Monday, July 28, 2014

ရမ္မက် ဘီလူးများနှင့် အသပြာ ဖဝါးအောက်တွင် ပန်းမဖြစ်မီ ကြွေရှာသည်





ရန်ကုန်တိုင်း ဒေသကြီး၊ မြို့သစ် တစ်ခုရှိ ရပ်ကွက် တစ်ခုတွင်းမှ ခယိုး ခယိုင်အိမ်လေး တစ်လုံးက အတွင်းတွင် စုဝေး ထိုင်နေသည့် လူများကြောင့် ဒီနေ့ မှပို၍နုံချာ သေးကျုံ့နေသလို ခံစားရသည် ဟုမလုံး(အမည်လွှဲ)က ပြန်ပြောင်း ပြောသည်။ ကြုံရာကျပန်း လုပ်ကိုင်စားနေရ သော သူတို့မိသားစု အတွက် ပိုက်ဆံဆို သည်က မက်မောစရာ၊ အမြဲလိုအပ်နေ သောအရာ။ သို့သော်…
”ဒီငွေကို ယူလိုက်၊ ပြီးရင် ဒီစာချုပ် မှာ လက်မှတ်ထိုး”ဟု ရပ်ကွက်လူကြီး တစ်ဦးက အထက်ပါ စကားကိုဆိုလိုက်ရင်း ငွေတစ်ထပ်နှင့် စာချုပ်ကို မလုံးရှေ့သို့ ချပေး လိုက်သည်။ သူတို့အတွက် အမြဲလိုအပ်နေသည့် ငွေဖြစ်သော်လည်း ဤငွေကို ယူရန် အတွက် သူတွေဝေ လေးလံနေခဲ့ရသည် ဟုမလုံးက ဆိုပါသည်။ သူ့ဘေးတစ်ဖက် စီတွင်ထိုင်နေသည့် ၇ နှစ်သမီးအရွယ် သမီးငယ်နှင့် ယောက်ျားဖြစ်သူတို့ထံ ငဲ့ စောင်းကြည့်လိုက်ရင်းမှ ဆယ်အိမ်မှူး နှင့် အဖွဲ့ညွှန်ပြသော စာချုပ်ပေါ်မှာ လက်မှတ် ထိုးရမည့် နေရာတွင် ကြက် ခြေခတ်တစ်ခု ရေးခြစ်ပေး လိုက်သည်။ ပိုက်ဆံ ကိုတော့ ယောက်ျား ဖြစ်သူက လှမ်းယူ လိုက်သည်။

ထို့နောက် ဖျတ်ခနဲ လက်သွားသော ကင်မရာမီးရောင်။ သူ တို့ငွေလက်ခံရယူသည် ကိုသက်သေ အ ဖြစ် ဓာတ်ပုံမှတ်တမ်းတင်သွားကြခြင်း။ ”ငွေကြေးက ချေးငှားတာလား အပြတ်ပေးတာလား၊ အဲဒါတော့ မသိ ဘူး။ သူတို့ဘာသာ လူမှုရေးအရ လုပ် ကြတာ။ ကျွန်တော်တို့က ကျွန်တော်တို့ အနေနဲ့လုပ်ပေး တာမဟုတ်တော့ ကျွန် တော်တို့ဘက်ကပြောလို့မရဘူး။ ဒါပေမဲ့ အဲဒီလိုပေးတဲ့အခါမှာတော့ ရုံးလုပ်ထုံး လုပ်နည်းအရ မှတ်တမ်းဓာတ်ပုံ ရိုက်ရ တယ်”ဟု ထိုရပ်ကွက်မှ ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။
၇ နှစ် အရွယ်သာ ရှိသေးသည့် သူတို့၏သမီးငယ်ကို အိမ်နီးချင်း အမျိုး သားတစ်ဦးက ပြုကျင့်ခဲ့ကြောင်းကို အချိန်လွန်မှ သိခဲ့ပြီးနောက် ဤသို့ လာ ပေးသော ငွေကိုမည်သို့ အမည်တပ်ရ မည်မှန်း မလုံးကိုယ်တိုင်လည်း မသိ။မလုံးကအိမ်တကာလှည့် အဝတ် လျှော်အလုပ် လုပ်သူ။ ယောက်ျား က လည်း ကျပန်းသမားမို့ အိမ်မကပ်နိုင်။ နေ့စဉ်အိမ်တွင်သားဖြစ်သူနှင့် သမီးတို့ သာကျန်ခဲ့စမြဲ။ သမီးငယ်က ကလေးမို့ ရပ်ကွက်အနှံ့ဆော့ ကစား နေတတ်သည့် အပြင် အိမ်နီးချင်း မည်သူခိုင်းခိုင်း မညည်းမညူလုပ်ပေးတတ်သည့်ကလေး ဟု မလုံးကသူ့သမီးအကြောင်း ပြောပြ သည်။

