Wednesday, March 12, 2014

ရှစ်မွှာပူး ရှင်မွေးလွန်း လူမှုထောက်ပံ့ကြေးလိမ်ညာရယူမှုဖြင့်တရားစွဲခံရ


 
လူမူဖူလုံရေးအထောက်အပံ့တွေကို လိမ်ညာပြီး ယူခဲ့တယ်လို့ စွပ်စွဲချက်နဲ့  တရားစွဲခံထားရတဲ့ ရှစ်မွှာပူး မိခင် နာဒါဆူလေမန်က သူ့ မှာအပြစ် မရှိကြောင်း လော့စ် အိန်ဂျလိစ်တရားရုံး မှာလျှောက်လဲခဲ့ပါတယ်။
သူ့ ကိုတော့ ရှင်မွေးလွန်း လို့ ပြောရ မယ်ထင် ပါတယ်။ ရှစ်မွှာပူးအပြင်နောက် ထ ပ် ကလေးခြောက်ယောက် ရှိပါသေးတယ်။ သူ့ အမှု ကို ဧပြီလ ၁၆ ရက်မှာထပ်မံကြားနာပါမယ်။



ယမန်နှစ်က လူမှုထောက်ပံ့ကြေးလျှောက်စဉ်က ဆူလေမန်ဟာ ဗီဒီယိုရိုက်ကူးမှု ကနေ ဒေါ်လာ သုံးသောင်း ၀င်ငွေရှိခဲ့တာ ကိုထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့ပြီး လူမှုထောက်ပံ့ကြေး ကို လိမ် ညာလျှောက် ထားမှုနဲ့ တရားစွဲခြင်းခံထားရပါတယ်။




အသက်၃၈နှစ် ကလေး၁၄ယောက်ရဲ့ မိခင်ဆူလေမန်ဟာသူ့ ကိုစွဲဆိုထားတဲ့ အလားတူငွေလိမ်ညာယူမှု သုံးမှုကိုအပြစ်မရှိကြောင်းလျှောက်လဲခဲ့ပါတယ်။နောက်ထပ်လေးခုမြောက်အမှုနဲ့ ဆိုရင် ပြည်နယ် အစိုးရ ကိုဒေါ်လာ ၂၆၀၀၀ ပြန်ပေးရပါမယ်။


ငါးမိနစ်မျှသာကြာတဲ့ကြားနာမှုမှာ တရားသူကြီးကနောက်ထပ်ကြားနာမှုတစ်ခုအတွက် ဧပြီလ၁၆ရက်နေ့  တရားရုံးကိုပြန်လာဖို့ ရုံးချိန်းတော့ ဆူလေမန်ဟာ "ဟုတ်ကဲ့"ဆိုတဲ့စကားတစ်ခွန်းကိုပဲ တိုးတိုးပြောခဲ့ပြီး တရားရုံးကခပ်မြန်မြန်ပဲထွက်သွားခဲ့ပါတယ်။ တရားရုံးက ဆူလေမန်ဟာအပြစ် ရှိကြောင်းအမိန့် ချခဲ့ ရင် ထောင်ထဲမှာခြောက်နှစ်နဲ့ လေးလ နေရဖို့ ရှိပါတယ်။ ဒါပေမယ့် ငွေတွေကိုပြန်ပေးဖို့ သဘောတူခဲ့ရင်တော့အဲဒီလောက်နေရမှာမဟုတ်ဘူးလို့  အစိုးရရှေ့ နေ ကပြောပါတယ်။


ဆူလေမန်ဟာ (နာမည်ရင် ဒန်းနစ်ဆူလေမန်)ဟာ ၂၀၀၉ခုနှစ်က အမွှာရှစ်ယောက်ကို In vitrofertilisation နည်းလမ်းနဲ့ ရယူမွေးဖွားပြီး နာမည်ကြီးလာခဲ့တဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။

သူ့ ကလေး၁၄ယောက်ကို ထောက်ပံ့နိုင်ဖို့  အပြာဗီဒီယိုများရိုက်ကူးခြင်း၊အပေါ်ပိုင်းဗလာဓာတ်ပုံများ ရိုက် ကူးခြင်း၊ ဖော်ချွတ်ကလပ်များမှာ ကပြခြင်း၊နာမည်သိပ်မကျော်တဲ့မင်းသမီးများနဲ့ လက်ဝှေ့ ထိုးခြင်း စတဲ့နည်းမျိုးစုံနဲ့  ရုန်းကန်ခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...