Wednesday, September 4, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နေပြည်တော် သို့ ပြန် လည် ရောက် ရှိ

နေပြည်တော် စက်တင်ဘာ ၃
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် နန်နင်းမြို့ရှိ ခေတ္တ တည်းခိုသည့်  လိယွမ် ဧည့်ဂေဟာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ နန်နင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့  ဒေသ စံတော်ချိန် မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် ရောက်ရှိ သည်။
နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များအား တရုတ် ကွန်မြူနစ် ပါတီ ကွမ်ရှီး ပြည်သူ့ ကွန်ဂရက် ဒုတိယ ဥက္ကဋ္ဌ Mr. Qin Ruixiang နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် နန်နင်းမြို့ မြန်မာ ကောင် စစ်ဝန် ချုပ်ရုံးမှ ဝန်ထမ်းနှင့် မိသားစုများက နန်နင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့သည် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန် ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

Android Version 4.4 Kitkat မကြာမီလာမည်



==========================

Google ကထွက်ပေါ်လာတဲ့ သတင်းအရ Gsmarena.com ကဖော်ပြသွား
တာပါ။

ယခင်ကလည်း Android 5.0 Key Lime Pie ဆိုတဲ့သတင်း ထွက်ပေါ်ခဲ့
ပေမယ့် Google Nexus Generation အသစ်မှာ Android 4.3: Jelly Bean နဲ့မြင်တွေ့အပြီးမှာတော့ ငြိမ်သက်ခဲ့ပြန်ပါတယ်။

ယခုတစ်ဖန်မှာတော့ Android 5.0 Key Lime Pie ထက်နိမ့်တဲ့ Android 4.4: KitKat အမှန်တကယ်ထွက်ပေါ်လာနိုင်တယ်လို့ပြောဆိုနေကြပြန် ပါတယ်။ဒီသတင်းသာ တကယ်ဖြစ်ခဲ့မယ်ဆိုပါက မကြာမီ Google ကထုတ်တဲ့ စမတ်ဖုန်းတွေထဲမှာ Android V 4.4 Kitkat နဲ့မြင်တွေ့ရဖို့တော့ နီးစပ်နေပါပြီ။

အဆင့်ဆင့်ပြောင်းလည်း ခဲ့သည့် Android Version တွေကို ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။

Android 1.5: Cupcake

Android 1.6: Donut

Android 2.0: Eclair

Android 2.2: Froyo

Android 2.3: Gingerbread

Android 3.0: Honeycomb

Android 4.0: Ice Cream Sandwich

Android 4.1: Jelly Bean

Android 4.2: Jelly Bean

Android 4.3: Jelly Bean

Android 4.4: KitKat

Ref:GsmArena
Khun Nay(August Myanmar Media Group)

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ - အချစ်နဲ့ လိင်


အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။

ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။

တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။

ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက .... ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။

ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။

ဝါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။

အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။

တရုတ် အထပ်မြင့်တိုက်ခေါင်းမိုးပေါ်မှငှက်လှောင်အိမ်များကို အပြတ် ရှင်းမည်




Wednesday, September 4, 2013

တရုတ်နိုင်ငံ၌ အထပ်မြင့် အဆောက်အအုံများထိပ်၌ စတီး သံချောင်းကြီး
များဖြင့် အကွက် ဖော်ဆောက်လုပ်ထားသော'ငှက် လှောင်အိမ်'များအား ဖျက်သိမ်း ပေးရန် အမိန့်ထုတ်ထားပြီးဖြစ် ကြောင်း အစိုးရသတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးပေါ် ခေါင်မိုး ထိပ်မှ ဗိသုကာလက်ရာများမှာ တရုတ်နိုင်ငံ၏ အူကြောင်ကြောင် နိုင်သော လုပ်ရပ်တစ်ခုဟုဆိုသည်။

တောင်ပိုင်းမြို့တော် ဂွန်ကျိုမြို့ရှိ လေးထပ်အဆောက်အအုံထိပ်၌ ရစ်ပတ်တည်ဆောက်ကာ ချိတ် ကြီးတစ်ခုအား မိုးပေါ်ထောင်၍ အဆုံးသတ်ထားသည်။ နောက်ထပ် ၍ ကျောက်သားများဖြင့် နံရံ တည်ဆောက်ကြမည်ဖြစ်သည်။ ဘန်တန်ခရိုင် ဒေသဆိုင်ရာတာ ဝန်ရှိသူများက အဆိုပါခေါင်မိုး ထိပ်မှ အဆောက်အအုံများကို ဖျက်သိမ်းရန် အမိန့်ပေးထား ကြောင်း နန်ဖန်နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။

'အဆိုပါအဆောက်အအုံ များမှာ သုံးထပ်သာခွင့်ပြုထား ကြောင်း၊ အိမ်နီးနားချင်းများက အပေါ်မှ ကျောက်တုံးများပြိုကျ၍ ပိမိမည်ကို စိုးရိမ်နေကြကြောင်း' သတင်းစာကဖော်ပြသည်။

ငှက်လှောင်အိမ်မှာ တရုတ် ပြည်၌ လူကြိုက်များသော ဝါသနာ
တစ်ခုဖြစ်နေသည်။ အထူး သဖြင့် အသက်ကြီးပိုင်းပုဂ္ဂိုလ်များ အတွင်းဖြစ်ပေါ်နေသည့်ဝါသနာ ဟု သိရသည်။

Yangon Media Group

ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး



Wednesday, September 4, 2013

လွန်ခဲ့သည့်လက သမ္မတ ဘာရှားအယ်လ်အာဆတ်၏ သစ္စာရှိတပ်များက ဓာတုလက် နက် အသုံးပြုတိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက်လှမ်း
ရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆတ်က စစ်ရေးအရအရေး ယူတိုက်ခိုက်မှုပြုခြင်းက ဒေသတွင်းတွင် စစ်မီးလောင်မြိုက်စေမည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။

ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခြင်းအပေါ် စစ်ရေးအရ အရေးယူ
တိုက်ခိုက်မည်ဟူသော ရတက်မအေးဖွယ်ရာအသံများ ထွက်ပေါ်လာ
ခဲ့ပြီးနောက် လွန် ခဲ့သည့်ရက်က အာဆတ်အစိုးရကို အရေးယူတိုက်
ခိုက်ရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏အကြမ်းဖျင်း ပုံဖော်ထားသော စာမျက်နှာကိုးမျက်နှာပါ အစီရင်ခံစာ ထွက်ပေါ်လာကြောင်း သိရသည်။

ဆီးရီးယားအစိုးရအား စစ် ရေးအရ အရေးယူတိုက်ခိုက်ရေး အတွက် အမေရိကန်လွှတ်တော် မှ ထောက်ခံမှုကိုရရှိရန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ချိန်တွင် မူအားလုံးကို အံ့အားတသင့်ဖြစ် စေခဲ့သည်။

အကြောင်းမှာ အမေရိကန်ပြည်ထောင်စုက အာဆတ် ၏တပ်များနှင့် အရေးပါသည့် နေရာများအား ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်တော့ မည်ဟုထင်မြင်နေချိန်တွင် သမ္မတ အိုဘားမား၏ဆုံးဖြတ်မှုမှာ မျှော် လင့်ထားခြင်းမရှိသည့် အနေ အထားကို ဖြစ်စေခဲ့သည်ဟုဆိုသည်။

ဆီးရီးယားသမ္မတအာဆတ်ကမူ ဆီးရီးယားကို စစ်ရေးအရ အရေးယူ
တိုက်ခိုက်လာမှုအပေါ် မည်ကဲ့သို့တုံ့ပြန်မှုပြုမည်ကို မပြော နိုင်ကြောင်း၊ သို့ရာတွင် ပထမဦးဆုံး တိုက်ခိုက်မှုအပြီး မည်ကဲ့သို့ဖြစ်လာမည်ကို
တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုများအတွင်း လူတိုင်းကို ထိန်းမနိုင် သိမ်းမရဖြစ်စေခြင်းဖြင့် ဝရုန်းသုန်း ကားအခြေအနေများကို ပျံ့နှံ့ စေကာ
ဒေသတွင်းစစ်ပွဲဘေး ဥပဒ်ဆီသို့ ဆိုက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

