Saturday, December 21, 2013

ပဲခူးရှိ ပြည်ပစက်မှု စီမံကိန်းနယ်မြေတွင် ဘီယာထုတ်လုပ် ရောင်းချမည့် Myanmar Carlsberg ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းပိုင်းဆိုင်ရာ စတင်ဆောင်ရွက်


 Friday, 20 December 2013


မလေးရှားနိုင်ငံရှိ Carlsberg အဖျော်ယမကာ ထုတ်လုပ်သည့်စက်ရုံ (ဓာတ်ပုံ-carlsbergmalaysia.com)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ပြည်ပစက်မှု စီမံကိန်း နယ်မြေတွင် ဘီယာထုတ်လုပ် ရောင်းချမည့် Myanmar Carlsberg ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို စတင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ ရုံးအမှတ် ၃၂ သို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို Myanmar Carlsberg ကုမ္ပဏီမှ ဘဏ္ဍာရေးနှင့် စီးပွားရေး စီမံကိန်းဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Dheeraj Mishra မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Myanmar Carlsberg ကုမ္ပဏီသည် Carlsberg Group နှင့် မြန်မာနိုင်ငံမှ MGS Breweries ကုမ္ပဏီတို့၏ ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်း မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ရာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းအဖြစ် ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။ Myanmar Golden Star(MGS) ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘီယာထုတ်လုပ်ကာ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေပြီး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၅၀ အထိ မြှုပ်နှံရန် လျာထားကြောင်း Carlsberg Group မှ ထုတ်ပြန်ချက်များအရ သိရသည်။

Carlsberg Group သည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ အခြေစိုက်ကာ ၁၈၄၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ဘီယာ၊ ဆိုဒါနှင့် အချိုရည်စသည့် အဖျော်ယမကာ ထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်နေပြီး ထုတ်ကုန်များကို အမေရိကန်၊ ဥရောပနှင့် အာရှနိုင်ငံ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...