Friday, January 31, 2014

ယောင်္ကျားလေးများ မိန်းကလေးတွေကိုမြင်ရင် အရင်ဆုံးကြည့်တတ်ခြင်းသည် ရင်သားဟုဆို


အမျိုးသားတွေ တစ်ဦးနဲ့တစ်ဦးအသွင်အပြင် စရိုက်လက္ခဏာတွေ မတူကြပေမယ့် တူတဲ့နေရာ တစ်ခုတော့ရှိတယ်နော်။ အဲဒါကတော့ အမျိုးသမီးတွေကို တွေ့လိုက်ရင် ဘယ်အရာတွေကို သတိထားကြည့် မလဲဆိုတာပါပဲ။ ရင်ဘတ်တွေကိုတော့ သတိမထားမိလိုက်ပါဘူးကွာလို့ပြောရင် အဲဒီလူ ညာနေပါပြီ။

အမျိုးသမီးတစ်ယောက် အပေါ် အမျိုးသားတိုင်း သတိထားမိတတ်တဲ့ အရာ (၈)မျိုးရှိပါတယ်။

(၁) ဆံပင်

မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံဟာ သူမကိုယ်သူမ ဘယ်လိုထိန်းသိမ်းထားလဲဆိုတာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ တကယ်လို့များ သူမဟာ ဆံပင်ကို အလွန်မွမ်းမံထားပြီး ဆန်းပြားတဲ့ ဖက်ရှင်မျိုးနဲ့ဆိုရင်တော့ သူမဟာ ဆံပင်ကိုအတော်လေး ပြုပြင်ထိန်းသိမ်းလေ့ရှိသူလို့ သိနိုင်ပါတယ်။

(၂) ကိုယ်ဟန်သွင်ပြင်

သူမရဲ့ ခန္ဓာကိုယ်အနေအထားလောက် သူမကို အကဲဖြတ်နိုင်စွမ်းရှိတာ မရှိပါဘူး။ သူမရဲ့ ခန္ဓာကိုယ် သွင်ပြင် အနေအထား တည်ဆောက်ပုံတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဘယ်လောက် ယုံကြည်မှုရှိတယ် ၊ မရှိဘူး စသဖြင့် အကဲဖြတ်ကြည့်လို့ရပါတယ်။

(၃) နှုတ်ခမ်း

ဟုတ်တာပေါ့။ အမျိုးသားတွေကို ပထမဆုံးဆွဲဆောင်နိုင်တဲ့ အရာတစ်ခုက နှုတ်ခမ်းပါပဲ။

(၄) အပြုံး

လှပတဲ့အပြုံးတစ်ခုဟာ အမျိုးသားတွေအတွက် များစွာအဓိပ္ပါယ်ရှိပြီး ဒါကိုသူတို့လည်း သိကြပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေကိုတွေ့တဲ့အခါ အပြုံးတွေကို ဂရုတစိုက် ဖတ်မိတတ်တာပေါ့။

(၅) ဖိနပ်တွေ

ဒီခေါင်းစဉ်ကို မြင်လိုက်ရတဲ့ တချို့သောအမျိုးသမီးတွေက ဖြစ်နိုင်ပါ့မလားလို့ မယုံချင်တတ်ကြဘူး။ ဒါပေမယ့် အမျိုးသားတွေဟာ တကယ်ပဲ ရှူးတွေကို သတိပြုမိတတ်ကြပါတယ်။ အမျိုးသမီးတွေ heels ၀တ်တာက သူတို့တွေအတွက် တကယ်ပဲ sexy ကျပါတယ်။

(၆) မျက်လုံး

ရုတ်တရက် လှမ်းကြည့်လိုက်တဲ့ ခပ်စူးစူးအကြည့်တွေ ၊ ဒါမှမဟုတ် မြူဆွယ်လိုတဲ့ မျက်လွှာချဟန်တွေ ဒါတွေအားလုံး လုပ်နိုင်တဲ့ မျက်ဝန်းတစ်စုံဟာ အမျိုးသားတွေအတွက် အန္တရာယ်အကြီးဆုံးပါ။ ဒါကြောင့် သူတို့က မျက်လုံးတွေကိုလဲ သတိထားကြပါသေးသတဲ့။