သမီးက ယခုမေလ ၄ ရက်နေ့မှ ဆီးမသွားနိုင်ဘဲနာနေသည်ဟုဆို၍မေး မြန်းရာမှအဖြစ်ဆိုးသိကာ ရင်ကျိုးရခြင်း ဖြစ်သည်။ မည်သည့်အချိန်က တည်းက ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ ရှိနေပြီဆို သည်လည်းမသိပါဟု မလုံးက မချိတင် ကဲ ဆိုပါသည်။ ”ဒီကိစ္စကို စကြားကတည်းက ခံစားချက် အပြည့်နဲ့ ကိုယ့်သားသမီးလိုပဲ ကိုယ့်သားသမီး ကိုယ့်မြေးတစ်ယောက် လိုပဲ ခံစားချက်နဲ့ ငါတို့က အမှုကိစ္စနဲ့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကျွန်မတို့ ရတာမဟုတ်ဘဲနဲ့ ကျွန်မတို့ဘာသာ ကျွန်မတို့ ဒီဖြစ်စဉ်မှန်သာဖြစ်ခဲ့လို့ရှိရင် ကလေးတစ်ယောက်ဟာ ဒါမျိုးတွေဖြစ် သွားမယ်ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့် သားသမီး ကိုယ့်မြေးသာဖြစ်ခဲ့တယ်ဆိုရင် ဆိုတဲ့အတွေးနဲ့ ပါတီဝင်တစ်ယောက်အ နေနဲ့သာမက ပြည်သူတစ်ယောက်အနေ နဲ့ အဖြစ်မှန် ကို ဖော်ထုတ်ချင်တယ်။ဖော်ထုတ်ဖို့လည်း သင့်တယ်လို့ယုံကြည် တယ်။

ဒီကိစ္စကို သိသိချင်း လိုက်ကြ တယ်၊ စုံစမ်းကြတယ်၊ လေ့လာကြတယ်။ ဘယ်သူမှ ကျွန်မတို့ကို လက်ဖက်ရည် မတိုက် လမ်းစရိတ်မပေးဘူး။ ခု ကျွန်မတို့ စွမ်းဆောင်နိုင်သ လောက် ပါတီဝင်တစ်ယောက်အနေနဲ့ ရော၊ ပြည်သူတစ်ယောက်အနေနဲ့ရော၊ မိခင်တစ်ယောက်အနေနဲ့ရော ကျွန်မတို့ လုပ်မှာပါ” ဟု ဒေသခံနိုင်ငံရေးပါတီ တစ်ခုမှ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။သမီးဖြစ်သူ ထိုသို့ကျူးလွန်ခံရ ပြီးမှန်း မိဘများနှင့် ပတ်ဝန်းကျင်သိ၍ အသံထွက်လာပြီးနောက် ကျူးလွန်သူ ပုဂ္ဂိုလ်က ငွေကျပ် သုံးသောင်းပေး၍ တောင်းပန်ခဲ့သည်ဟု မလုံး က ပြော သည်။


”ကိုယ်ကတောင်းတာ မဟုတ် ဘူး။ သူကလာပေးတာ”ဟု မလုံးက ဆို သည်။ အခြား အိမ်နီးချင်းတစ်ဦးဖြစ်ပြီး အကြောင်းရင်း အစအဆုံးသိနေသည့် ဒေါ်နီကမူ တောက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ”ကလေး တစ်ယောက်ကို ဒီလိုလုပ်ပြီး လျော်ကြေးပေးလိုက်ရုံနဲ့ ပြီးရောလား။ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စရော ဟုတ်ရဲ့လား”ဟု ဒေါသဖြင့် မေးခွန်း ထုတ်သည်။ အဆိုပါသုံးသောင်းပြီးနောက် အစ တွင်ဖော်ပြခဲ့သည့်အတိုင်း နောက်တွင် ငွေ ၂ သိန်း ၇ သောင်းကို ရပ်ကွက် တာဝန်ရှိသူများနှင့်အတူ လာေ ရာက် ပေးခဲ့ခြင်းဖြစ်သည်။ ”စာထဲမှာဘာတွေရေးထားလည်း ကျွန်မ မသိဘူး။ ကျွန်မက စာမတတ် ဘူးလေ”ဟု မလုံးက ညှိုးငယ်သောမျက် နှာဖြင့် ပြောသည်။
”စခန်းကို မသွားခင်မှာ ကျွန် တော်တို့ရုံးကို လာပြီးတော့ ချိန်းလိုက် တာပေါ့။ ဒါ ရဲတွေချိန်းလိုက်တာ ကျွန် တော်မသိဘူး။ ပြဿနာတက်နေတယ်၊ ဆယ်အိမ်မှူးရေ လာပါဦးဆိုပြီး။ ရဲတွေ ကတော့ ခရေစေ့တွင်းကျ မေးတာပေါ့။ စုံစိနေတာပဲ။ နှိုက်နှိုက်ချွတ်ချွတ်ပေါ့။ မေးပြီးတဲ့အခါကျတော့ မင်း အမှုဖွင့်လို တယ်ဆိုရင်လည်း စခန်းကိုလိုက်ပြီး အမှုဖွင့်၊ အဲ့မှာပြန်သွားပြီးတော့ ကလေး အိမ်နီးချင်းကို သွားပြောတာ။ သူက အဲ့ဒါမျိုးတော့ငါမေ ကျနပ်ဘူး၊ အခုချက် ချင်းလုပ်မယ်ဆိုပြီး ခေါ်ကြဆိုတော့ကျွန်တော်ခုချက်ချင်း စခန်းကိုသွားကြ ဆိုပြီး ကျွန်တော်နောက်ကနေလိုက်သွား တယ်။ စာရွက်ဖြူ ၁ဝဝ ဖိုးတောင် ဝယ်သွားတယ်။ တကယ်လို့ ဟိုနင်းဖြစ် ရင် ကျွန်တော်က စာတင်ရတော့မှာ လေ။ ဟိုကျတဲ့ခါကျတော့ မေးပြီးတော့ စခန်းမှူးရော၊ ဂတ်စာရေးရော၊ ရဲတပ် သားတွေရော မေးစမ်းပြီးတဲ့ အခါကျ တော့ သူ့ယောက်ျားရော သူရောက အမှုမဖွင့်ချင်ပါဘူးတဲ့။ အဲလိုပြော ပြီးမှ ဟိုက လက်မှတ်ထိုးခိုင်းတာကို လက် မှတ်ထိုးပြီး ပြန်လာတယ်” ဟု ငွေပေး အပ်ရာတွင်ပါဝင်ခဲ့သည့် ဆယ်အိမ်စုမှူး တစ်ဦးက ပြောသည်။

