Tuesday, February 11, 2014

ကျိုင်းတုံ GTC က သရဲမမ အကြောင်း




(ယခုဖြစ်ရပ်မှန် ဇာတ်လမ်းရေးသားပေးပို့သော ကို ဆန်းနိုင်ကို Admin များမှ အထူးကျေးဇူး တင်ရှိ ပါသည် ခင်ဗျာ )

ကျွန်တော် က ကျိုင်းတုံမြို့က ပါ။လိုရင်းပဲပြောပါတော့ မယ်။ မနှစ် က ၂၀၁၃ ၉ လပိုင်းမှာ ကျွန်တော်တို့ GTC မှာ စာမေးပွဲရှိပါတယ်။ အဲ့တော့ အိမ်မှာတယောက်တည်း မကျက်ချင်တာနဲ့သူငယ် ချင်းတွေ က လဲခေါ်တော့ အဆောင်ကို လိုက်သွားမိပါတယ်။အဆောင်နာမည်တော့မပြောတေ့ပါဘူး။နိုင်ငံပိုင် အဆောင် တခုပါ။ကျွန်တော်တို့မောင်နှမသုံးဦးလုံးက GTC တက်နေဆဲနဲ့ ကျောင်းပြီးတွေပါ။

အဲ့အဆောင်ကအကိုအမခေတ်ကတည်းကသရဲခြောက်တယ်ဆိုပြီးနာမည်ကြီးနေတာပေါ့။ဒါပေမဲ့ သူငယ် ချင်းတွေနဲ့စာကျက်မယ်ဆိုတော့ မကြောက်အားတာနဲ့စာမေးပွဲအချိန်အတွင်း အဆောင်ကို အဆောင် မှုးတွေရဲ့နားလည်မှုနဲ့ သွားအိပ်မိပါတယ်။စစတော့ဘာမှမထူးခြားပါဘူး ။ကိုးဘာသာရှိတော့ တစ်ဘာ သာပြီးတဘာသာ ပြီတော့ပြီးသွားတယ် နေညက်ဆုံး ဘာသာ ရောက်လာတော့ စတာပဲ။ညကို တက္ကသိုလ် ထုံးစံအတိုင်း ၂ နာရီခွဲ အထိ ကျက်မိတာပေါ့နော်။one subject one night ပေါ့။တခြား မေဂျာ က ပြီးပြီ ကျွန်တော်တို့ပဲ ကျန်တာပေါ့နော်။


အဲ့တော့ သူများတွေသူငယ်ချင်းတွေအားလုံးအိပ်ကုန်ပြီ။ဒါပေမဲ တဆောင်လုံးလဲ မီးကထွန်းထားတော့ မကြောက်ဘူး သယ်ချင်း တွေလဲ ကိုယ့်ဘေးမှာအိပ်နေတယ်ဆိုတော့ မကြောက်မိလူး။ခနနေ အိပ်တော့မှစ တာပဲ။အဆောင်ရဲ့နာမည်ကြီး ဒေါက် ဖိနပ်သံ။အခန်းတံခါးဝကသူငယ်ချင်းတွေ ဘောလုံးပွဲသွားကြည့်တော့ မပိတ်ခဲ့ဘူး။လိုက်ကာ တော့ချထားတယ် ။အခန်းအပြင် မှာလဲမီးထွန်းထားတယ်။ အဲ့တော့ ကျွန်တော်လဲ စာကြည့်တာမောမောနဲ့ပဲအိပ်မယ်လုပ်တုန်းမိန်းခနဲ ဖြစ်နေတဲ့အချိန် ဒေါက် ဒေါက်ဒေါက်နဲ့အခန်းတခါးဝအ ထိဒေါက်ခဖိနပ်သံကြားတာပေါ့နော်။ဒါပေမဲ့သိပ်မသေချာမှာ စိုးလို့ ငြိမ်ပြီးနာထောင်လိုက် တယ်။အဲ့ဒေါက် ဖိနပ်သံက ပြန်လှည့်သွားတယ် ။


မိန်းခလေးတွေလာခြောက်ရအောင်လဲ ယောကျာ်းလေးဆောင်ပေါ့နော်။သတိတော့ရတယ်သူငယ်ချင်း
တွေပြောပြထားတာ။ဒါပေမဲ့ကြောက်တာပေါ့နော်။အဲ့ဒေါက်ဖိနပ် သံကခေါက်တုံ့ခေါက်ပြန်ပဲ ဒါပေမဲ့ အခန်း တံခါးဝတော့ရောက်မလာဘူး ။ရောက်ခါနီးဆိုပြန်လှည့်လှည့်သွားတယ်ဗျ။အဲ့ဒါနဲ့ သုံးလေး ခေါက်လောက် အပြီးမှာအဝေးဝူးဝါးဝူးဝါးနဲ့သူငယ်ချင်းတွေဘောပွဲကပြန်လာသံလဲကြားရောအသံကပျောက်သွားတော့တယ်။


