Tuesday, March 11, 2014

ကားတိုက်ပြီး သတိလစ်သွားရာက ဓမ္မသီချင်းများသီဆိုပေးချိန်ပြန်သတိရလာတဲ့ မိန်းကလေး






ပြီးခဲ့တဲ့သီတင်းပတ်က ကားနဲ့ တိုက်မိပြီး သတိလစ်သွားရာက သတိပြန်လည်မလာတော့ပဲ ကိုးမားရသွား တဲ့ကောလိပ်ကျောင်းသူလေးဟာ မိသားစုနဲ့ သူငယ်ချင်းတွေ ဓမ္မသီချင်းကိုဝိုင်းဝန်း ဆိုပြရာ ကသတိပြန် လည် လာခဲ့တယ်လို့ သိရပါတယ်။
သူ့ မိခင်က အံ့သြဖို့ ကောင်းတဲ့အဖြစ်အပျက်တစ်ခုလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်နေ့ က ယူတားပြည်နယ် ပရိုဘိုမှာနေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် လက်ဆီဟန်ဆန် ဟာကျောင်းကိုသွားဖို့  လမ်းကိုဖြတ်ကူးစဉ်မှာ ကားတိုက်ခံလိုက်ရပြီး ဦးနှောက်မှာဒဏ်ရာရခဲ့ပါတယ်။

ကြာသာပတေးနေ့ က အေဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ လက်ဆီရဲ့ မိခင်က ပရိုဘို၊ယူတာပြည်နယ် က ဆေးရုံကိုပြန်ခေါ်လာတော့ သူ့ သမီးရဲ့ ဦးနှောက်ကသေသွားပြီဆိုတာ စမ်းသပ်ချက် တွေကဖော်ပြနေ တယ်လို့ ဆိုပါတယ်။

"ကျမတို့ ဓမ္မသီချင်းကိုဆိုတော့ သမီးကနားထောင်ပြီးနိုးလာခဲ့တယ်။ အားလုံးအရမ်းအံ့သြပြီး ငိုမိပါတယ်။
ပြီးတော့သူက လက်သင်္ကေတနဲ့ သမီးအမေတို့ ကိုချစ်ပါတယ်လို့ ပြခဲ့တယ်။ ကျမတို့ အားလုံးငိုမိကြတယ်။
သူ့ လက်နဲ့ ကျမတို့ အားလုံးကိုထိတွေ့ ခဲ့တယ်။နောက်တော့ ထွက်ရမယ်အချိန်ရောက်လို့  အခန်းထဲက ထွက်ပေးခဲ့ကြတယ်။ ကျမတို့ အားလုံးကိုသူလက်ပြနုတ်ဆက်တယ်။"



ဒီလိုပြန်သတိရလာဖို့  အခြေအနေ သုညအခြေအနေကနေခုလိုပြန်သတိရတဲ့အတွက် သူ့ ရဲ့ ဆရာဝန်တွေ ကလည်းဒီအဖြစ်အပျက်ကိုအံ့အားသင့်ခဲ့ကြပါတယ်။
ပရိုဘို မြို့ ကရဲအရာရှိကစိတ်မကောင်းစရာမတော်တဆဖြစ်မှုလို့ ပြောပါတယ်။
အရှေ့ ကားကလာနေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့  လမ်းကိုဖြတ်ကူးဖို့ ကြိုးစားတဲ့အချိန်တိုက် မိသွားတာဖြစ်ပါတယ်။အဲဒီအချိန်မှာ သူ ကဆိုင်ကယ်ဦးထုပ် လည်းဆောင်းမထားဘူးလို့ ဆိုပါတယ်။
သူ့ ကိုတိုက်မိသူက အသက်၂၀ အရွယ်အမျိုးသားဒရိုင်ဘာဖြစ်ပါတယ်။သူတို့ မိသားစုက တိုက်ခဲ့တဲ့ဒရိုင်ဘာနဲ့ တွေ့ ဆုံခဲ့ပြီး အမှုမဖွင့်ဘူးလို့ လည်းသိရပါတယ်။

လက်ဆီရဲ့ မိခင်ကတော့ "သမီးခုလိုပြန်သတိရလာ အံ့သြဖွယ်ရာအချက် ဆိုတာ သေသေချာချာ သိပါတယ်။ ဒီကိစ္စဟာဘုရားသခင်ရဲ့  လုပ်ဆောင်မှုတစ်ခုဖြစ်တယ် ဆိုတာကျမတို့ သိပါတယ်" လို့ ပြောပါတယ်။
လက်ဆီအတွက်ဆုတောင်းပေးကြပါ (Pray for Lexi) ဆိုတဲ့အမည်နဲ့  ဖေ့ဘွတ်စာမျက်နှာတစ်ခုလု ပ် ထားပြီး သူ့ ရဲ့ ကျန်းမာရေးတိုးတက်လာမှုတွေကို အဲဒီစာမျက်နှာမှာတင်ထားပါတယ်။ လက်ဆီအတွက် ဆုမွန်ကောင်းတောင်းပေးလိုသူများအောက်ကလင့်ကို Facebook page, Pray for Lexi ကလစ်ပြီးသွားရောက်ဆုတောင်းပေးနိုင်ကြပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...