ဤကဲ့သို့ လူမသိသူမသိ၊ မကြားဝံ့ မနာသာ အဖြစ်မျိုး မြန်မာနိုင်ငံတွင် မည်မျှထိဖြစ်ပျက်နေပါပြီနည်း။ ၂ဝ၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၌ ကောက်ယူထားသည့် စာ ရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်း အသက် မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မကျူးလွန်မှု ၇၇ မှုရှိခဲ့သည်။ယခု ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်းတော့ အမှုပေါင်း ၃၁ မှုရှိ နေပြီဖြစ်သည်။
အသက် မပြည့်သေး သည့် ကလေးသူငယ် များအတွင်း ၁ဝ နှစ်အောက် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများမှာ တစ်နှစ်လျှင် နှစ်ဆနီးပါးခန့် မြင့်တက်လာပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာတစ် နိုင်ငံလုံးကောက်ယူခဲ့သည့် စစ်တမ်းများ အရ အမှုပေါင်း ၈၈ဝ နီးပါး ရှိခဲ့သည်ဟု ကလေးသူငယ်နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား အ ရေးယူ၍ ဥပဒေအတွက် အဓိကလိုက်လံ ဆောင်ရွက်ပေးနေသည့် သမာဓိဖောင် ဒေးရှင်းမှ သိရသည်။ ကလေးသူငယ်တို့အပေါ် အဓမ္မ ကျူးလွန်သူ၊ လိင်အလွဲသုံးစား ပြုသူ အချို့မှာ ”ကျေအေးခြင်းဆို သည့်စကား လုံးနောက်၌ လုံလုံခြုံခြုံ ပုန်းအောင်း လျက်သားပင် ရှိသည်။ မုဒိမ်းမှုဟုခေါ် သည့် မှုခင်းများစွာကား ဆိတ်ကွယ်ရာ အရပ်၌ မှောင်ရိပ်ခိုကောင်းတုန်းပင်ဖြစ် သည်။


”တကယ်တော့ မုဒိမ်းမှုကို ကျေ အေးမပေးသင့်ဘူး။ ကျေအေးပေးတာနဲ့ နောက်တစ်ခါအမှုထပ်ဖြစ်ဖို့ အခွင့် အလမ်း ဖွင့်ပေးသလိုပဲ” ဟု သမာဓိ ဖောင်ေ ဒးရှင်းမှေ ရှ့နေဖြစ် သူဦးငိုင်ဆာ့ခ် ကဆိုသည်။ ၄င်းက သူ့အတွေ့အကြုံ အရကလေးသူငယ်များအပေါ်အဓမ္မပြု ကျင့်ရာတွင် ကလေးကိုယ်တိုင်က လိုလို လားလား ပြောပြလာခြင်းမျိုးမဟုတ်ဘဲ အသက်အရွယ် ငယ်လွန်းခြင်းကြောင့် သွေးတအားဆင်းလာခြင်း၊ ဆီးမသွား နိုင်ဘဲ နာကျင်လာသည့် အချိန်မျိုးမှသာ စတင်သိရှိသည်ဟု ဆိုသည်။ ပြစ်မှုဆိုင်ရာ ဥပဒေမှတ်တမ်းများ အရ အဓမ္မကျူးလွန်ရန် ကြံစည်ထားသူ များက ကလေးအပေါ် ကျူးလွန်ရခြင်း သည် အရွယ်ရောက် သူတစ်ဦး ထက် ပိုမို လွယ်ကူလေ့ရှိခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ အရွယ်ရောက်အမျိုးသမီး တစ်ဦးအနေဖြင့်၎င်းတွင်ပြန်လည်ခုခံ နိုင်စွမ်းရှိပြီး ခွန်အားသုံး၍ ရုန်းကန်နိုင် ခြင်းကြောင့်ကျူးလွန်သူအနေဖြင့် အကြံ စည်အထမြောက်ရန် ခဲယဉ်းသည်။


