Saturday, January 18, 2014

အားလပ်ချိန်ကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ




၂၁ ရာစုမှာ အချိန်ဆိုတာ အရှားပါးဆုံးအရာပါပဲ။ မအားလပ်နိုင်တဲ့ အလုပ်တွေကြောင့် လူမှုရေး လစ်ဟာချို့ယွင်းမှုတွေ ကြုံတွေ့နေရတာတော့ အမှန်ပါပဲ။ ဒီတော့ အလုပ်ကအားတဲ့ ခဏတာ အချိန်လေးတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချကြမလဲဆိုတာ ပြဿနာကို ဆွေးနွေးကြည့်ရအောင်။

(၁) mailbox ကို ရှင်းလင်းရေးလုပ်ပါ

မဖတ်ရသေးတဲ့ မေးလ်တွေ ၊ spam မေးလ်တွေနဲ့ ရှုပ်ပွနေတဲ့ သင့်ရဲ့mailbox ကို အားလပ်ချိန်မှာ ခဏတာအချိန်ယူ ရှင်းလင်းပေးလိုက်ခြင်းကြောင့် အရေးကြီးတဲ့ မေးလ်တွေ လွတ်သွားတာမျိုးနဲ့ စုစည်းမှု စွမ်းရည်ကိုပါ တိုးတက်လာစေပါတယ်။



(၂) ဦးနှောက်ကိုလေ့ကျင့်ပါ

ကြားရတဲ့စကားရဲ့ တစ်ဝက်လက်တောင် မခက်ပါဘူး။ သင်ကလည်းအားနေပြီး ဦးနှောက်ကလည်း စိုးရိမ်သောက ကင်းနေတဲ့အချိန်မျိုး ဖြစ်နေတယ်ဆိုပါစို့။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် အနည်းငယ်နဲ့ စုဝေးလိုက်ပြီး ရုံးအတွက် ပိုကောင်းတဲ့ အပြောင်းအလဲတွေဖြစ်စေဖို့ အကြံဥာဏ်တွေ နှီးနှော ဖလှယ်ကြည့်ပါ။

(၃) ပြိုင်ဘက်များကို လေ့လာပါ

သင့်ရဲ့ ပြိုင်ဘက်များကို သူတို့ဘာတွေလှုပ်ရှားနေလဲ အချိန်ပေးလေ့လာပါ။ ဒီလိုလေ့လာခြင်းကို သင့်ကို အလုပ်ပိုကြိုးစားဖြစ်စေရုံသာမက လိုချင်တဲ့ ပန်းတိုင်ကိုလည်း ခပ်မြန်မြန်ရောက်စေပါတယ်။

(၄) မိမိကိုယ်ကိုယ် ဆန်းစစ်ပါ

သင့်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေက ဘာလဲဆိုတာ သိပါသလား။ မသိသေးရင် စာရင်းချရေး ကြည့်ပါ။ ဒီလိုလုပ်ခြင်းက ဘ၀ရဲ့ အရေးကြီးတဲ့ အခွင့်အရေးတချို့ သင့်ဆီကိုသယ်ဆောင်လာနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

အားတဲ့အချိန်မှာ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ခြင်းက လုံလောက်ပါတယ်။ ပိုပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်နိုင်မှ ပိုပြီးကောင်းမွန်တဲ့ ကုန်ထုတ်စွမ်းအားကို ရနိုင်မှာပေါ့။

(၆) သင့်ရဲ့ Idol တစ်ဦးနဲ့ တွေ့ဆုံပါ

သင့်ကို အလုပ်လုပ်ဖြစ်အောင် တိုက်တွန်းပေးနိုင်တဲ့ သင်အားကျ လေးစားရသူတစ်ဦးကို နေ့လည်စားဖို့ ဖိတ်ပါ။ ဒီလိုအခွင့်အရေးမျိုး နောင်တစ်ချိန်မှာ သင်ရချင်မှ ရနိုင်တော့မှာဖြစ်တဲ့အတွက် အားတဲ့အချိန်မှာ ကြိုးစားကြည့်ပါ။