(၇) နေပုံထိုင်ပုံ

နေပုံထိုင်ပုံဆိုလို့ ဒီခေတ်ကြီးအတွက် ရှေးတုန်းကလို အိနြေ္ဒကြီးတစ်ခွဲသားကို မဆိုလိုပါဘူး။ သူမရဲ့ ပြောပုံဆိုပုံ ၊ အနေအထိုင်တွေနဲ့ အပြုအမူတွေအားလုံးဟာ သူမရဲ့ အဆင့်အတန်းကို ဖော်ပြနေပါတယ်။ ဒါကြောင့် အမျိုးသားတွေက ဒါမျိုးကိုလည်း လက်မလွတ်စတမ်း အကဲခတ်ကြပါသေးတယ်။

(၈) ရင်သားများ

ဝန်ခံလိုက်ပါ ။ အမျိုးသားတွေအားလုံး ဒါကိုတော့ မလွဲမသွေ သတိပြုမိကြမှာပါ။ သိသိသာသာကြီး မဟုတ်တောင် ဖျတ်ခနဲလောက်တော့ အကဲခတ်တတ်ကြပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ သူတို့ ကြိုက်သလို ယူဆကြမှာပေါ့။

Ref:mensxp

အန္တရာယ်ရှိသောအစားအစာ ဆယ်မျိုး




မြေပဲ(သို့) မြေပဲမှုန့် ၊ ပဲသိးအမျိုးမျိုး ၊ ကြီးမားသောပင်လယ်ငါးအမျိုးမျိုး ၊ Bubble Tea ၊ ငါးသေးသေး
အမျိုးမျိုး ၊ Salad ။ ဝက်ကျောက်ကပ် ၊ ပုဇွန် ၊ ပြည်ကြီးငါး ၊ ကော်ဖီမှုန့်တို့ဖြစ်ပါတယ် ။
❉ မြေပဲတွင်Aflatoxin ဆိုတဲ့အဆိပ်က သာမန်တွေ့ရှိရတဲ့ဒြပ်ဖြစ်ပါတယ် ။
အဲဒီအဆိပ်က အသည်းကင်ဆာကိုဖြစ်စေတဲ့အဆိပ်ပြင်းတစ်မျိုးဖြစ်တယ် ။
မြေပဲ ၊ မြေပဲယို စားသုံးရာတွင်လည်းအထုးသတိပြုသင့်ပါတယ် ။
❉ ပဲသီးအမျိုးမျိုး ကို အဆက်မပြတ် ဆွတ်ခုးနိင်တာမို့ ပိုးသတ်ဆေးများ လွန်ကဲစွာ ပဲသီးများတွင် ကျန်ရှိနေနိင်ပါတယ် ။ဒါကြောင့်မို့ပဲသီးရဲ့အပြင်ဖက်ကို သေချာ ပွတ်သပ်ဆေးကြောပါ ။
Soda (စား ဆော်ဒါ ကိုရေနှင့်ဖျော်ပြီး ) ရေထဲမှာ ၅မိနစ် စိမ်ထားပါ ။
ရေနိင်နိင်ဆေးခြင်းဖြင့်ပိုးသတ်ဆေးများကိုဖယ်ရှားနိင်ပါတယ် ။
❉ Bubble Tea (Pearl milk tea ) ထဲမှာပါတဲ့ လဖက်ခြောက်ထဲမှာ ပိုးသတ်ဆေးများပါဝင်နိင်တယ် ။ Pearl ကို မပုတ်သိုး မပျက်အောင် ဆေးများထည့်ထားတတ်ပါတယ် ။ ရေခဲတွင် ဗက်တီးရီးယားပိုးများရှိနေတတ်ပြီး လွန်ကဲသောသကြားများပါဝင်တယ် ။
Pearl လုံးတွေကို ကြွပ်တဲ့အရသာရှိအောင် ဆေးများထည့်ထားတာမို့
" ဓာတု ပာင်းရည် " နဲ့ တုတယ် ။
❉ကြီးမားသောပင်လယ်ငါးများ (swordfish, tuna, sharks....etc) တွင် မာကူရီ ဒြပ် ( Mercury ) ပါတာမို့ သတိထားစားသုံးသင့်ပါတယ် ။
❉ငါးအသေးအမျိုးမျိုး (အထုးသဖြင့်) ငါးခြောက်များတွင်လွန်ကဲသောဆားဒြပ်နဲ့ အရောင်းလှဖို့ ချွတ်ဆေးများ ၊ အရောင်တင်ဆိုးဆေး များကို သုံးတတ်တာမို့သတိထားသင့်ပါတယ် ။
❉ salad ထဲမှာပါဝင်သောပာင်းသီးပာင်းရွှက်များတွင် Parasites(ကပ်ပါးကောင်) ၊ ပိုးသတ်ဆေး များကျန်ရစ်နေတတ်တာမို့