သို့ သော် ကလေးကား မခုခံနိုင်။ ထို့ပြင် တစ်ခါတစ်ရံ မိဘဖြင့် တိုင်မည်ဟုခြိမ်း ခြောက်ရုံဖြင့်ပင် ကလေးများက ဖွင့်ဟ ဝန်ခံလေ့ မရှိတော့ကြောင်း တွေ့ရှိရ သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကလေး သူငယ်ကာကွယ်ရေးအဖွဲ့မှ ကိုအောင် မျိုးမင်းက ပြောသည်။ ထိုသို့သော အဖြစ်ဆိုး တစ်ခုက (၅-၅-၂ဝ၁၃)နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မဝေဝေ (အမည်လွှဲ)က သူ၏ ၇ နှစ်အရွယ် သမီး ငယ်လေးမှာ အဓမ္မပြုကျင့်ခံထားရပြီး ဆေးကုသမှုခံယူနေရတုန်းပင် ဖြစ် သည်ဟု ဆိုသည်။မဝေဝေတို့မှာလည်း ကျပန်းအလုပ်သမား မိသားစုသာ ဖြစ် သည်။ ကလေးကိုကျောင်းပင်မထားနိုင်။

ယခုကိစ္စဖြစ်ပေါ်လာချိန်တွင် ငွေပေးကျေအေးခိုင်းသည်။ သက် ဆိုင်ရာရဲစခန်းမှ ထိန်းချုပ်ထားသော် လည်း စီရင်ချက်တော့ မချမှတ်ရသေး။ မဝေဝေကတော့ သမီးအတွက် အစိုးရဆေးရုံမှပေးလာမည့် သက်သေခံ ဆေးစာ။ ဤဆေးစာကိုသာ မျှော်လင့်တကြီး စောင့်မျှော်နေဆဲဖြစ် သည်။
”ငွေမယူဘူး။ တရားစွဲမယ်။ အဲဒီ လူကို အပြစ်ဒဏ်ကြီးကြီးမားမား ပေး စေချင်တယ်” မိခင်တစ်ယောက်၏ ရင်တွင်း ခံစားချက်ကို မျက်ရည်များနှင့်ရောပြွန်း ၍ မဝေဝေတစ်ယောက်အပြင်သို့ ထုတ် ဖော်ပြောလိုက်ပြီး လက်ခုံနှင့် မျက်ရည် တချို့ကို သုတ်ပစ်လိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ကလေး သူငယ်များ အဓမ္မပြုကျင့်ခံရမှုများအား မိမိတို့ဆီသို့ လာရောက် အမှုဖွင့်တိုင် တန်းမှသာလျှင် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလာ သည့် ပြစ်မှုများအတွက်ကိုမူ ထိရောက်သည့်ပြစ် ဒဏ်ပေးနိုင်ရန် ညွှန်ကြားထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ဆိုသည်။ ”ဒီလိုအမှုတွေအတွက် မြို့နယ်ရုံး ကိုတောင်မဟုတ်ဘဲ ခရိုင်တရားရုံးကို တိုက်ရိုက်တန်းပြီး စွဲချက်တင်ပါတယ်”ဟု ရဲမှူးမြင့်ထွေးက ပြစ်ဒဏ်ေ ပးနိုင်ရန် ဆောင်ရွက်နေပုံကို ရှင်းပြသည်။


ဥပဒေအရတရားစီရင်ရာတွင် ပြစ် မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၇၆ (အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း) သာမက ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းထား သည့် ကလေးသူငယ် ဥပဒေပါ ၆၆(က)၊ ၆၅(က) တို့ဖြင့်ပါ ပူးတွဲအရေးယူမှုပြု ကြောင်း သိရသည်။ ကလေးသူငယ်ဥပဒေ၌၆၅(က) တွင် ကလေး သူငယ်အား အသက်ဘေး အန္တရာယ် ဖြစ်စေနိုင်သော ရောဂါဝေဒ နာများ စွဲကပ်စေနိုင်သော (သို့မဟုတ်) အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သော အလုပ်ကိုစေခိုင်းခြင်း (သို့မဟုတ်) လုပ် ကိုင်ခွင့်ပြုခြင်းအတွက် ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ် ၁ဝဝဝ ကျပ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၆၆ (က)တွင်မူ ကလေးငယ်အား လိင်လုပ် သားအဖြစ် ဆောင်ရွက်စေပါက ထောင် ဒဏ် ၂ နှစ်၊ ပြစ်ဒဏ်ငွေ ကျပ် ၁ဝဝဝဝ ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ကလေးသူငယ်ဥပဒေအခန်း ၁၇ ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်း၌ ပြ ဋ္ဌာန်းထားသည်။


