Wednesday, July 30, 2014

ဖြတ်၊ဖောက်၊ချုပ်




လောကကြီးကတော့ အတော့်ကို ဆန်းကြယ်လှပါတယ်။ခေတ်သစ် ဆေးပညာတိုးတက်လာမှု့နဲ့အတူ လိင် ပြောင်းလဲမှု့ဆိုင်ရာ ဆေးပညာရပ်တွေလည်း တိုးတက်လာခဲ့တယ်။ ဟိုရက်ကတောင် နေပြည်တော် မှာဒွိလိင်ခလေးငယ်တစ်ယောက်မွေးဖွာတယ်လို့ ဖတ်လိုက်ရသေးတယ်။ ဒီနေ့ အင်တာနက်မှာဖတ်လိုက် ရတဲ့ သတင်းလေးကတော့် အတော်လေးထူးဆန်းတယ်။ဒါကတော့ ရခဲလှတဲ့လူ့ဘ၀မှာ ဒွလိင်အဖြစ် နဲ့ မွေးဖွားလာတဲ့ တရုတ်နိုင်ငံက ၀ီလိုဆိုတဲ့လူတစ်ယောက်အကြောင်းပါ။ သူဟာ မွေးဖွားလာတော့ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။ လူအသိုင်းအ၀ိုင်းမှာယောကျာ်းလေး၊ မိန်းခလေးဆိုတဲ့ သတ်မှတ် ချက်တွေကြားထဲမှာ သူဟာ ပျောက်ဆုံးခဲ့ရတယ်။ သူ့ကိုယ်သူ ကျားလား၊ မလားခွဲလို့မရတဲ့ ဘ၀မှာ သူဟာရုန်းကန်ခဲ့ရတယ်။



ဒီလိုနဲ့ သူဟာ နောက်ဆုံးမှာ ယောက်ျားလေးဘ၀ကိုခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ ခွဲစိတ်ဖို့ပါ။ သူ့တစ်သက်တာမှာ ကျား၊ မမခွဲခြားနိုင်တဲ့ လူအဖြစ်နာကျင်ခံစားတွေရတဲ့ နေ့ရက်တွေကို ခွဲစိတ်ခန်း ထဲမှာ နာရီပေါင်းအနည်းငယ်အတွင်း နာကျင်ခံစားရမယ့်ဝေဒနာနဲ့ လဲလှယ်ခဲ့တာပါ။ သူ ၁၀နှစ်အသက် အရွယ်မှာယောက်ျားလေးအဖြစ် ရွေးချယ်ပြီးတော့ ခွဲစိတ်ခံခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူဟာ ယောက်ျားလေးတစ်ယောက်အဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။ ၆ နှစ်ကြာ လက်တွဲခဲ့တဲ့ သူ့ချစ်သူနဲ့လဲ ဘယ်လိုမှယောက်ျားလေးတစ်ယောက်လို ပြုမူနေထိုင်လို့ မရပါဘူး။ နောက်ဆုံးမှာတော့ သူဟာမိန်း ကလေး တစ်ယောက်လိုပဲ နေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။



 
ခွဲစိတ်ခံဖို့ စောင့်စိုင်းနေတဲ့ "သူ..."

ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ဖြတ်သန်းခဲ့အပြီးမှာတော့သူဟာ ယောက်ျားလေး ဘ၀ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ခုတော့သူဟာ သူမအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ မနက်စောစောထပြီး မှန်ရှေ့မှာ မျက်ခုံးမွှေးဆွဲ တတ်လို့၊မိတ်ကပ်ပြင်ဆင်ပြီး မိန်းကလေးတစ်ယောက်အသွင် နေတတ်နေပါပြီ။

ပြီးခဲ့တဲ့ ၁၀နှစ်တုန်းက ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့သူ့မွေးစားမိဘတွေ အိမ်ကနေ အလုပ်လုပ်ဖို့ ခွဲခွာလာခဲ့တဲ့ ၀ီလိုဟာ နောက်ထပ် ၁၀နှစ်အကြာမှာမိန်းကလေးတစ်ယောက်အဖြစ်နဲ့ သူ့မွေးစားမိဘတွေ အိမ်ကို ပြန်သွားခဲ့ပါတယ်။ ၀ီလိုကို သူ့မွေးစားမိဘတွေက မျက်ရည်လည်ရွဲနဲ့ ဆီးကြိုပွေ့ဖက်ခဲ့ကြပါ တယ်။

ခွဲစိတ် ဆရာဝန်နှင့် တိုင်ပင်နေစဉ်...