Yangon Media Group

ဆီးရီးယား စစ်အရေး ဆွေးနွေးတုံး ဂျွန်မက်ကိန်း ပိုကာဂိမ်းဆော့နေ




အမေရိကန်ရဲ့  ဒုတိယက သမ္မတ ဖြစ်ခဲ့ဖူးပြီး လက်ရှိ အရီဇိုးနားပြည်နယ်ရဲ့  အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်း တစ်ယောက် ဒီလိုလုပ်လိမ့်မယ်လို့ ထင်မထားကြပါဘူး။ ဆီးရီးယားကို ဗုံးကြဲသင့်မကြဲသင့် အရေး တကြီး ဆွေးနွေးနေချိန်မှာ ပိုကာဂိမ်းဆော့နေတော့ ကမ္ဘာကျော်တဲ့ သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့တုန်းက အမေရိကန် လွတ်တော်အစည်းအဝေး တစ်ခုမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့ အထက်လွတ်တော် အမတ်များ အကြိတ်အနှယ် ဆွေးနွေးတိုင်ပွဲတဲ့ အစည်း အဝေး တစ်ခုမှာ ဖြစ်ပါတယ်။ ဆီးရီးယားရဲ့  ဓာတု ဗေဒ စစ်လက်နက် အသုံးပြုမှုကို ရပ်တန့်ဖို့အတွက် အမေရိကန်က ဆီးရီးယားကို စစ်တိုက်တော့မယ့် အခြေအနေ တစ်ခု ဖြစ် ပါတယ်။ သမ္မတ အိုဘားမားသာ Yes လို့တစ်ခွန်း ပြောလိုက်တာနဲ့ တား မယ့် နိုင်ငံလည်း ရှိမှာ မဟုတ်ပါဘူး။ အမေရိကန် ကာကွယ်ရေး ဦးစီးချုပ် ကလည်း အိုဘားမားရဲ့ အမိန့်ကို စောင့်ဆိုင်း၍ အသင့်အနေ အထားမှာ ရှိနေပါတယ်။

ဒီတော့ အိုဘားမားဟာ သူ့အနေနဲ့ တစ်ယောက်တည်း ဆုံးဖြတ်ချက် မပြုပဲ လွတ်တော်အမတ်များရဲ့  အကြံ ပြုချက်ကို လိုချင်လို့ အစည်းအဝေး တစ်ခု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းအစည်းအဝေးမှာ အရေးကြီး ပုဂ္ဂိုလ် ဖြစ်တဲ့ ဂျွန်မက်ကိန်းဟာ သူ့ iPhone နဲ့ VIP Poker အမည်ရတဲ့ ဖဲဂိမ်း တစ်ခုကို ဆော့နေပါတယ်။ ဒါကိုလည်း မြင်တဲ့ သတင်းထောက် က မြင်ပြီး ဝဘ်ဆိုဒ်မှ တစ်ဆင့် တင်လိုက်တဲ့ ပုံကြောင့် ပိုပိုလို့ နာမည်ကြီး သွား ပါတယ်။ ဂျွန်မက်ကိန်းအနေနဲ့ ယင်းအတွက် အရှက်ပြေ ဖြေရှင်းချက် Status တစ်ခုကို သူ့ Twitter အကောင့်ကနေ တင်ပြီး ပြောပေမယ့် ဘယ်သူမှ လက်မခံပါဘူး။ ၃ နာရီပဲ ကြာမြင့်တဲ့ အစည်းအဝေးမှာ အရေးကြီး စကားများ ကြားနာခြင်း မပြုပဲ ပိုကာ အိုင်ဖုန်း အွန်လိုင်းဂိမ်း ဆော့နေမှုအပေါ် အားလုံး ရယ်စရာလို ပြန်ပြောနေကြပါပြီ။ ဒီအတွက် အိမ်ဖြူတော် မှ ဂျွန်မက်ကိန်းအပေါ် မည်သို့ တုန့်ပြန်မည်ကို မသိရသေးကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ team)
.

ခိုင်နှင်းဝေနှင့်တွေ့ ဆုံခြင်း



ခိုင်နှင်းဝေနှင့်တွေ့ ဆုံခြင်း

============================
ရတနာတွေ့ဆုံမေးမြန်သည်။
============================
အစ်မတို့က ဗမာဖြစ်တဲ့အတွက်ကြောင့် ဗမာမျက်စိနဲ့ပဲ ကြည့်ကြတာဆိုတော့ တအားကြီးခေတ်လွန် သွားပြန်တော့လည်း ကြည့်ရတာအဆင်မပြေဘူး
တစ်ခေတ်တစ်ခါက ဆံပင်ရှည်ရှည်မြန်မာဆန်ဆန်အကျီကို အမြဲတမ်းဝတ်ဆင်ပြီး အနုပညာ လောကတွင်ခေတ်စားခဲ့သူ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယခုအခါတွင်လည်း မိမိနှင့်လိုက်ဖက်မည့် ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်လာ၍ ဇာတ်ကားရိုက်ရက်များစိပ်လာလျက် စီးပွားရေးအ နေဖြင့်မဟုတ်ဘဲ အနုပညာလောကထဲမှာပဲ ကျင်လည်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် ပရိုဂျူဆာလုပ်မည်ဆိုသည်နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - အစ်မရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေး။
ဖြေ - အစ်မ ဗီဒီယိုကားလေးတွေတော့ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ အခုက ဟိန်းဝေယံ နဲ့ရိုက်နေတယ်။ ပြီးရင်တော့ မင်းရာဇာနဲ့ တစ်ကားရိုက်ဖို့ရှိတယ်။ နောက်ထပ်မင်းသားသစ်နဲ့ လည်း တစ်ကားရိုက်ဖို့ရှိပါတယ်။ အဲဒါပြီးရင် မြင့်မြတ်နဲ့ရိုက်မယ်။

မေး - အနုပညာအလုပ်အပြင် တခြားစီးပွားရေးရော လုပ်ဖို့ရှိလား။
ဖြေ - တခြားစီးပွားရေးမလုပ်ဖြစ်ပါဘူး။ အနုပညာအလုပ်ပဲ ဝါသနာပါတယ်။ အဲဒီအလုပ်ပဲ လုပ်တတ်တယ်။ အခု အစ်မပရိုဂျူဆာဘက်ကိုလုပ်ဖို့ စဉ်းစားနေတယ်ပေါ့နော်။ တခြား စီးပွားရေးလုပ်မယ်ဆိုလည်း မလုပ်တတ်ဘူးလေ။ အစ်မ အခုရိုက်တော့ ရိုက်ထားပြီးပြီ။ သုံးကားရှိပြီ။ မြင့်မြတ်နဲ့ရိုက်ဖို့ရှိတယ်။ အစ်မ တိုက်တော့မဖွင့်သေးဘူး။ လက်ထဲမှာ ကားများ များရှိမှ တိုက်ဖွင့်မယ်လို့ စဉ်းစားထားတယ်။

မေး - ထုတ်လုပ်ရေးနာမည်ရော ပေးဖြစ်ပြီလား။
ဖြေ - လောလောဆယ်တော့ အစ်မအဒေါ်ကုမ္ပဏီနာမည်ပဲ ပေးထားသေးတယ်။ စိမ်းဝါနီပဲ ပေးထားတယ်။