အသက်မပြည့်သည့် ကလေးငယ် တစ်ဦးအပေါ် တမင်ရည်ရွယ်ကြံစည်၍ အဓမ္မပြုကျင့်ခြင်းသည် မုဒိမ်းမှုမြောက် ပြီး ၄င်းသည်ကြီးလေး သည့်ပြစ် မှုကြီး တစ်ခုသာ ဖြစ်သည်။ယင်းအတွက် သာ မန်အမှုများကဲ့သို့ခွင့်လွှတ်၍ လုံးဝမ ထိုက်သင့်သည့်အမှုသာ ဖြစ်ကြောင်း ဥပဒေပညာရှင်တို့က သုံးသပ်သည်။ ပြစ်ဒဏ်များချမှတ်ရာတွင် အမြင့် ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ် သက်တစ်ကျွန်းအထိချမှတ်နိုင်ကြောင်း ဦးငိုင်ဆာ့ခ်ကဆို သည်။
သို့သော် အဓမ္မ မှုတိုင်းတော့ တစ်သက်တစ်ကျွန်းမဟုတ် ကြပေ။ ဇနီးမယားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ခွင့်မပြုသေးသည့် အချိန်တွင်ကျူးလွန်ခြင်း၊ ခြိမ်းခြောက် သဘောတူစေခြင်းနှင့် ယောက်ျားထင် မှတ်၍ ပေါင်းသင်းမိခြင်းတို့ အတွက်မူ တရားသူကြီးက တွေ့ရှိချက်အတိုင်းပြစ် ဒဏ်ချမှတ်သည်ဟု သိရသည်။ ပြစ်ဒဏ်တို့ကား တရားခံတို့ အ တွက် ကြီးကြီးမားမားအသင့်ရှိနေသည်။ သို့သော် မကောင်းမှု ကျူးလွန်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဥပဒေဘောင် အပြင်က လက်တစ် လုံးခြားကစားနေကြ တုန်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူက ကလေးငယ်မိသားစု၏ပျော့ကွက်၊ ဟာ ကွက်ကို နင်း၍ အမှုကိုမတိုင်တန်းစေရန် အမျိုးမျိုးကြိုးစားမည် သို့မဟုတ် ခြိမ်း ခြောက်ပြောဆိုဦးမည်။


တစ်ခါတစ်ရံ ပတ်ဝန်းကျင်အကူအညီတချို့ဖြင့် မြေ နိမ့်ရာ လှံစိုက်ပစ်တတ်သည်။ ကလေးသူငယ်များအပေါ်၌ ရွေး ချယ်၍ အဓမ္မပြုကျင့်သူ အများစုသည် ကလေးငယ်များ၏ ရိုးသားမှုအပေါ် မူတည်၍ စည်းရုံးသိမ်းသွင်းကြခြင်းဖြစ် သည်။စည်းရုံးရာတွင်လည်း လွယ်ကူမှုရှိ ကြောင်း တွေ့ရှိရသည်။ မြောက်ဥက္ကလာမှ မဝေဝေက ”သမီးလေးကို မုန့်ကျွေးမယ် ဦးဦးနဲ့ လိုက်ခဲ့ဆြို ပီးခေါ်သွားရင်းက အဲဒီလို လုပ်တာ။ကျွန်မတို့မရှိတုန်း။ ပြန်ရောက် တော့ ကလေးက သွေးတွေဆင်းနေပြီ”ဟု သမီးအားအဓမ္မပြု ကျင့်မှုခေါ်ယူ သွားခဲ့ပုံကို ပြန်ပြောင်းပြောသည်။
ကလေးသူငယ်များကား အသက် အရွယ် ငယ်လွန်းလှသည်မို့ အစား၊ ကစား၊ ခုံမင်ကြသည်။ အဆော့မက်ကြ သည်။ အယုံကြည်လည်း လွယ်တတ် ကြ သည်။ ကလေးအား မုန့်ဝယ်ကျွေးမည် လိုက်ခဲ့ဟုဆိုရုံဖြင့် ကလေးကမငြင်း တော့။ သူ့အတွက်မုန့်စားရန်အသိတစ် ခုဖြင့် ရိုးသားစွာလိုက်လာေ သ်ာလည်း အခွင့်ကောင်းယူ၍ အဓမ္မကျူးလွန်စော် ကားသည်။ကလေးက မိမိလုံခြုံရေး အတွက် မည်ကဲ့သို့ကာကွယ်ရမည်ကို သိထား သည်မဟုတ်။ ထိုအခြေအနေကလည်း ပစ်မှတ်ထား ကျူးလွန်သူတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်စေသည်။ ကလေးငယ်များအပေါ် အဓမ္မ ကျူးလွန်ခြင်း (သို့မဟုတ်) မုဒိမ်းမှုကျူး လွန်ခြင်းသည်ဒေါသအလျောက် တစ် ခဏဆောင်ရွက်ကျူးလွန်မိခြင်း မဟုတ်။ ပင်ကိုယ်ဗီဇ၊ မျိုးရိုး၊ စရိုက်၊ အကျင့်တို့ အပေါ်၌သာ မူတည်နေသည်။”မုဒိမ်းမှုတော်တော်များများမှာ တော့ ကလေးကတရားခံကို ပြောနိုင် တယ်။ အဲဒီကနေတရားခံကို ခြေရာခံ လိုက်တယ်။ ဒါပေမဲ့ ရဲက ကြိုတင်ထိန်း ချုပ်မှုလုပ်နိုင်ဖို့ဆိုတာတော့ ခက်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်တစ်ဦးက ဆိုသည်။
ကလေးသူငယ် အဓမ္မပြုကျင့်ခံ ရမှု လျော့နည်းလာစေရေး အတွက် တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်ပေါင်း ၄၄မြို့နယ်အတွက် ပညာ ပေးလုပ်ငန်းများအား စီမံချက်ချ၍ ဖော် ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။မိဘများအနေဖြင့်မိမိ၏ သားသမီး ငယ်အားတစ်ဦးတည်း လွှတ်ထားတတ် ခြင်း၊ လယ်၊ တောနှင့် အခြားနေရာတစ်ခု သို့ တစ်ဦးတည်း စေလွှတ်ခြင်းများကို အတတ်နိုင် ဆုံး ရှောင်ကြဉ် သင့်သည်။ ထို့အပြင် အသိ၊ မိတ်ဆွေနှင့် မိမိကြည် ညိုရသည့်လူပုဂ္ဂိုလ်ဆိုလျှင်တောင်မိမိ ကလေးငယ်ဖြင့် နှစ်ဦးတည်းမထားသင့် ကြောင်း၊ စိတ်မချသင့်ကြောင်း ကလေး သူငယ်များလိင်အလွဲသုံးစားမှု မပြုခံရ စေရန် ဒေါက်တာတင့်ဆွေက အကြံပြု သည်။