“ကျွန်မ အတွက် အသင့်တော်ဆုံးဟာ မိန်းကလေးဘ၀ကိုခံယူဖို့လို့ ကျွန်တော် နားလည်လိုက်ပါပြီ” လို့ ၀ီလိုက ပြောသွားပါတယ်။ ဒါပေမယ့် ၀ီလိုဟာတော့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာဗေဒဆိုင်ရာခံစားမှု့ အပြည့်အ၀ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်ဝီလိုကတော့ ဒါကိုလက်ခံပြီးတော့ “ပြောင်းလဲမှု့တိုင်း အတွက်ေ ပးဆပ်မှု့တစ်ခုတော့်ရှိမယ်လို့ကျွန်မလက်ခံပါတယ်။ ကျွန်မဘ၀ကိုကျွန်မလက်ခံနိုင်ခံနိုင်အောင် ကြိုးစားမှ ပါ။ ဒါကိုလည်းကျွန်မရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထူး သဖြင့် ဒီနေ့ကစပြီးတော့ကျွန်မကို မိန်းကလေးတစ်ယောက်လိုသဘောထားပေးကြဖို့ပေါ့”လို့ ပြောသွား ပါတယ်။


ထိုင်းနိုင်ငံမှာတော့ ဘုရားဆုပန် မင်းယောက်ျားအမှန်စင်စစ် ကနေပြီးတော့မိန်းမ အသွင်ပြောင်း တဲ့ ဖြတ်၊ ဖောက်၊ ချုပ် ကိစ္စတွေဟာ အတော်လေး ခောတ်စားတာ။ ကျွန်တော့်အနေနဲ့ ဒါတွေကို အားမပေး လှပါဘူး။ လူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် ရောင့်ရဲ တင်းတိမ်နိုင်ရင်တော့အကောင်းဆုံးပေါ့လေ။ သဘာဝလောကကြီးကို ဘယ်သူမှအန်တုလို့ ရတာမှမဟုတ်တာ။ ၀ီလိုလို လူမျိုးကတော့တစ်မျိုးပေါ့လေ၊ သူ့ဘ၀မှာ မိန်းမ မဟုတ်၊ ယောက်ျားမဟုတ် ဘ၀နဲ့ မွေးဖွားလာခဲ့ပြီးတော့သူဟာ ယောက်ျားဘ၀ရော၊ မိန်းမဘ၀ကိုပါ ပြောင်းလဲဖို့ ကြိုးစားခဲ့သူတစ်ယောက်လို့ပဲ မြင်မိပါတယ်။


 
ဆေးစစ်မှု့



ခွဲစိတ်ခန်းထဲက "သူ"...



ရင်သား ခွဲစိတ်မှု့ ပြင်ဆင်နေစဉ်...



လိင်ပြောင်းလဲမှု


မျက်နှာ ပလတ်စတစ် ဆာဂျရီ ခံယူနေစဉ်...



ဘ၀တစ်ခုမှာ ယောက်ျားလေးအဖြစ်နဲ့ရော၊ မိန်းကလေးအဖြစ်နဲ့ပါ နေထိုင်ခဲ့သူရဲ့ ခွဲစိတ်ပြီး...

 
ခွဲစိတ်မှု့ အားလုံးပြီးဆုံးသွားတော့ အနားယူနေတဲ့ ၀ီလို



ခုတော့ မိန်းကလေးအဖြစ်နဲ့ ဘ၀အသစ်ကို စတင်တော့ မတဲ့....

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...