Thursday, March 20, 2014

အလုပ်ရမည်ဟုခေါ်ဆောင်ကာ တရုတ်နိုင်ငံတွင် ရောင်းစားခဲ့သူကို အရေးယူပေးရန် တိုင်တန်း


ရွှေပြည်သာမြို့နယ်နေ ဒေါ်--- မှ လွန်ခဲ့သော(၁)နှစ်ကျော်ခန့်က ၎င်းနှင့် သမီးဖြစ်သူ မ--- တို့ထံသို့ ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မစိုးစိုး(စိစစ်ဆဲ)ရောက်ရှိလာပြီး ရှမ်းပြည်နယ် ရှိ ယူနီဆက်ဆေးဝါးဖြန့်ဖြူးရေးစက်ရုံတွင် အလုပ်လုပ်ကိုင်ရန် လူလိုနေကြောင်းနှင့် တစ်လလျင် လစာ (၁)သိန်းခွဲ၊ (၂)သိန်းခန့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ၎င်းတို့မှလုပ်ကိုင်လိုကြောင်းပြောဆိုခဲ့ရာ ၇.၁၁.၂၀၁၂ရက်နေ့ ၁၄၀၀အချိန်ခန့်တွင် မစိုးစိုးမှ သမီးဖြစ်သူကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ခေါ်ဆောင်သွားခဲ့ပြီး အဆက်အသွယ်မရရှိတော့ကြောင်း၊ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ဒေါ်----၏ဖုန်းသို့ သမီးဖြစ်သူမှ ဆက်သွယ်လာပြီး မစိုးစိုးမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံတွင် ၎င်းအား ရောင်းစားခဲ့ကြောင်း၊ ယခုအခါ ကလေးတစ်ယောက်ရရှိ
နေပြီဖြစ်ကြောင်း၊ ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်ပေးပါရန်ပြောပြသဖြင့် ဖြစ်စဉ်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းကဲ့သို့သမီးဖြစ်သူအားရောင်းစားခဲ့သူ မစိုးစိုးကို အရေးယူပေးပါရန်တိုင်တန်းချက်အရရွှေပြည်သာမြို့မ ရဲစခန်း(ပ) ၁၇၄/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...