ကလေးသူငယ်များ အဓမ္မကျူး လွန်ခံရမှုမှာ ၂ဝဝ၉ ခုနှစ်တွင်း လေ့ လာဆန်းစစ်မှုအရ အာရှတိုက်၌ ၂၃ ဒသမ ၉ ရာခိုင်နှုန်းရှိနေပြီး အမေရိ ကနှင့်ဥရောပထက်သာလွန်နေ သည်။ မိန်းကလေးများက ၁၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး ယောက်ျားလေး ၇ ဒသမ ၉ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိ ရသည်။ မြန်မာနိုင်ငံတွင်း၌ ကလေးအပေါ် အဓမ္မကျူးလွန်မှုတိုင်း တရားခွင်ရှေ့ သို့ရောက်ရှိနေခြင်းတော့ မဟုတ်။ ခြိမ်း ခြောက်မှုတစ်စုံတစ်ရာရှိ၍ အမှန်ကို မမြင်ရခြင်းလော၊ သို့တည်းမဟုတ် ဖိ အားပေးမှုကြောင့် အမှန်တရားနစ်မြုပ် ပျောက်ကွယ်နေခြင်းလော။
ယင်းအတွက် ”ကူညီပါရစေ” ဆိုသည့်ဆိုင်းဘုတ်အောက် အဓမ္မမှု တိုင်းရောက်မလာနိုင်ခြင်းလည်း ဖြစ်ပေ လိမ့်မည်။”ဒီကိစ္စမျိုးက အရှက်အကြော က် မရှိဘဲတိုင်ကိုတိုင်ရမယ်။မတိုင်ရင် ကလေး က အခါခါခံရမယ်။ ဒါက, ကလေးဆိုး လို့ဖြစ်တာမှမဟုတ်တာ”ဟု ကလေးငယ် အပေါ် အဓမ္မကျူး လွန်ခံရမှုနှင့် စပ် လျဉ်း၍ ရှေ့နေဦးငိုင်ဆာ့ခ်က ပြောဆို လိုက်ခြင်းဖြစ်သည်။အဓမ္မကျူးလွန်သူ တစ်ဦးအား တိုင်တန်းခြင်းမပြု၍ ယင်းထောင်မှ လွတ်လပ်သွားခြင်းသည် နောက်ထပ် ကလေးသူငယ်များအပေါ်သို့ ဆက် လက် ကျူးလွန်နေဦးမည်ကတော့ သေချာကြောင်း ရှေ့နေအတွေ့အကြုံ အရပြောပြသည်။
ထိုကဲ့သို့ အဓမ္မမှုများသည် မြို့ လယ်နေရာများတွင် ဖြစ်ပွားမှုရှိသော် လည်း နည်းပါးပြီးဆင်ခြေဖုံးရပ်ကွက် များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ တောင်ဒဂုံ၊ ဒလစသည် တို့တွင်တော့ လအလိုက်နှစ်အလိုက် ဖြစ်ပွားနေကြ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှု မှတ်တမ်းများအရ သိရ သည်။သို့သော်သာမန်အလယ် အလတ် တန်းစားလူများတွင် အဓမ္မကျူးလွန်ခံ ရပါက ရုံးရှေ့သို့မကြောက်မရွံ့လာ ရောက်တိုင်တန်းတတ်ကြသည်။ ၄င်း တို့၌ ပညာရည်အဆင့်အတန်း အားဖြင့် တတ်သိနားလည်ကြပြီး ငွေကြေးဖြင့် ကျေအေးပါကလည်း မိမိသားသမီးအ ပေါ် လိင်အလွဲသုံးစားပြု မှုအား ကိုယ် တိုင်ပါဝင်သွားနိုင်မည်ကို သိရှိထားခြင်း တို့ကြောင့် ထိုသူများကတော့ တိုင် တန်းမှုပြုရဲကြသည်ဟု ဥပဒေမှတ်တမ်း ပြုစုရာ မှ တွေ့ရှိသည့်အချက်အလက်ကို ဦးငိုင်ဆာ့ခ်ပြောပြခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမှ မဝေဝေက သမီးအတွက်ပရိဒေဝမီးတောက်လောင် ၍ ဘာလုပ်ဘာကိုင်ရမှန်း မသိချိန်က လေးခေါ်၍ မြောက်ဥက္ကလာဆေး ရုံသို့ သွားခဲ့သော်လည်း တွေ့ကြုံလိုက်ရသည် က ”တာဝန်ကျတဲ့ဆရာဝန်မက ဘာမှမ ဖြစ်ဘူး ပြန်တော့တဲ့။သမီးကိုခေါ်ပြီး ပြန်လာတော့ သမီးကေ သွးတွေတအား ထပ်ဆင်းလာတယ်”ဟု ပြောရင်း မဝေ ဝေ၏အသံကတိမ်ဝင်သွားပြီး ခဏတာ နစ်မြုပ်သွားသည်။ မျက်ရည်စက်များက ပါးပြင်ပေါ် သို့ တစ်လှိမ့်ပြီးတစ်လှိမ့်ဆင်း လာရင်း။ ”ရပ်ကွက်ထဲတစ်ခါပြန်ပြီး လူ ကြီးတွေကို အကူအညီပြန်တောင်းရ တယ်။
စခန်းမှာ အမှုတွေဘာတွေ ဖွင့်ပြီးတော့ ညကျမှဆေးရုံပြန်သွားရ တယ်” ဆေးရုံသို့သွားရာ ပထမအ ကြိမ်၌ သမီးငယ်လေးအား စစ်ဆေးပေးမှုမ လုပ်ခဲ့ကြောင်း မည်သို့မျှနားမလည် ကြောင်း မဝေဝေက ရိုးရိုးသား သားပင် ပြောသည်။ လက်ရှိတွင်တော့ ကလေး အားလိုအပ်သည့် ဆေးကုသမှုများပေး ထားပြီး ပြန်လည်ပြသရန်ရက်လည်း ချိန်းထားသည်ဟု သိရသည်။