အဲ့လိုနဲ့ပြီးသွားမယ်လို့ထင်ခဲ့ပါတယ် ။မပြီးပါဘူး သူငယ်ချင်တွေနဲ့ဆိုတော့ ပျော်တာပေါ့။စာမေးပွဲ ပြီတော့ ထပ်သွားအိပ်ဖြစ်ပါတယ် ။မအမှတ်မရှိတာပေါ့နော်။နောက် သုံးလေးရက်ကြာတော့ ဖေဖေ က ဖုန်းလေ အသစ်တလုံးဝယ်ပေစတော့ ကြွားလုံးထုတ်ချင်တာနဲ့အဆောင်မှာသွားအိပ်ဖြစ်ပါတော့တယ်။

အဲ့မှာစတာပဲ။သယ် ငယ်ချင်းတို့မှာရှိတဲ့ 360 camera မှာ ghost effect ပါပါတယ်။ကိုယ်တွေလဲ စသုံးစ ဆိုတော့နာမလည်ဘူးလေ။ဘာမှမသိဘူး။install လုပ်ပြီးတာနဲ့သုံးတာပေါ့နော်။ဘာeffect မှလဲမပြောင်း ဘူး။ဒီအတိုင်း လေးရိုက်တာပေါ့နော်။အချိန် က ၁၁ နာရီခွဲ ။ သူငယ်ချင်းနဲ့ကျွန်တော်နဲ့ တယောက်တလှည့် ဓါတ်ပုံ ရိုက် နေတယ်။ကျွန်တော်က ဆေးလိပ် မသောက်တက်ပါဘူး။


ဒါပေမဲ့ acting ပေးချင်တာနဲ့ပဲ သူငယ်ချင်စတယောက်ရဲ့ ဆေးလိပ်ကိုယူပြီးပထမတပုံအနေနဲ့ပြတင်းပေါက် နားမှာ တပုံရိုက်တာပေါ့နောါ။ဘမှမထူးခြားပါဘူး။ဒါပေမဲ့သိပ်မကြိုက်ဘူးဆိုပြီး ကတင်ပေါ် ထိုင်ပြီး ထပ်ရိုက် ခိုင်းပါတယ်။ပြသနာတော့စပြီ။ရိုက်လဲရိုက်ပေးပြီးရော သူငယ်ချင်း က မျက်နှာတွေပျက်ပြီးမင်းပုံကိုကြည့်ဦး ဆိုလို့ ကြည့်လိုက်တာ ။မျက်နှာမှာသွေးတောင်ရှိမယ် မထင် ပါဘူး။ကျွန်တေ့ကိုစူးစူစိုက်စိုက် ကြည့်နေတဲ့ မိန်းကလေးတယောက်ရဲ့ပုံ ကျွန်တော့် ခေါင်းအထက် နားလေ မှာပေါ်နေပါတယ်။ အဲ့မိန်းကလေး က ကျွန်တော့်ကိုသေသေ ချာချာကြည့်နေတာဗျ။


မျက်လုံးက လုံးဝအဖြူဗျ ။ ဝတ်ထားတာ က ဝတ်ရုံဗျ။ ကျွန်တော့်  ကို တကယ် ခုပဲ ဝါးမျိုတော့ မယ့်ပုံ နဲ့ကြည့်မေတာဗျ။ကျွန်တော်လဲ လန့်လန့်နဲ့ဖျက်ခိုင်းလိုက်တယ်။အဲ့ဒါကို မဖျက်ပဲ ကျွတ်တော့ သူငယ်ချင်းက copy ယူလိုက်တယ် ။အဲ့copy မှာလဲပေါ်နေတုန်းဗျ။ခနနေ တအောင့်ကြာတော့ သူငယ်ချင်က ပြောတယ် ။မင်းcameraကghosteffectဝင်နေတာတာကောအဲ့ဒါကြောင့် ပေါ်နေတာလို့ပြောလာမှဖြေသိမ့်လို့ရတော့ တယ်။ဒါပေမဲ့အခဲကမကြေ။ကျွန်တော့ ဖုန်းထဲကပုံတော့ ဖျက်လိုက်ပြီ။