မေး - ရုပ်ရှင်နဲ့ သရုပ်ဆောင်ကနေ ပရိုဂျူဆာဘက်ကို ပြောင်းဖြစ်သွားတာကရော။
ဖြေ - ပြောင်းလဲသွားတာက ဒီအလုပ်ပဲ ဝါသနာပါတော့လေ။ ဒီအထဲမှာပဲ ကျင်လည်နေတာ ဆိုတော့ သိပ်ပြောင်းလဲတာမရှိပါဘူး။ ဒါပေမဲ့ အခက်အခဲတစ်ခုက ဘာလဲဆိုရင် ကိုယ်က လည်း ကာရိုက်တာပိုင်းက လာတဲ့သူဆိုတော့ ပရိုဂျူဆာလုပ်တာ စီးပွားရေးနည်းနည်းဆန်ရ တာပေါ့နော်။ ကိုယ်က ကာရိုက်တာပိုင်းကလာတာဆိုတော့ ဈေးမဆစ်ချင်ဘူး။ ပြဿနာက တော့ အဲဒါပဲ။ ဈေးဆစ်ရတာ အားနာတယ်။ ဈေးဆစ်တော့လည်း ပရိုဂျူဆာပိုင်းအနေနဲ့ ကိုယ်က လုပ်ရတာဆိုတော့လေ။ သိပ်လည်း မဆစ်ချင်ဘူး။ သရုပ်ဆောင်အချင်းချင်းလည်း ကိုယ်ချင်းစာတယ်။ အဲဒီ အခက်အခဲလေးတွေတော့ အစ်မမှာရှိတယ်။

မေး - အစ်မ ဇာတ်ကား ဘယ်နှကားလောက်ဖြန့်ပြီးပြီလဲ။
ဖြေ - အိမ်ပေါ်ဆိုတဲ့ ကားလေးက သူထူးစံနဲ့ပေါ့။ အဲဒီကားက ထုတ်လိုက်ပြီ။ လပ်ကီးဘော့စ် ကနေ ဖြန့်ပြီးတော့ထုတ်တယ်။ နောက် ကိုဝေနဲ့ နှစ်ကားဖြန့်ဖို့ရှိတယ်။ အဲဒါက အစ်မ မဖြန့်သေး ဘူးပေါ့။ ဒါပေမဲ့ ဆင်ဆာတော့ကျပြီ၊ အဲဒီဇာတ်ကားနှစ်ကားကိုဖြန့်ဖို့ လုပ်နေတယ်။

မေး - ခေတ်ပြောင်းလဲလာတဲ့အပေါ်မှာ သရုပ်ဆောင်လုပ်ရတဲ့ အမြင်လေးပြောပြပေးပါဦး။
ဖြေ - ခေတ်ကတော့ တိုးတက်လာတာပေါ့နော်။ အခုခေတ်ကျမှ မင်းသမီး စလုပ်ချင်တယ် လို့။ အခုခေတ် မင်းသမီးလုပ်တဲ့ကလေးတွေက ကံကောင်းတယ်။ စက်ပညာတွေကလည်း အင်မတန်တိုးတက်လာတဲ့အခါကျတော့ ပိုပြီး ကံကောင်းတယ်လို့ထင်ပါတယ်။ အစ်မတို့တုန်းက ဆိုရင် မင်းသမီးခေါင်တွေက ပိတ်နေတာပေါ့နော်။ အစ်မတို့ တော်တော်ကြိုးစားရတယ်။ အခု ဒီဘက်ခေတ်မှာကျတော့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ မော်ဒယ်သင်တန်းတွေ ရှိတယ်။ ဂျာနယ်တိုက်တွေ အများကြီးရှိတယ်။ Channel တွေလည်း အများကြီးရှိတယ်။ အခု ခေတ်က ပွင့်လင်းလာပြီဆိုတော့ မင်းသမီးသစ်တွေ၊ မော်ဒယ်ပေါက်စတွေက အများကြီး။ အဲဒီအထဲကမှ ကိုယ်က အရည်အချင်းရှိအောင်လုပ်ဖို့ပဲ လိုတာပေါ့နော်။

မေး - ဆင်ဆာလျှော့လိုက် ပြန်တင်းကျပ်လိုက်အပေါ်မှာရော အစ်မအမြင်။
ဖြေ - ဒါရိုက်တာတွေဆိုလည်း တီထွင်ကြံဆတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာတယ်။ အရင် တုန်းကဆိုရင် ချစ်ကြိုက်ကွဲညား မိသားစုဇာတ် ဒီအထဲကကို မထွက်နိုင်ဘူး။ ဒါပေမဲ့ ဆင်ဆာတအားလွတ်ပြန်ရင်လည်း စည်းမရှိကမ်းမရှိတွေမဖြစ်စေချင်ဘူး။ ဇာတ်ကားတွေ ဆိုရင် တချို့ပေါက်တတ်ကရတွေ။ ဇာတ်ကားထဲမှာပါတဲ့ နာမည်တွေကလည်း ခပ်ကြမ်း ကြမ်းကြီးတွေကျတော့ တစ်မျိုးပဲ။ အဆင့်အတန်းမီစေချင်တာပေါ့နော်။ မင်းသမီး၊ မော်ဒယ် တွေဝတ်တယ်ဆိုရင်လည်း ခေတ်မီအောင် ဝတ်စေချင်တယ်။ ခေတ်လွန်တာမျိုး မဖြစ်စေချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာလူမျိုးက ဗမာလိုပဲကြည့်တာလေ။ ဘယ်လိုပဲ ဆင်ဆာလွတ် လွတ်၊ ဘယ်လောက်ပဲ လွတ်လပ်တဲ့နိုင်ငံဖြစ်ပါစေ။ အစ်မတို့က ဗမာဖြစ်တဲ့အတွက်ကြောင့် ဗမာ မျက်စိနဲ့ပဲကြည့်ကြတာဆိုတော့ တအားကြီးခေတ်လွန်သွားပြန်တော့လည်း ကြည့်ရတာ အဆင် မပြေဘူး။ အဲဒီတော့ ကိုယ့်ရဲ့ဗမာယဉ်ကျေးမှုလည်း ဖြစ်တယ်။ ခေတ်လည်း မီရမယ်ဆိုတဲ့ပုံစံမျိုး တွေနဲ့ ကားလည်းကောင်းမယ်၊ မင်းသမီးလေးတွေလည်းပိုလှမယ်လို့ အစ်မမြင်ပါတယ်။

မေး - အခုခေတ်ရတဲ့အနုပညာကြေးနဲ့ အရင်တုန်းကရတဲ့ အနုပညာကြေး ဘယ်လို ကွာခြားလဲ။
ဖြေ - ဒါကတော့ ညီမရယ်။ သူ့ခေတ်နဲ့သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ တန်းတစ်ခု တော့ရှိတယ်။ အစ်မတို့ကလည်း အစ်မတို့တန်းမှာ အစ်မတို့ခေတ်က မင်းသမီးတွေရှိကြတယ် လေ။ ဒီတန်းနဲ့ ဒီဈေးပဲ။ အရင်ခေတ်ကလည်း ဒီတန်းနဲ့ ဒီဈေးပဲ။ ငွေကြေးဖောင်းပွလာတာနဲ့ အမျှတော့ ပိုက်ဆံက တိုးပွားသွားတာတော့ရှိတာပေါ့။ ဒါပေမဲ့ သူ့မင်းသမီး၊ သူ့အတန်းအ လိုက် သူ့ဟာနဲ့ သူဈေးကတော့ သင့်တင့်မျှတမှုရှိပါတယ်။