အဓမ္မကျူးလွန်မှုသည်ရဲအရေး ပိုင်သည့်အမှုဖြစ်ပြီး ယင်းအတွက် ကျူးလွန်ခံရသည်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရမည်။ သို့သော် ခြွင်းချက် အနေဖြင့် အခြေအနေတစ် စုံတစ်ခုကြောင့် ရဲစခန်းသို့မသွား ရောက်ဘဲ ဆေးရုံသို့တိုက်ရိုက်သွားလျှင်လည်းဆေးရုံရှိဆေးစာဌာနမှ မှတ် တမ်း တင်ပြီး စခန်းသို့ပေးပို့ အမှုဖွင့် နိုင်ကြောင်း၊ ယင်းအတွက် ရဲစခန်းမှ တာဝန်ကျရဲအရာရှိမှ ဆေးရုံသို့ လာ ရောက်၍ အမှုဖွင့်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ရှင်း ပြသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေး ငယ်တိုင်း မိန်းမကိုယ်၌ ထိုးသွင်းဒဏ် ရာဒဏ်ချက်များ ရှိနေမည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံလိုက် ရ သော်လည်း ဆေးဝါးအချိန်မီ ကုသနိုင် ပါက အသက်အန္တရာယ် မထိခိုက်နိုင်။ သို့သော် ကလေး၏ နုနယ်သည့်စိတ် ၌ ဒဏ်ရာကြီးကြီးမားမား ကျန်ရှိနေတတ် သည်။ ကျူးလွန်သူ၏ စိတ်ဆန္ဒတစ်ခဏ ကျေနပ်မှု အတွက် ကလေးငယ်တစ် ယောက်၏ တစ်ဘဝစာ အနာဂတ်ကို ကြီးမားသော ထိုးနှက်ချက်များနှင့် ပေး ဆပ်လိုက်ရခြင်း ဖြစ်သည်။

အိပ်မက် ဆိုးများ မက်ခြင်း။ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးအား ကြောက်လန့်နေတ တ် ခြင်း ၊ ဖြစ်ပျက်ခဲ့ရမှုအပေါ် ရင်မဆိုင် နိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဝင် ရောက်လာနိုင်ကြောင်း စိတ်ကျန်းမာ ရေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက် တာ ဆွေဆွေဝင်းက မှတ်ချက်ပြု ပြော သည်။ ”သူတို့လေးတွေအတွက် စိတ်ပိုင်း ဆိုင်ရာအရမ်းကြီးထိခိုက်သွားပြီ။ ဒီဟာ က သူတို့ဘဝမှာ အမည်းစက်တစ်ခု ဖြစ်သွားတယ်”ဟု ပါမောက္ခက ကလေး များက ကလေးများ၏ စိတ်ခံစားနိုင်ရ မှုအပေါ် ဆွေးနွေးပြောကြားသည်။
ကလေးများအတွက် ပြန်လည် ကုသပေးရာတွင် ခန္ဓာကိုယ်သာ မက စိတ်ပိုင်းဆိုင်ရာကိုပါ အဓိကထား ကု သပေးသင့်သည်။ ခန္ဓာကိုယ်ကျန်းမာ ရေးကား ပြန်လည်ကုသရန် လွယ်သော် လည်း စိတ်ကျန်းမာရေး ကား မည်သို့ ရှိနေသည်ကိုပင်မသိ။မှန်းဆရန်ခက် သည်။ ခန္ဓာကိုယ် ပြန်လည်ကုသရေး တွင်လည်း သာမန် စုတ်ပြဲဒဏ်ရာဒဏ် ချက်အတွက်တော့ ကုသရန် လွယ်ကူ သည်။ သွေးလိုအပ်မှုများအတွက်လည်း ပြဿနာတော့ မရှိလှ။
သို့သော် ပိုးဝင်ရောက်ခံရခြင်း သို့မဟုတ် သား အိမ်ခေါင်း ကင်ဆာဖြစ်ရင် ဗိုင်းရပ်စ် တစ်မျိုးကူးစက်ခံရခြင်းဖြစ်ပါက ကလေး အတွက် ထိခိုက်နစ်နာမှုများစွာ ရှိ လာလိမ့်မည်ဟု သားဖွားနှင့် မီးယပ် အထူးကုဆရာဝန် ဒေါက်တာစိုးလွင်က မှတ်ချက်ပေးသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေး ရုံအုပ်ကြီး ဒေါက်တာကျော် ကျော်က ၄င်းတို့ အစိုးရဆေးရုံများအနေဖြင့် အဓမ္မမှုများအပါအဝင် ရဲမှူးခင်းဆိုင်ရာ အမှုအခင်းများအတွက် ရဲစခန်း၏ ကနဦး အစီရင်ခံစာ (First Information Report) (FIR)အား အရင်ဆုံးလက်ခံ ရယူရသည်ဟု ဆိုသည်။