(၇) playlist လုပ်ပါ

ဂီတကပေးတဲ့ ခံစားမှုဆိုတာ ဘယ်အရာနဲ့မှမတူပါဘူး။ ဒါကြောင့် သင်ကြိုက်တတ်တဲ့ သီချင်းလေးတွေကို စုစည်းထားပြီး အဆင်သင့်နားထောင်နိုင်အောင် လုပ်ပါ။

(၈) ကွန်ပျူတာ deskstop ကိုရှင်းလင်းပါ။

သင့်ကွန်ပျူတာက ရှုပ်ယှက်ခတ်နေတယ်ဆိုတာ သိမှာပေါ့။ ဒါကြောင့် အားတဲ့အချိန်လေးမှာ ဖိုင်တွေ စနစ်တကျသိမ်းတာ ၊ ပြန်လည်ရှင်းလင်းတာတွေ လုပ်ပေးပါ။

(၉) သူငယ်ချင်းဟောင်းတွေနဲ့ ပြန်လည်ဆက်သွယ်ပါ။

သူငယ်ချင်းတွေကို မဆက်သွယ်ဖြစ်တာ ကြာပြီဆိုရင်တော့ အားတဲ့အချိန်မှာ ဖုန်းကိုကောက်ကိုင်ပြီး သူတို့နဲ့ အဆက်အသွယ်ပြတ်နေရတာ အလုပ်မှာ ဖိအားတွေများပြီး မအားလုပ်နိုင်တာကြောင့်ဆိုတာကို သေချာရှင်းပြပါ။



(၁၀) ခရီးတစ်ခုပြင်ဆင်ပါ။

အလုပ်နဲ့ တစ်ချိန်လုံး အချိန်ကုန်နေရခြင်းကြောင့် စိတ်ကိုပြန်ပြီး လတ်ဆတ်အောင် လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ပြက္ခဒိန်ကိုကြည့်ပြီး ပိတ်ရက်ရှည်ကို လိုက်ရှာကြည့်ပါ။

(၁၁) အောင်မြင်သူများအကြောင်းကို ဖတ်ပါ

ဆင်းရဲရာမှ အောင်မြင်အောင် ကြိုးစားလာသူများအကြောင်းကို ဖတ်ကြည့်ပါ။ သူတို့ရဲ့ ခံယူချက်၊ ကြိုးစားချက်တွေနဲ့ နည်းနာနိဿယတွေကို အတုယူပါ။

(၁၂) ဈေးဝယ်ထွက်ပါ

အလုပ်မှာ ကြည့်ကောင်းဖို့ဆိုတာလည်း အရေးပါတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါကြောင့် ဖက်ရှင် အသစ်တွေကို လေ့လာပြီး ဈေးဝယ်ထွက်ပါ။

(၁၃) မှတ်တမ်းရေးပါ

ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲက မှတ်မှတ်ရရ ဖြစ်တတ်တာမျိုးကို ချရေးတဲ့ အကျင့်လုပ်ခြင်းက ဖိအားတွေကို လျော့ချပေးနိုင်ပါတယ်။



(၁၄) သူဌေးနဲ့ရင်းနှီးအောင် ကြိုးစားပါ နေ့လည်ကော်ဖီချိန်မျိုး ၊ အားလပ်ချိန်မျိုးမှာ သူဌေးနဲ့ ကြုံကြိုက်ရင် တွေ့ဆုံပါ။ သူ့ရဲ့ ကုမ္ပဏီပေါ်အမြင်နဲ့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ တစ်ထပ်တည်း ကျနေတဲ့ အခါမျိုးဟာ သင့်ကို အလုပ်လုပ်ရတာ ပိုပြီးပျော်ရွှင်စေပါတယ်။

Ref:mensxp

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...