မေး - ဇာတ်ကားတစ်ကားရိုက်ဖို့လာငှားတဲ့အခါ ဘယ်လိုဇာတ်ကောင်မျိုးတွေကို လာငှားလဲ။
ဖြေ - အစ်မတို့က သရုပ်ဆောင်တဲ့အခါကျတော့ အရင်တုန်းကလည်း အစ်မတို့ မင်းသမီးနေ ရာကနေ ကားတွေအများကြီးရိုက်ခဲ့ပြီးသွားပြီ။ ကိုယ့်ခေတ်ကိုယ့်အခါနဲ့ ဖြစ်ပြီးသွားပြီဆိုတော့ ဒီခေတ်မှာက အစ်မတို့လာငှားတဲ့အခါ ဒီကားတစ်ကားရဲ့ ကာရိုက်တာဝင်ဖို့၊ ဒီကားမှာဆိုရင် ဘယ်လိုလိုက်တယ်။ ဘယ်လိုနေရာမျိုး အဓိကဇာတ်ကောင်ဖြစ်မယ့်နေရာမျိုးကို ငှားကြတယ်။ အစ်မတို့ကလည်း ကာရိုက်တာပိုင်းပေါ်ကြည့်ပြီးတော့ လက်ခံကြတာပါ။

မေး - ထင်သလောက်အောင်မြင်မှုမရတဲ့ အနုပညာအလုပ်အပေါ် အစ်မရဲ့ထင်မြင်ချက်က။
ဖြေ - ဒါကတော့ ညီမတရားသဘောနဲ့ကြည့်မယ်ဆိုရင် အဓိကက စိတ်ထားတတ်ဖို့ပဲအရေး ကြီးတယ်။ ကြိုးစားရမှာက ကိုယ့်အပိုင်း၊ ဖြစ်တာ မဖြစ်တာက ကံ။ မဖြစ်လာတာကိုတော့ စိတ် ဓာတ်ကျနေဖို့မလိုဘူး။

မေး - ဆံပင်အရှည်ကနေ ညှပ်လိုက်တာကရော။
ဖြေ - ဆံပင်က မကောင်းတော့တာလည်းပါပါတယ်။ အစ်မတို့ မင်းသမီးတွေက ဆံပင်သိပ်မ ကောင်းကြတော့ဘူး။ ဆံပင်အရှည်ကနေ ညှပ်ပစ်လိုက်တာ။ ဆံပင်အတိုကနေ ဆံပင်အရှည်ထား ဖို့ကလည်း မဖြစ်နိုင်တော့ဘူးလေ။

ရန်ကုန်တိုင်းစ်

စအိုကွဲခြင်း (Anal Fissure)





စအိုဝရှိ အမြှေးပါးမှာ အနည်းငယ် ပြဲနေတာကြောင့် နာကျင်မှုဝေဒနာ ဖြစ်ပေါ်တာကို စအိုကွဲတယ် (Anal Fissure) လို့ ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ သွေးထွက်တတ်ပါတယ်။

ရောဂါလက္ခဏာ

စအိုဝမှာ နာကျင်နေတတ်ပါတယ်။ ဝမ်းသွားစဉ်မှာ ပိုဆိုးတတ်ပါတယ်။ စအိုမှာ ပူစပ်ပူလောင် ဖြစ်နေပြီး ဝမ်းသွားစဉ်မှာ သွေးထွက်တာ ဖြစ်ပေါ်တတ်ပါတယ်။ စအိုထိပ်မှာ ယားယံနေတတ်ပါတယ်။ ဝမ်းသွားရင် နာကျင်တတ်တဲ့အတွက် စအိုကွဲနေတဲ့ လူဟာ ဝမ်းသွားဖို့ အောင့်ထားတတ်ပါတယ်။ ဝမ်းသွားပြီးရင်တောင် နာကျင်နေတတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ

မာကျောပြီး ခြောက်သွေ့တဲ့ မစင်ကို ညှစ်ရတာကြောင့် စအိုအမြှေးပါး စုတ်ပြဲသွားတတ်ပါတယ်။ စုတ်သွားပြီး အနာဖြစ်လာတာကို Anal Fissure လို့ ခေါ်ပါတယ်။ဝမ်းပျက်တာနဲ့ စအိုနေရာမှာ ရောင်ရမ်းမှု ဖြစ်တာကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။ Anal Fissure ကို လတ်တလောဖြစ်တဲ့ အခြေအနေနဲ့ နာတာရှည် ဒါမှမဟုတ် မကြာခဏ ပြန်ဖြစ်တဲ့ အခြေအနေဆိုပြီး ခွဲခြားထားပါတယ်။ လတ်တလောဖြစ်တဲ့ Fissure ဟာ များသောအားဖြင့် မာကျောတဲ့ မစင်တုံးကြောင့်ဖြစ်ပြီး နာတာရှည် Fissure မှာမူ စအိုကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ တင်းကျပ်လွန်းတာကြောင့် ဖြစ်တာပါ။ လတ်တလောဖြစ်တဲ့ Fissure တွေ မကြာခဏ ပြန်ဖြစ်ပြီး အမာရွတ် ထင်တာကြောင့်လည်း နာတာရှည် Fissure ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။

ကုသခြင်း

အောက်ပါ အချက်အလက်တွေကို အခြေခံပြီး ကုသရပါမယ်။
မစင်ရဲ့ ပုံသဏ္ဌာန် အနေအထားကို ပုံမှန်ဖြစ်စေခြင်း
စအိုဝထိန်းကြွက်သား တင်းမာမှုကို ပျော့ပျောင်းစေခြင်း
နာကျင်မှုဝေဒနာ၊ သွေးထွက်တာနဲ့ သက်သောင့်သက်သာ မရှိတာကို ရှောင်ရှားနိုင်ခြင်း Fissure အနာကျက်စေခြင်း

လတ်တလော ဖြစ်ပေါ်သည့် Fissure အတွက် ကုသခြင်း

လတ်တလော ဖြစ်ပေါ်တဲ့ Fissure ဟာ ခွဲစိတ်ကုသမှုခံယူဖို့ မလိုဘဲ ကုသနိုင်ပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်ဟာ ခြောက်ပတ်အတွင်း ပြန်လည် ကျက်သွားနိုင်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ရပါမယ်။
အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစာ၊ အမျှင်အားဖြည့်စာ၊ ဝမ်းပျော့စာနဲ့ ရေများများ သောက်ပြီး ဝမ်းချုပ်တာကို ကာကွယ်ကာ ဝမ်းပျော့ပျော့သွားတဲ့ အကျင့်ကို ပြုလုပ်ပေးရပါမယ်။ နေ့စဉ်နေ့တိုင်း ရေနွေးငွေ့ပေါ်မှာ ၁၀ မိနစ် မှ မိနစ် ၂၀ ခန့်ထိုင်ပြီး စအိုကြွက်သားတွေ ပျော့ပျောင်းရအောင် ပြုလုပ်ပေးရပါမယ်။
နာကျင်မှု သက်သာအောင် Fissure နေရာမှာ Lidocaine Jelly အသုံးပြုနိုင်ပါတယ်။

နာတာရှည်ဖြစ်ပေါ်သည့် Fissure အတွက် ကုသခြင်း

အထက်ပါ ကုသမှုနဲ့ Anal Fissure မပျောက်ကင်းခဲ့ရင် မပျောက်ကင်းရတဲ့ အကြောင်းရင်းကို ရှာဖွေရပါမယ်။ ဥပမာ - စအိုအမြှေးပါးမှာ အမာရွတ်ဖြစ်တာကြောင့် ဖြစ်တာလား၊ ဒါမှမဟုတ် စအိုထိန်း ကြွက်သားတွေ Spasm ရလို့ ဖြစ်တာလားဆိုတာကို ရှာဖွေပြီး လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရပါမယ်။ စအိုထိန်းချုပ် ကြွက်သားတွေကို ချဲ့တဲ့နည်းလမ်း (Anal Sphincter Dilatation) တွေကို ပြုလုပ်တာဟာ ရောဂါရှိသူ တော်တော်များများကို သက်သာစေနိုင်တဲ့ နည်းလမ်းပါ။ အဲဒီနည်းလမ်းနဲ့ မသက်သာသူတွေကို စအိုကြွက်သား ခွဲစိတ်ပြုပြင်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သုံးပတ်မှ လေးပတ်အတွင်း အနာကျက်သွားနိုင်ပါတယ်။ ခွဲစိတ်ပြီး ပြန်လည်ဖြစ်နှုန်းဟာ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း




ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

အိမ်သာကြွေခွက် ကိုပြောင်လက်စေတဲ့ ကိုကာကိုလာ





အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်းလမ်းကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက် ကိုကာကိုလာ အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်း မှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။

အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။
---
Via:medicfacts
သတင်းဘုရင်

ရတနာဂီရိနှင့် သီပေါမင်းစံအိမ်ရောက် ခရီးသွားမှတ်တမ်း



ရဲတိုက်ကြီးကဲ့သို့ ထီးထီးကြီး တည်ရှိနေသည့် ယနေ့ခေတ် ရတနာဂီရိမှ လူများအခေါ် Thi Baw Palace ဟု ဆိုသော သီပေါမင်း နေထိုင်ခဲ့ရာ စံအိမ်တော်ကြီး သီပေါမင်းအကြောင်း၊ ရတနာဂီရိအကြောင်း ကို ရေးမယ်လို့ ကြံလိုက်တိုင်း လက်ကတွန့် တွန့်ပြီး သွားတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ရှည်လျားလှတဲ့ မြန်မာဘုရင်တစ်ယောက်ရဲ့ သမိုင်းကြောင်းကို ဆောင်းပါးအနေနဲ့ အားလုံးခြံငုံမိအောင် ရေးဖို့ ခဲယဉ်းတာကြောင့် စိတ်ထဲမှာ ရွံ့တွံ့တွံ့ဖြစ်နေတာလဲ ပါမှာပေါ့၊ သီတဂူဆရာတော် ကြီး ပြောဖူးသလို သဂြိုလ် အဘိဓမ္မာ ၉ ပိုင်းလုံးကို သရုပ်ခွဲရတာ မခက်ခဲဘူး၊ မြန်မာလူမျိုးတွေ ဆွေမျိုးစပ် ရတာ တော်တော် ခက်တယ်၊ မလေ့လာချင်ဘူး၊ သပွတ်အူလို ရှုတ်ထွေးလွန်းလို့ တဲ့၊ အခုလဲ အဲဒီကိန်း ဆိုက် နေတယ် ထင်ပါ့။ ဒါပေမယ့် ခက်ခက်ခဲခဲ ရှားရှားပါးပါး သွားရောက်လေ့လာခဲ့တဲ့ ရတနာဂီရိ ခရီးသွားမှတ် တမ်းအနေနဲ့တော့ ရေးသားချင်တာမို့ ဒိုင်ယာရီ သဘောမျိုးနဲ့ ဒီဆောင်းပါးကို ရေးမိပါတယ်၊

စာရေးသူ ( ဘုံဘေ ) မွန်ဘိုင်းမြို့ကို ရောက်ကတည်းက သီပေါမင်း ပါတော်မူရာ ရတနာဂီရိကို သွားရောက် လေ့လာ ဖို့ စိတ်ဝင် စားခဲ့တယ်၊ သီပေါမင်း နေခဲ့တဲ့နေရာကို သွားရတော့မယ်ဆိုပြီး စိတ်ထဲမှာလဲ ၀မ်းသာ သလို ဝေဒနာတခု အလို လို ကိန်းအောင်းနေတယ်၊ ၂၀၁၁ ခုနှစ် ဂျူလိုင်လ ( 6 ) ရက်မှာတော့ P hD ကျောင်းသားရဟန်းတော်များ အားလုံး ( ၅ ) ပါး စုပေါင်းကာ ကားတစ်စီးအပြတ် ငှါးပြီး ရတနာဂီရိကို သွားခဲ့ ကြတယ်၊ တကယ်လဲ သွားရရော လွမ်းမောဖွယ် နေရာ တစ်ခုကို ရောက်ရသလို၊ ဘာကို လွမ်းပြီး ဘယ်လို ဖြေသိမ့်ရမလဲ စဉ်းစားမရခဲ့ဘူး၊ မြန်မာ ဆိုတဲ့ စိတ်ဓာတ် အဲဒီမှာ ပေါ် လွင်လာတယ် လို့ ဆိုရပါ မယ်။ အတူသွားခဲ့ကြတဲ့ မိတ်ဆွေရဟန်းတော်များတော့ ဘယ်လို ခံစားရမယ်ဆိုတာ မမေး ကြည့်မိဘူး၊ သူတို့ လဲ မြန်မာပီပီ အထိုက်အလျောက်တော့ ခံစားခဲ့ရမှာ သေချာပါတယ်၊ 

ရတနာဂီရိ ဆိုတာ မာရသီ Marathi ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ဆိုတယ်၊ ရတနာ ဆိုတာ jewel ၊ ဂီရိ ဆိုတာ mountains ပေါင်းလိုက်တော့ Mountains Of Jewel ရတနာများရှိရာ တောင်တန်းပေါ့။ တကယ်လဲ နောက်ပိုင်း မှာ ဇာတ်နိမ့်ဘ၀မှ အထက်တန်းရောက်လာပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို အကြီးအကျယ် သာသနာပြုခဲ့တဲ့ ဒေါက်တာ အမ်ဘေဒကာ Dr.Ambedkar ဆိုတာ ရတနာဂီရိ သား စစ်စစ်ဆိုတော့ ဗုဒ္ဓဘာသာ ကွယ်ပျောက်လုနီးနီးဖြစ်နေတဲ့ ဒီအိန္ဒိယ နိုင်ငံအနေနဲ့ ရတနာတပါး ထွက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ရတနာဂီရိမြို့ဟာ မွန်ဘိုင်းမြို့နှင့် ကီလိုမီတာ ( 285 ) ကီလိုမီတာ ဝေးပြီး လမ်းတစ်လျောက်လုံး မွန်ဘိုင်းက ထွက် တာ နဲ့ တောင်တန်းများ၊ သစ်ပင်များ စိမ်းလမ်းစိုပြေနေတာ တွေ့ရတယ်၊ စာရေးသူတို့ သွားစဉ်မှာ ဂျူလိုင် မိုးက သည်းသည်း မည်းမည်း ရွာကောင်းနေတာ ဆိုတော့ တနေကုန်မိုးထဲ ရေထဲမှာ သွားချင်တဲ့နေရာများ၊ ရောက်လိုတဲ့ နေရာများကို မလျော့သော ဇွဲနဲ့ ချီတက်ခဲ့ရတယ်။ သွားလာဖို့ လမ်းကောင်းပေမယ့် ခရီးဝေးလွန်း တော့ ပင်ပန်းခဲ့သလို အထိုက် အလျောက် တော့ ပင်ပန်းရကျိုး နပ်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရတယ်။ ရတနာဂီရိ စံအိမ်ကို ရောက်တာနဲ့ ဘုရင် သီပေါရဲ့ အထီးကျန်နေ့ရက်များ၊ စိတ်ဆင်းရဲစရာများ၊ မိသားစု အတွင်းရေး ပြဿနာများ၊ သားစဉ်မြေးဆက် လက်လွှတ် စပယ် ဖြစ်သွားပုံများဟာ အတွေးထဲကို တန်းစီ ၀င်ရောက်လာခဲ့တယ်။

