Thursday, December 19, 2013

မြ၀တီနယ်စပ်မှ တစ်ဖက်နိုင်ငံသို့ တစ်ပတ်အတွင်း လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၀ ဒသမ ၁၆၁ သန်းဖိုး တင်ပို့နိုင်ခဲ့


  Thursday, December 19, 2013



မြန်မာ-ထိုင်း နယ်စပ်ဂိတ် ချစ်ကြည်ရေးတံတားကို တွေ့ရစဉ်

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပြီးခဲ့သည့် နိုဝင်ဘာက ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်ထက် ခြောက်ဆကျော် လျော့ကျခဲ့သော်လည်း ယခုလတွင် တစ်ဖက်နိုင်ငံသို့ တစ်ပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်း ကန်ဒေါ်လာ ၀ ဒသမ ၁၆၁ သန်း တင်ပို့ခဲ့၍ ပို့ကုန်တင်ပို့မှု မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း လယ်ယာထွက်ကုန်များဖြစ်သော နနွင်းတက် တန် ၂၀၊ ငရုတ်သီးခြောက် ၃၇ တန်၊ ဆန်တန် ၁၀၀ နဲ့ ကြက်သွန်နီ တန် ၁၀၀ တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၁၆၁ သန်းရှိကြောင်း သိရသည်။

"ယခုလမှာ ဆန်၊ ဆန်ခွဲနဲ့ လယ်ယာထွက်ကုန်၊ သတ္တုခနောက်စိမ်းတွေလည်း တရားဝင် ပို့လာနိုင်တဲ့အတွက် ပို့ကုန်ပြန်လည် မြင့်တက်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့လကတော့ ပဲမျိုးစုံ၊ ငရုတ်သီးခြောက်၊ မြေပဲဆန်နဲ့ ရေထွက်ပစ္စည်းများကိုပဲ တင်ပို့ခဲ့ပါတယ်" ဟု မြ၀တီ နယ်စပ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ယခင်အပတ်က မြေပဲဆန် တစ်မျိုးတည်းသာ တင်ပို့နိုင်ခဲ့ပြီး နနွင်းတက်၊ ငရုတ်သီးခြောက်၊ ဆန်နဲ့ကြက်သွန်နီတို့ တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခုအပတ်တွင်လည်း မြေပဲဆန်တင်ပို့မှု မရှိသေးဟု ဆိုသည်။

မြ၀တီနယ်စပ်မှ နိုဝင်ဘာလ အတွင်းက ပြည်ပသို့တင်ပို့ရာတွင် လယ်ယာထွက် ပစ္စည်းများဖြစ်သည့် ပဲမျိုးစုံ၊ ငရုတ်သီးခြောက်၊ မြေပဲဆန်နှင့် ရေထွက်ပစ္စည်းများဖြစ်သော ငါး၊ ကဏန်းနှင့် ပုစွန်တို့သာ တင်ပို့နိုင်ခဲ့ပြီး ပမာဏအားဖြင့် ၃ ဒသမ ၂၇၂ ဒေါ်လာသန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ရေထွက်ပစ္စည်း ငါး၊ ပုစွန်တင်ပို့မှုတွင် တန်ချိန် ၄၀၄ ဒသမ ၁၂၃ တန် တင်ပို့နိုင်ခဲ့၍ တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၉၉၇ သန်း တင်ပို့ခဲ့ကာ လယ်ယာထွက် ပစ္စည်းဖြစ်သည့် မတ်ပဲ ၅၉ တန်၊ တန်ဖိုး (ဒေါ်လာ ၀ ဒသမ ၀၃၆ သန်း)၊ ပဲမျိုးစုံ၊ မြေပဲဆန် ၁၆၃၆ ဒသမ ၉၇၂ တန် တင်ပို့နိုင်ခဲ့ကာ အာလူး၊ ငရုတ်သီးခြောက်များလည်း တင်ပို့ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...