Wednesday, July 30, 2014

ပင်လယ်မြို့ပြ ဗီစီဒီကိုအောက်တိုဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီဆိုတဲ့ အဆိုတော်ဇော်ပိုင်





ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့ရာမှာ အခုဆိုရင် ၁၆နှစ်တာကာလရှိပြီဖြစ်ပြီး ယခုချိန်ထိ ပရိသတ် အားပေးမှုရနေတဲ့၊ အောင်မြင်နေဆဲဖြစ်တဲ့ အဆိုတော်ဇော်ပိုင်ကို လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့ အတူပင်လယ်မြို့ပြအခွေအကြောင်း မေးဖြစ်ခဲ့တာကတော့

လတ်တလောအနုပညာလှုပ်ရှားမှုပြောပြပေးပါ။

လတ်တလောမှာတော့ အစ်ကို့ရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက် လုပ်နေတယ်။ ဒီဇင်ဘာလောက်မှာ ထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ အစ်ကို့ရဲ့ပင်လယ်မြို့ပြ ဗီစီဒီကို အောက်တိုဘာမှာ ထွက်ဖြစ်ဖို့ ပြင်ဆင်နေပါတယ်။

ပင်လယ်မြို့ပြအခွေထဲက မျက်ဝန်းညိုသီချင်းက ပရိသတ်တွေ ကြိုက်နှစ်သက်ကြတာ ကိုတွေ့ရတယ် ဆိုတော့ အဲဒီ့သီချင်းရဲ့ဖန်တီးရေးစပ်ဖြစ်ပုံလေးပြောပြပေးပါလား။

သံစဉ်ကတော့ အစ်ကို ဖန်တီးထားတာပေါ့။ စာသားက ကိုဇဝါ ရှာထားတာဆိုတော့ အစ်ကို တို့ နှစ်ယောက်ပေါင်းပြီး ရေးထားတဲ့သီချင်းတစ်ပုဒ်ပါ။

မျက်ဝန်းညိုသီချင်းနဲ့ပတ်သက်ပြီး ဘယ်လိုပုံဖော်ရိုက်ကူးဖို့စဉ်းစားထားလဲ။

ဒီသီချင်းက နည်းနည်းရော့ခ်ဆန်တော့ အစ်ကိုစဉ်းစားထားတာ တစ်ခုကသီချင်းတွေ အားလုံးရိုက်ပြီးပြီဆိုမှ နောက်ဆုံးမှ ရိုက်ဖို့စဉ်းစားထားတယ်။ ကိုယ့်ရဲ့အနုပညာရှင် သူငယ်ချင်းတွေ နဲ့ပဲ ရိုက်မယ်လို့စိတ်ကူးတားပါတယ်။

ဆင်ဆာတွေလည်း လွတ်လပ်သွားပြီဆိုတော့ အဲဒီ့အပေါ်မှာဘယ်လိုအသုံးချသွားဖို့ရှိလဲ။

ဆင်ဆာလွတ်လပ်တယ်ဆိုတိုင်း အခွင့်အကောင်းယူပြီးတော့ လုပ်သွားမှာတော့ မဟုတ်ဘူးပေါ့။ သီချင်းပုံစံနဲ့ လိုက်ပြီး ကလေး၊လူကြီးမရွေးကြည့်လို့ ရနိုင်အောင် ပဲရိုက်သွားမှာပါ။

အခုနောက်ထပ်တစ်ကိုယ်တော် အခွေဖန်တီးနေပြီဆိုတော့ဘယ်လိုမြူးဇစ်အမျိုးအစားတွေ ပါဝင်ဖို့ရှိမလဲ။

အစ်ကိုဆိုနေကျ ပုံစံဖြစ်တဲ့ပေါ့ပ်နဲ့ကန်းထရီး ပုံစံမျိုးတွေပါမယ်။ သီချင်းပုံစံက ဒီဘက်ပုံစံ အကူးအပြောင်း လုပ်ထားတာမျိုးလည်းပါမယ်။