အသက်အရွယ် ၂၇ နှစ်အရွယ်ကစပြီး သေဆုံးချိန် ( ၅၈ ) နှစ်အရွယ်အထိ နှစ်ပေါင်း ( ၃၁ နှစ် ) ကျော် အထီး ကျန် နေထိုင်သွားခဲ့တဲ့ ဘုရင် သီပေါရဲ့ ဘ၀ကို တွေးမိပြီး ဘ၀ရဲ့ အတက် အကျ၊ အနိမ့် အမြင့် စတာတွေကို သံဝေဂ ပွားမိ ပါရဲ့၊ တဆက်တည်းမှာ စုဖုရားလေး နတ်ရွာစံလို့ သရဏဂုံတင်စရာ ဘုန်းကြီး မရှိခဲ့ဘူး၊ အင်္ဂလိပ်ကို ပင့်ခွင့်တောင်းပြန်တော့ ခွင့်မပြုခဲ့တာကြောင့် သတ္တုပြား သံဖြူပြားများဖြင့် အထူးစီရင်ကာ အလုံပိတ် ထားနိုင်သော အခေါင်းတစ်ခုကို လုပ်စေပြီး ထိုအခေါင်းတွင် မီးသွေးများ၊ ပရုတ်များဖြင့် စုဖုရားကလေး၏ အလောင်းကို မပုပ်မသိုးအောင် စီရင်ထားစေသော စုဖုရားလတ်၏ စိတ်ကူးအကြံအစီကိုလဲ သနားစိတ်ဖြင့် ချီးကျူးမိ တော့သည်၊

တနယ်တကျေးမှာ ကိုးကွယ်စရာ ရှိခိုးစရာ ဘုန်းကြီးမရှိသော ပါဠိဆိုင်ရာ ပထမကျော်ဘွဲ့ရ ကိုရင်လူထွက် မြန်မာဘုရင်တပါးရဲ့ ဘ၀နေ၀င်ချိန်တွေက The more I study him, The more I know him, The more I know him, The more I pity him, လို့ ဆိုရမလိုပဲ၊ သူ့အကြောင်းကို သေချာလေ့လာလေလေ ပိုသိလေ၊ ပိုသိလာလေလေ သူ့ကို ပိုသနားမိလေ ဆိုတော့ ကိုယ့်ရှုးကိုယ်ပတ်သလို ဖြစ်နေပြီပေါ့၊ သီပေါမင်း ကိုလည်းပဲ 1916 ခုနှစ်မှာ နတ်ရွာစံ ကံတော်ကုန်တာကို 1919 ခုနှစ် မတ်လပိုင်းကျမှ စုဖုရားလေးနှင့်အတူ ဂူသွင်းသဂြိုလ်ရတယ်၊ 1912 ခုနှစ် ဇွန် 25 မှာ နတ်ရွာစံတဲ့ စုဖုရားလေးလဲ (၇) နှစ်လောက် အခေါင်းထဲမှာ ထားခံရပြီးမှ ဂူသွင်းတယ်လို့ သိရပြန်တော့ တစ်ပူပေါ် နှစ်ပူဆင့် ၀မ်းနည်းမိပြန်တယ်။

တကယ်က စုဖုရားလတ်က သီပေါမင်းအလောင်းနှင့် စုဖုရားလေး အလောင်း ၂ လောင်းကို မြန်မာပြည်ကို သယ်သွားခွင့်အတွက် အမေ့ခြေရာ နင်းမယ့် ထက်ထက်မြတ်မြတ် စတုတ္ထသမီးတော်နှင့် သားအမိနှစ်ယောက် တိုင်ပင်ပြီး အင်္ဂလိပ်ကို အကျိတ်အနယ် တောင်းဆိုနေခဲ့တာကြောင့်ကြန့်ကြာနေခဲ့ရပါသတဲ့။ အင်း ဒီလိုတော့ လဲ မိဖုရားက အမျိုး ဘာသာကို မမေ့နိုင်ပဲ တတ်နိုင်သလောက် ကြိုးစားရှာတယ်၊ တော်သားပဲ လို့ စိတ်ထဲက အလိုလို အသိမှတ်ပြုမိပြန်တယ်။

သူ့စိတ်ဓာတ်က လာမယ့်ဘေး ပြေးတွေ့မယ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ၊ သေရင် မြေကြီး ရှင်ရင် ရွှေထီး ဆိုတဲ့ စိတ်မျိုးကိုး၊ ဒါကြောင့်လဲ ပါတော်မမူခင်က အင်္ဂလိပ်ကို သူသေ ကိုယ်သေ တိုက်ကြမယ် လို့ အရေး ဆိုတာကို တားမြစ်ခဲ့တဲ့ ကင်းဝန်မင်းကြီး ဦးကောင်းကို ယောကျာင်္းဖြစ်ပြီး ဒီလောက်ကြောက်နေရင် ထမိန် ( လုံချည် ) ၀တ်ထားပါလားလို့ ပြောခဲ့တဲ့ စကားက ရာဇ၀င်တွင်ခဲ့တာဖြစ်မယ်၊ ဒီလောက်နဲ့ မပြီးပဲ ၀န်ကြီးဆီကို လုံချည်၊ သနပ်ခါး ကျောက်ပြင်၊ စတဲ့ မိန်းကလေး အလှပြင် အသုံးအဆောင်တွေ ပို့စေခဲ့သတဲ့၊ အော် စုဖုရား လတ်လို စိတ်ဓာတ်များ မြန်မာ ပြည်သားများရှိကြလျင်…ရှိနေလျင်… အတွေးများက ချာလပတ် လည်နေတော့သည်။

စုဖုရားလတ်ရဲ့ဆန္ဒက အလောင်းတွေကို မန္တလေး ရတနာပုံနေပြည်တော်အထိ သယ်သွားပြီး ဘိုးတော် မင်းတုန်းမင်းတို့ရဲ့ အုတ်ဂူတွေနှင့် အတူတူ မြှုပ်စေချင်ခဲ့တာ၊ ဒါပေမယ့် အင်္ဂလိပ်က ခွင့်မပြုမှ အားမတန် မာန်လျော့ကာ မြန်မာပြည်ကို အပြီးပြန်ခဲ့ရတယ်။ ရတနာဂီရိမှာ သီပေါမင်းနဲ့ ပက်သက်လို့ ကြည့်စရာက သုံးနေရာပဲ ရှိပါတယ်၊ သူတို့ မိသားစု နေထိုင်ခဲ့တဲ့ အင်္ဂလိပ်က ဆောက်လုပ်ပေးထားသော သီပေါနန်းတော် ဆိုသော အဆောက်အဦး၊ နောက်တော့ စုဖုရားလေးနှင့် သီပေါမင်းတို့ရဲ့ ဘေးချင်းကပ် အတူတူ ဆောက်ထားသော အုတ်ဂူနှစ်လုံးပါ။

နောက်ထပ် သီပေါမင်းက မြန်မာပြည်ကို လွမ်းတိုင်း ပင်လယ်ကမ်းစပ်မှာ သွားထိုင်ပြီး အလွမ်းဖြေတဲ့ နေရာတစ်ခုရှိတယ်၊ အဲဒီနေရာမှာဘာသာရေး အဆောက်အဦး တစ်ခု ဆောက်လုပ်ခွင့်ပေးထားတာကြောင့် စေတီတစ်ဆူ တည်ထားခဲ့တယ် လို့ ကြားဖူးပေမယ့်လည်း နှစ်တွေ ကြာညောင်းလာတော့ အဲဒီစေတီ ဆိုတာလဲ မရှိတော့ဘူးလို့ သိရတယ်၊ ဒါကြောင့် စာရေးသူတို့ ၂ နာရီ လောက် အချိန်ပေးပြီး ရှာဖွေပေမယ့် စေတီနေရာကိုတော့ မတွေ့ခဲ့ရဘူး။ 

အပိုင်း ( ၂ ) ဆက်ပါအုံးမည် ..

