများမှ ကိုယ်စားလှယ်များ၊ အင်အား ၁၅၀၀၀ ကျော် တက်ရောက်ရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ဒေသလုပ်ငန်းထွက်ကုန်များ၊ လယ်ယာသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ လှေ၊ ငါးဖမ်းပိုက် စသည်ဖြင့် အခင်းအကျင်းများ ပြသထားသည့် ဆိုင်ခန်းများ ပါဝင်သည်။

သမ၀ါယမအသင်းမှ အသင်းဝင်များအား လူမှုရေးရန်ပုံငွေများ၊ ကျန်းမာရေး ထောက်ပံ့ငွေများနှင့် အကျိုးခံစားခွင့်များအားလည်း ထောက်ပံ့ပေးလျက်ရှိရာ လက်ရှိအချိန်အထိ သိန်းပေါင်း ၉၀၀ အား ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...