ကိုဇော်ပိုင်အနေနဲ့ကြားထဲမှာ ပရိသတ် တွေနဲ့အလှမ်းဝေးနေသူဆိုတော့ပြန်ပြီးတော့ ဘယ်လိုထိတွေ့ဖို့ ရှိမလဲ။

အစ်ကို့အနေနဲ့တော့ ဘယ်လိုမှတော့ မခံစားရပါဘူး။ အစ်ကိုတို့က ပွဲတွေရှိရင်ရှိသလို ဆိုနေဖြစ်တာပါပဲ။ ပရိသတ်နဲ့ ချိတ်ဆက်ဖို့ဆိုတာက မီဒီယာတော့ လိုတာပေါ့နော်။ အစ်ကိုတို့ဘက် က ဖျော်ဖြေ ပွဲတွေ၊ နောက်ထပ် အနုပညာလှုပ်ရှားမှုအသစ်တွေလုပ်ဖြစ်နေရင် မီဒီယာတွေကနေတစ်ဆင့် ပရိ သတ်တွေ သိ ခွင့်ရမှာပဲလေ။ အစ်ကိုဖြတ်သန်းလာခဲ့တဲ့ အနုပညာ၁၆နှစ်သက်တမ်းမှာ ဒီလိုဖြစ်နေကျ ဆိုတော့ ဘာမှတော့ မဖြစ်တော့ပါဘူး။

အခုဆိုရင်ဂီတလမ်းကြောင်းမှာ မြူးဇစ်အသစ်တွေထွက်ပေါ်လာပြီဆိုတော့ လက်ရှိအောင်မြင် တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ဘယ်လိုခံစားမိလဲ။

မြူးဇစ်ဆိုတာကတော့ သက်သက်အသစ်ဆိုပြီးပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်း အရ ပြန်ပြီးတော့ အသစ်ပုံစံမျိုးပေါ်လာတာပါပဲ။ တစ်မျိုးတစ်စားဆိုပြီး ထွက်ပေါ်လာတဲ့ ဂီတအမျိုးအစားပုံစံ မျိုးတော့ မရှိသေးပါဘူး။ ဥပမာပြောရရင် ELECTRO ပဲထား။ Elerctro ဆိုတာ Techno ကလာတာ။ ဆင့်ကဲဆင့်ကဲဖြစ်လာတာမျိုးပဲရှိတာကိုး။ အစ်ကိုတို့ရဲ့ သီချင်းတွေကလည်း Update တော့ဖြစ်နေတာ ပါပဲ။ နောက်ပိုင်းပေါ်လာတဲ့လူငယ်တွေ ကလည်း အရင်က ရှိခဲ့တဲ့ပေါ့ကို Electro လေးတွေပေါင်းပြီး အမျိုးမျိုuးpdate လုပ်လာတာတွေ့ရတော့ ကျေနပ်တယ်။ ကြိုက်တယ်။

ပင်လယ်မြို့ပြအခွေက ပရိသတ်တွေကြားမှာ ထင်သလောက်မပေါက်မြောက် ခဲ့ဘူးလို့ပြောလို့ ရတယ် ဆိုတော့ ။

ပင်လယ်မြို့ပြကို အစ်ကို့ကို တစ်ကယ်ချစ်တဲ့အားပေးကြတဲ့ မြူးဇစ်ကိုချစ်တဲ့ ပရိသတ်တွေအတွက် ဆိုပြီး ရည်ရွယ်ခဲ့တာပါ။ အခုနောက်တစ်ခွေအတွက်ကို တော့ အကောင်းဆုံးဖြစ်ဖို့ကြိုးစားနေပါတယ်။

လက်ရှိမိသားစု အခြေအနေလေး ပြောပြပေးပါဦး။

လက်ရှိမိသားစု အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။

နောက်ထပ်ကလေး ယူဖို့ အစီအစဉ်ရှိမရှိသိပါရစေ။

ကလေးကတော့ ရရင်ယူဖို့ရှိပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...