Monday, July 28, 2014

မြစ်ကြီးနားတွင် ကျား/မ လိင်ဆက်ဆံရာတွင် အသုံးပြုသော ကာမရာဂ စိတ်ကြွ ဆေးဝါးများပြန့်နေ




 မြစ်ကြီးနားမြို့ပေါ်တွင် တရားမ၀င် တင်သွင်း ရောင်းချလျက် ရှိသော ကျား/မ လိင်ဆက်ဆံရာတွင် အသုံးပြုသော ကာမရာဂ စိတ်ကြွ ဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များ ဖြစ်သည့် ရှိန်းဆေးဆိုင်၊ ဈေးကြီးတန်း၊ ပိုင်ရှင်-ဦးမြင့်သိန်း၊ ၄၄ နှစ်၊ (ဘ) ဦးရှိန်း၊ မြို့မရပ်ကွက်။ လမ်းဘေးဆေး အရောင်းဆိုင်၊ ၀ိုင်းမော် ကူတိုးဆိပ်ဟောင်း နှင့် အောင်ဆန်း လမ်းထောင့်၊ ပိုင်ရှင်- မယဉ်ယဉ်မြင့်၊ ၄၅ နှစ်၊ (ဘ) ဦးလှအောင်၊ အောင်နန်းရပ်ကွက်။ ညဈေးတန်း လမ်းဘေး ဆေးဆိုင်၊ ဖူဂျီ အအေးဆိုင်ရှေ့၊ အောင်ဆန်းလမ်း၊ ပိုင်ရှင်-ဦးမင်းမင်း၊ ၃၅ နှစ်၊ (ဘ) ဦးလှမောင်၊ အေးစေတီ ရပ်ကွက်။ ညသီးယံ ကွမ်းယာနှင့် ဆေးအရောင်းဆိုင်၊ ၀ိုင်းမော်ကူးတို့ဆိပ် လမ်းဟောင်းနှင့် အောင်ဆန်းလမ်း ထောင့်၊ ပိုင်ရှင်- ဦးသိန်းဝင်း၊ ၄၇ နှစ်၊ (ဘ) ဦးကောင်းကင်၊ မြို့သစ်ကြီး။ ကရ၀က် ဆေးဆိုင်၊ ပိုင်ရှင်- ညီညီအောင်၊ ၃၃ နှစ်၊ (ဘ) ဦးမြင့်အောင်၊ နယ်မြေ(၂)၊ မြို့သစ်ရပ်ကွက် စသည့် ဆေးဆိုင်များအား ကျန်းမာရေး ဦးစီးဌာန၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်များမှ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ အရံ မီးသတ် တပ်ဖွဲ့များနှင့် တာဝန်ရှိသူများ သက်သေ လိုက်ပါလျက် လိုက်လံ စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရှိရ ပါသည်။ အဆိုပါ တရားမ၀င် ဆေးဝါးများ ရောင်းဝယ် ဖောက်ကား သူများအား အမျိုးသား ဆေးဝါး ဥပဒေ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...