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

https://www.facebook.com/media/set/?set=a.380373772088074.1073742186.288727014586084&type=1
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တော့ အပြင်ဘက် ၀ရံတာဘက်မှာ မိုးရေတောင်မလုံတော့တာ ၀မ်းနည်းမိတယ်၊ ရွှေပြည်ကြီးမှာ ဆိုရင်တော့ ရွှေပိန်းတွေ ချထားကြမလား မသိဘူး၊ မျက်နှာစာ အဆောက်အဦးမှ နောက်မှာ အဆောင်တော်ကူးဖို့ နောက်တစ်ဆောင်ရှိသေးတယ်၊ ဒါကတော့ အဆောင်တော် နှစ်ခုကြားက လမ်းမနှင့် ဥယျာဉ် ရေကန်များ ထင်ပါတယ် ဒါကတော့ သီပေါမင်း မိသားစု နေထိုင်ခဲ့ရာ တိုက်ခန်းအတွင်း အပြင်အဆင်တွေပါ၊ နောက်က သီပေါမင်း ပုံတူ ပန်းချီကားနဲ့ ဆိုတော့ စိတ်ကြိုက် ရိုက်လာခဲ့တယ်

ဓာတ်ပုံတော့ ရိုက်ခွင်မပေးဘူး၊ ဒါပေမယ့် သိတယ် မဟုတ်လား ငါတို့ မြန်မာဘုရင်မို့လို့ မှတ်တမ်းတင်ချင်လို့ပါ ခွင့်ပြုပေးပါ ဆိုပြီး အစောင့်ဒရ၀မ်ကို ရူပီး ၃၀ လောက်ပေးလိုက်တာ ရိုက် ရိုက်ဆိုပဲ၊
စုဖုရားလတ်တို့ အတူထိုင်ခဲ့ စံမြန်းခဲ့တဲ့ ညောင်စောင်း ထင်ပါရဲ့ နောက်မှာ ဘုရင် နှင့် မိဖုရားဓာတ်ပုံ ရှိနေပါတယ် ..
  တလမ်းလုံး စိမ်းစိမ်းစိုစို တောတောင် ရှုခင်းများနဲ့ တလမ်းလုံး ဒီလို သွားခဲ့ရတယ်၊ တို့ဘုရင်ကို ဒီလို အစွန်အဖျားမြို့မှာ လာထားတာ တွေးမိတိုင်း စိတ်မကောင်းမိ၊ နေရာကောင်းမှာ ထားလို့ မြန်မာပြည် ပြန်သွားရင် သူတို့လုပ်ထား ပင်ပန်းထားသမျှ သဲထဲ ရေသွန်ဖြစ်မှာကိုး၊ ဒါကြောင့် ပထမ မဒရပ်မြို့မှာ ထားတာကို ပြင်သစ်ရန်ကို ကြောက်တော့ သွားလာရေး ခက်ခဲတဲ့ ရတနာဂီရိကို ပို့လိုက်တယ်၊ အင်္ဂလိပ်ပဲ ကမ္ဘာကို အုပ်ချုပ်လာတာ အဲဒီလောက်တော့ အ - မည်မထင် ...

သွေးအမျိုးအစားက လူ၏စိတ်သဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို တိတိကျကျညွှန်ပြနေ







''လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်'' ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ''တိုရှီတာကာနိုမီ'' ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။

သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။
အခြေခံ စိတ်နေသဘောထား
လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။
မိမိ၏ သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘဝပေး အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်အရ အနည်းနှင့် အများသာ ကွာခြား တတ်ကြသည်။
အိုသွေးပိုင်ရှင် တို့သည် လွန်စွာ ပြင်းပြင်းထန်ထန် တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သူများ ဖြစ်၍ ရည်မှန်းချက် ကြီးကြီးမားမား ထားတတ်ကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။ ထို့ပြင် အားသွန်ခွန်စိုက် ဆောင်ရွက် တတ်သူများ ဖြစ်သည်။
အေသွေး ပိုင်ရှင်တို့သည် စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်၍ ဝေဖန် ခံနိုင်မူ စွမ်းရည်နည်းသည်။ ဘီသွေး ပိုင်ရှင်တို့သည် မိမိတို့ စိတ်ချမ်းသာသလို နေထိုင်ပြုမူ တတ်ကြသည်။ ချုပ်ချယ်မှု မခံယူလိုဘဲ လွတ်လွတ်လပ်လပ် နေလိုစိတ် ပြင်းပြသူများ ဖြစ်၏။ အေဘီသွေး ပိုင်ရှင်တို့သည် အေနှင့်အို သွေးပိုင်ရှင်တို့၏ ကြား ဖြစ်၏။အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြ၏။ မိမိသဘောဆန္ဒ သက်သက်ကို မကြည့်ဘဲ အများ၏ သဘောဆန္ဒအရ ဆောင်ရွက်လေ့ ရှိကြသည်။
ငွေကြေးရှာဖွေသုံးစွဲခြင်း
ငွေကြေးရှာဖွေ သုံးစွဲခြင်းနှင့်ပတ်သက်၍ သွေးအမျိုးအစား အလိုက် မည်သို့ဆန္ဒ ရှိတတ်သည်၊ မည်သို့ ဆင်ခြင်သင့်သည်ကို အကြံပေး လမ်းညွှန်ထားသည်။
အိုသွေးပိုင်ရှင် တို့သည် ရည်မှန်းချက် အောင်မြင်လျှင် နောက်ရည်မှန်းချက် ကြီးကြီးသို့ ခြေလှမ်း ပြင်တတ်ကြသည်။ ရည်မှန်းချက် အတိုင်း မဖြစ်မနေ ငွေရှာရာ၌ လောင်းကစားခြင်း သို့မဟုတ် ထိုကဲ့သို့ ဆန်ဆန် ပြုမူရသည်ကို လုပ်ဆောင် တတ်ကြသည်။
ယင်းတို့ အနေဖြင့် ထိုအချက်များကို ဆင်ခြင်ပြီး တစ်ဖက်စွန်း မရောက်စေရန်၊မလွန်ကဲစေရန် သတိပြု သင့်ပေသည်။ အေသွေး ပိုင်ရှင်တို့သည် ငွေအသုံး လွယ်တတ်သည်။ အိုသွေးပိုင်ရှင် တို့ကဲ့သို့ ပြင်းပြင်းထန်ထန် ရှာဖွေ စုဆောင်းခြင်း ပြုလေ့ မရှိကြ။
ယင်းတို့အနေဖြင့် ငွေကိုကြိုတင် စုဆောင်းထားသော အလေ့အကျင့် မွေးမြူသင့်သည်။ ဘီသွေးပိုင်ရှင် တို့သည် ငွေသုံးစွဲပုံ နှစ်မျိုး ရှိတတ်ကြသည်။ မိမိကြိုက်နှစ်သက် ရာ ကိစ္စအတွက် သို့မဟုတ် ပစ္စည်းအတွက် ဆိုလျှင် ငွေမည်မျှ ကုန်ပါစေ၊ နှမြောတွန့်တိုခြင်း မရှိကြဘဲ မိမိအတွက် ပျော်ရွှင်မှု မပေးနိုင်သည့် အကြောင်းအရာများ အတွက်မူ ငွေကုန်ခံရန် လွန်စွာ တွန့်တိုတတ်ကြသည်။ ထိုသူများ အနေဖြင့် မျှမျှတတ စဉ်းစားချင့်ချိန်၍ ငွေသုံးစွဲတတ်ရန် လိုသည်။ အေဘီသွေး ပိုင်ရှင်တို့သည် ဝေငှသုံးရာတွင် များသောအားဖြင့် အေးအေးဆေးဆေး ချင့်ချိန်သုံးလေ့ ရှိကြသည်။
အချစ်ရေး
သွေးအုပ်စု အမျိုးအစားအလိုက် အခြေခံ၍ မိမိချစ်သူကို ရွေးချယ်ရန် မလိုပါ။ မိမိ မေတ္တာသက်ဝင် ချစ်ခင်သူ၏ အချစ်ရေးနှင့် ပတ်သက်သည့် အခြေခံ စိတ်နေ သဘောထားကို သိထားပါက သူနှင့် မိမိတို့၏ အချစ်ရေး ရေရှည်ခိုင်မြဲကာ သာယာဖြောင့်ဖြူး နိုင်ရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။
အိုသွေးပိုင်ရှင် တို့သည် မိမိကိုယ်ကို မိမိ အချစ်ကြီးသည်။ အစွဲအလမ်း ကြီးလွန်းသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပါ။ ချစ်သူနှင့် ခွဲခွာခဲ့ရလျှင် မကြာခင် ဖြေဖျောက်နိုင် ပါလိမ့်မည်။ အေသွေးပိုင်ရှင် တို့သည် အချစ်ကြီး တတ်သူများ ဖြစ်၏။ တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြ၏။ ချစ်သူနှင့် ခွဲရပြီ ဆိုလျှင် အခြားသူများထက် ပို၍ ခံစားရလေ့ရှိ၏။ ဘီသွေးပိုင်ရှင် တို့သည် တစ်ခါတစ်ရံ အချစ်ကို ပေါ့ပေါ့ဆဆ သဘောထား တတ်ကြ၏။ မိမိကိုယ် မိမိသာ ပိုမိုခင်တွယ်တတ် ဦးစားပေးတတ် သဖြင့် ချစ်သူ၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။ ထိုအချက်မျိုးကို ဘီသွေးပိုင်ရှင်တို့ ဆင်ခြင်သင့်သည်။ အေဘီသွေး ပိုင်ရှင်တို့သည် အချစ်ရေးနှင့် ပတ်သက်လျှင် စိတ်ကူးယဉ် အိပ်မက် မက်လွန်းသူများ ဖြစ်ကြ၏။ အခြေအနေ မှန်နှင့် ကင်းကွာ နေတတ်ကြ၏။ ထိုအချက်ကို ဆင်ခြင် သတိပြုသင့်သည်။
ဤသည်တို့မှာ ယေဘုယျအားဖြင့် မှန်ကန်ကြ၍ ထိုသွေးအုပ်စု ဝင်တိုင်း ထိုသို့ ဖြစ်ရမည်ဟု ပုံသေကားချပ် တစ်ယူသန် စွဲမှတ်ပြီး ဆက်ဆံကြရန် မလိုပါ။
ဖြစ်တတ်သည့် သဘောကိုသာ တင်ပြခြင်းဖြစ်သည်။

လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ်





အင်တာနက် ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက် အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည် ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ်က CNN သတင်းသို့ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ လူတိုင်း၊ နေရာတိုင်း အင်တာနက် သုံးစေချင်ပါတယ်။ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကွန်ပျူတာနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ် ပါဘူး။ သူတို့ကို ဆိုင် တစ်ဆိုင်ကိုသွား၊ ဖုန်း တစ်လုံးဝယ်၊ အွန်လိုင်းပေါ် တက်ပြီး အင်တာနက် သုံးနိုင်စေချင်ပါတယ်” ဟု ဇူကာဘတ်က CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့ပြင် သူက “အွန်လိုင်းပေါ်မှာ ဘယ်လို အစိုးရမျိုးကို လိုချင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ ကျန်းမာရေး အတွက်လည်း ကြည့်ချင် ကြည့်မယ်။ မိုင်ရာချီ ဝေးတဲ့ နေရာက မိသားစုတွေနဲ့ နှစ်ပေါင်းများစွာ မတွေ့ရသူတွေကို ဆက်သွယ်ချင်လည်း ဆက်သွယ်ကြလိမ့်မယ်” ဟု ပြောကြားခဲ့ သည်။ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံ ရှိသည့်အနက် ၄ ဒသမ ၅ ဘီလီယံခန့်မှာ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။
အထူးသဖြင့် အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက် အများဆုံးမှာ Eritrea နိုင်ငံတွင် လူဦးရေ ဒသမ ၈ ရာခိုင်နှုန်း၊ Timor-Leste တွင် ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် သုံးစွဲနိုင်သေးကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်သာ အင်တာနက် မသုံးနိုင်သေးကြောင်းကိုလည်း နှိုင်းယှဉ် ဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် ယနေ့အထိ လူမှုကွန်ရက် Facebook သုံးစွဲနေသူပေါင်း ၁ ဘီလီယံခန့် ရှိသည်။ ဇူကာဘတ်ကလည်း ကမ္ဘာသူ ကမ္ဘာသား အားလုံး မိမိတို့ စိတ်ကူးကို ဖော်ထုတ်ခွင့် ရှိကြောင်း၊ လွတ်လပ်စွာ ပြောဆို ဖော်ထုတ်ခွင့် ရှိကြောင်း၊ ဆက်သွယ် ပြောဆိုပိုင်ခွင့်သည် လူ့အခွင့်အရေးဖြစ် ကြောင်း ပြောကြားခဲ့သည်။ လူတိုင်း အင်တာနက် သုံးစွဲခွင့် ရရေးအတွက် မိမိအနေဖြင့် လက်ရှိ ဒေါ်လာ ၁ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ထို့ထက်လည်း ပိုမို သုံးစွဲရန် ရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။

ကျီးပေါင်းအတွက် သင်္ဘောရွက်






သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး
သည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။
အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။
ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။

သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစအရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင်ေ ခါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

ကြည်လွင်မြင့်(မုဒြာ)

သဘာဝရဲ့အားအင်

ဦးနှောက်ကို အမြဲနုပျိုနေစေရန်





(၁) လှုပ်ရှားပါ
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြေ
ာဖွဲ့စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။
(၂) အစာကျွေးပါ
ဟင်းသီးဟင်းရွက်များနှင့်သီးနှံများတွင်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)များပါဝင်သောကြောင့် ဖရီး ရယ်ဒီကယ် (free radical) ဟုခေါ်သည့် အိုမင်းရင့်ရော် စေသောဓါတ်များကိုချေဖျက်ပေးနိုင်သည်။
(၃) အရှိန်တင်ပါ
ဦးနှောက်လုပ်ငန်းများသည်အသက်သုံးဆယ်ဝန်း ကျင်မှစ၍ဖြည်းဖြည်းချင်းဆုတ်ယုတ်လာသည်။ သို့သော် ဦးနှောက်ကိုအမြဲတစေ အလုပ်ခိုင်းစေနေသူများ၌ ဦး နှောက်အိုမင်းမှုကို ဆိုင်းငံ့ထားနိုင်သည်။ စကားလုံး ဆက်ကစားခြင်း၊ပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ် တစ်ခုသင်ယူခြင်း၊ တူရိယာပစ္စည်းတီးမှုတ်ရန်သင်ယူခြင်း တို့ဖြင့်ဦးနှောက်ကို အမြဲတစေသစ်လွင်နေစေရန် ထိန်း သိမ်းနိုင်သည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုသည်ဦးနှောက်တည် ငြိမ်မှုနှင့်မှတ်Óဏ်မှတ်သားနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေသည်။နာတာ ရှည် စိတ်ဖိစီးမှုခံရသောအခါ ဦးနှောက်၏့ငစစသခောစကျ ဟုခေါ် သောအစိတ်အပိုင်းသည် မှတ်Óဏ်မှတ်သားနိုင်စွမ်းလျော့နည်းလာသည်။
(၅) ရယ်ပါ
ဟာသဓါတ်ခံရှိခြင်းကြောင့် ဦးနှောက်မှဒိုပါမင်း (dopamine) ဟော်မုန်းများထွက်ရှိလာပြီးစိတ် ကြည် လင်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်သည်။ ဒိုပါမင်းဟော်မုန်းသည် ဦးနှောက်ဆဲလ်များအတွက် အားဆေးတစ်ခုလည်းဖြစ် သည်။
ဇော်ကို
Source:RD
Health Updates Journal

Related Posts Plugin for WordPress, Blogger...