အကယ်၍ ယင်းအစီရင်ခံစာပုံ စံမရောက်လာသေး သည့် အခါများတွင်လည်း ဆေးရုံမှ မှတ်တမ်းကောင်းစွာ မှတ်သားထားရပြီး ရဲဆေးစာ တွင်ြ ပန်လည်ဖြည့်စွက်ပေးရ သည်။ လူနာ၏ အရေးပေါ်လိုအပ်ချက် အပေါ်မူတည်၍ ဆေးဝါးကုသမှုဆောင် ရွက်ကြောင်း ပြောသည်။”ဆေးရုံကြီး အချို့မှာ သက် ဆိုင်ရာရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး တွဲဖက်ထားရှိပေးပါတယ်။ ဆေးရုံ တိုင်းတော့မဟုတ်ဘူး”ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီးက ဆိုသည်။မလုံး၏ သမီးငယ်လေး အမှုနှင့် မဝေဝေ၏ သမီးငယ်လေး၏ အမှုတို့တွင် ကလေး နှစ်ဦးစလုံးကား သက်တူရွယ်တူနီးပါး။ ပြစ်မှုကျူးလွန် သူများကလည်း ငွေပေး ကျေအေးမှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်ကြပြီး အပြစ်လျော့မည့် နည်း လမ်းပေါင်းစုံ အသုံးပြုနေကြခြင်း ဖြစ် သည်။ ”ဘဘက အသက်လည်းကြီးပြီ။ ပန်းလည်းသေနေတယ်တဲ့။ နင်တို့ ကလေး ဘာမှမဖြစ်ပါဘူးဆိုပြီး ပထမ ဆုံး ငွေလာပေးတုန်းက ပြောသွားတာ။
ကျွန်မဖြင့် အသည်းတွေယားပြီး အသား တွေတောင်တုန်တယ်”ဟု မလုံးနှင့် အိမ် ချင်း ကပ်ရက်ဖြစ်သူ စစ်သူနာပြု တက္ကသိုလ်တက်ရောက်ခဲ့ဖူး သည့် ဒေါ် မိမိကြီးက ၄င်းကြားခဲ့ရပုံကို ပြောပြခဲ့ ခြင်းပင်။ အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် ကွဲ ပြားနေသည်က မိခင်များ၏ ယုံကြည် ချက်။ မဝေဝေ ကတော့ ပြတ်ပြတ်သား သား ဆုံးဖြတ်ပြီးသူမို့ အမှုဖွင့်ထားပြီး ဖြစ်သောလည်း မလုံးက ဝေခွဲမရသေး။ ပိုက်ဆံ ရယူထားရ၍ အပြီးတိုင် ကျေအေး လိုက်နိုင်ပြီဟုလည်းမဆိုနိုင်။

မိခင်တစ်ယောက်၏ စိတ်ဓာတ်နှင့် စခန်းသွား၍ အမှုဖွင့်မည် ဆိုပြန်တော့ လည်း မလုံး၏ယောက်ျား၊ ကလေး၏ ပထွေးကလည်းအမှု မဖွင့်စေချင်တော့။ တစ်ဖက်က ချုပ်ဆိုပေးထားလိုက်ရသည့် စာချုပ်ရှိနေသးသည်။ တိုင်တန်းမှု ကြောင့် ပြဿနာတစ် စုံတစ် ရာ ထပ်ဖြစ် မှာလည်း မလိုလား။ ရှပ်အင်္ကျီအနီကွက် နွမ်းနွမ်း၏ လက်အင်္ကျီစဖြင့် မျက်ရည်ကို သုတ် လိုက်ကာ သမီးငယ်လေးဘက်သို့ လှည့် ကြည့်ရင်း မလုံးက ”တိုင်လို့ရမယ်ဆို ရင်တော့ တိုင်ချင်သေးတယ်။ ဒီကလေး အနာဂတ်အတွက်ပါ” ဟု ဆို့နင့်သော အသံဖြင့်တိုးတိတ်စွာပြောပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...