အဲ့လိုနဲ့တပါတ်လောက်အကြာမှာခရီးသွားဖို့ရှလာပါတယ်။သူငယ်လျင်းတွေနဲ့အတူတူထွက်ဖို့လုပ်ထားတာပေါ့နော်။ကျွန်တော်လဲ ကျူရှင်တွေကိုဖျက်ပြီး ခရီးသွားဖို့ပြင်နေတာနဲ့ photo ကိစ္စ ကို မေ့မေ့လျော့ လျော့ပေါ့။အဲ့ကိစ္စ ကို အမ ကို ပဲပြောပြရပါသေးတယ်။အမကနေအမေကိုမမပြောဖို့ပြောထားပေမဲ့။အမ က ပြောပြလိုက်တော့ ။သူငယ် ချင်းတွေနဲ့ သရီးသွားရင်လိုမယ့်ပစ္စည်းဝယ်ပြီးအပြန် အမေ နဲ့ အိမ်မှာ တွေ့တော့ မေမေ က မေးပါတော့ တယ်။နင်ဒေါက်ဖိနပ်သံကြာတယ်ဆို။ဆိုတော့ ကျွနါတော်လဲရှောင် မရတာနဲ့ ဟုတ် တယ်လို့ဖြေတော့ အမေ က အေး အဲ့အဆောင်မှာ ဆုံးပြီး သရဲဖြစ် နေတာက မင်း ငယ်ငယ်တုန်း က ငါတို့မှိုစိုက်လို့ မနက် အစောကြီး မှိုခူးဖို့သွားရင် မင်း ကို အပ်အပ်ခဲ့တဲ့ မင်းကို ထိန်း တဲ့ ကလေးထိန်းတဲ့။သေပါပြီပဲ။အမေ ကစောစော က မပြောဘူး။


ဒါပေမဲ့အဲ့ ကလးထိန်း အမ အကြောင်း အမေ က မပြောပြခဲ့ဘူး ။ဘာလို့လဲဆို့တော့ ။အဲ့ကလေးထိန်း မမ က ကျွန်တော့်ကို အရမ်းချစ်လို့တဲ့။ကျွန်တော် သုံးနှစ်သား လေးနှစ်သားမှာဆုံးသွားတာတဲ့။အဲ့ မမ ရဲ့မေမေ ကကျွန်တော့်မှုကြိုဆရာမတဲ့။ပြီတော့ တဦးတည်းသောသမီးတဲ့။အဲ့ဒါနဲ့ မမ အကြောင်းပြော တော့ မေမေ့ ကို ကျွန်တော်က မေးတာပေါ့နော်။အဲ့မမ က ဆံပင် ကို တိတိညက်ထားတယ် ။အရှေ့ကို ဆံပင်လေးချ ထားတယ်။မျက်လုံးကဝိုင်းဝိုင်းလေးနဲ့။ပြီးတော့ ဆံပင်လေးက ရှည်တယ် ။ဆိုတော့ အမေ က ဟုတ်တယ်တဲ့ မင်း ဘယ်လိုသိလဲဆိုတော့ ကျွန်တော် စိတ်ထဲကပဲဖြေမိပါတယ် ။


သိတာပေါ့မေမေရယ် ဓါတ်ပုံထဲက သူပဲလေ။360 camera ထဲ က သူရဲမ က ဆံပင် ဖားလားလားနဲ့ ကျွန်တော့ပုံပေါ် လာတဲ့ မမသရဲမ က ဆံပင်သပ်သပ် ရပ်ရပ်လေးနဲ့ဗျ။အဲ့ဒါမှ တွေ့ကရာနေရာ ဓာတ်ပုံ ရိုက်လေ့ရှိတဲ့ ဓာတ်ပုံရိုက်စိန် ကျွန်တော်ဟာ ရောက်လေရာမှာဓါတ်ပုံမရိုက်ရဲတော့ပါဘူးဗျာ။သူငယ်ချင်း ဆီမှာရှိတဲ့Photo ကို ပေးချင်ပေမဲ့ ထူးထူး ဆန်းဆန်းအဲ့ ပုံလဲ ပျောက်ချင်းမလှ ပျောက်သွားတော့တာပါပဲ။

(မကောင်းဆိုးဝါး သရဲသဘက်များ၊အပ လောကသားများ ကို ရိုက်ကူးထားသောဓာတ်ပုံများသည် ထူးဆန်း စွာပျောက်ဆုံးခြင်း ပုံမပေါ်ခြင်းများ ဖြစ်တတ်ပါသည်..။ :မောင်မိုးတိမ် )

1 comment:

  1. ဖောပေါ့ဗျာ ဗိုလ်တစ်ထောင် (အဆောင်နာမည်) အဲ.ကျောင်းရှေ.မှာကျန်တော်နေခဲ.တာပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...