အစိမ်းစားတာထက် အကျက်စားတာက ပိုသင့်တော်ပါတယ် ။
❉ စားကြွင်းစားကျန်များကို စားသောဝက်များက
အလွယ်တကူ ကျောက်ကပ်ရောဂါများဖြစ်တတ်တယ် ။
❉ ပုဇွန် ကို ကြွပ်စေဖို့ Borax ( လက်ချား) ဖြင့်စိမ်ထားတာမို့
(မပုတ်သိုးစေတဲ့စွမ်းအားရှိတယ် ။) ကျောက်ကပ်ကိုထိခိုက်နိင်ပါတယ် ။
❉ ပြည်ကြီးငါး ကို မပုတ်သိုး မပျက်အောင် ဆေးစိမ်ထားတတ်မို့
ကျန်းမာရေးကိုထိခိုက်နိင်ပါတယ် ။
❉ မှိုတက်နေသောကော်ဖီစေ့မှာ Ochratoxin ဆိုတဲ့ဒြပ်က အဆိပ်ဖြစ်တာမို့ကော်ဖီမှုန့်ကြိတ်သောက်မိလျှင် ကျောက်ကပ်ကိုထိခိုက်စေနိင်ပါတယ် ။ ဒါကြောင့်မို့လတ်ဆတ်သောကော်ဖီမှုန့်ကို ဖျော်သောက်သင့်ပါတယ် ။။။။။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့
ခေတ်နဲ့အညီ အစားအသောက်တွေကလည်း စားချင်စဖွယ် ၊ စားကောင်းအောင် ချက်ပြုတ်နည်းကလည်းစုံ ။ သဘာဝမပာုတ်သော
ပာင်းခတ်အမွေးအကြိုင်များကိုထည့်သုံးတာလည်း ကျင့်သားဖြစ်နေပြီ ။
အငန် အဆီအစိမ့်အချို နည်းနည်းလျှော့လိုက်တာနဲ့ အရသာမရှိတော့ဘုး ၊
စားမကောင်းဘုးဆိုပြီး စိတ်အလိုလိုက်မိတော့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုတာ မတွေးမိတော့ဘုး ။ နေထိုင်စားသုံး အလေ့အထ တွေ
ခေတ်မှီလာတာနဲ့အမျှ ရောဂါ တွေပေါင်းစုံ ပေါ်ထွက်လာတာကိုတွေ့ရတယ် ။ ရောဂါထဲမှာ အမြဲ ပထမက ကင်ဆာ ပါပဲ ။ လုလတ်ပိုင်းအရွှယ်
ဖြစ်တတ်တာက သွေးတိုး နဲ့ဆီချို ==> အခြေအနေဆိုးလျှင် ကျောက်ကပ်ဆေး ရတဲ့ ဝေဒနာရှင်တွေများလာတာကိုတွေ့ရတယ် ။ သွေးတိုးနဲ့ဆီချိုက မျိုးရိုး အလိုက် ဖြစ်နိင်သလို အနေအထိုင် အစားအသောက် နဲ့လည်း ဆိုင်ပါတယ် ။ ဘဝမှာကျန်းမာရေးကအရေးကြီးတာမို့ဂရုစိုက်ပါ ။
သူငယ်ချင်းများအားလုံးကျန်းမာပါစေ

မုန်ညင်းဆီရဲ့ ကျန်းမာရေး အကျိုးပြု အာနိသင်များ




မုန်ညင်းဆီဟာ မြောက်ပိုင်း အိန္ဒိယ၊ ကိုရီးယား၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သုံးစွဲမှု များပြားတဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။

အမေရိကန် ဥရောပနဲ့ ကနေဒါနိုင်ငံ တွေမှာတော့ လူသားတွေ စားသုံးဖို့ မသင့်တော်ဘူးလို့ သတ်မှတ် ကြပါတယ်။ သူ့မှာ ပါဝင်တဲ့ erucic acid ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမုန်ညင်းဆီကို နှိပ်နယ်တဲ့ နေရာမှာတော့ အသုံးများ ကြပါတယ်။

မုန်ညင်းဆီဟာ အခြားဟင်း ချက်ဆီတွေထက် စာရင် ပြည့်ဝဆီတွေ များပြားတဲ့ အတွက် ဟင်းချက်ရာမှာ အသုံးမပြုဘဲ ဆေးဝါး အဖြစ်သာ အသုံးပြု ကြပါတယ်။ ဆီး၊၀မ်း စွန့်ထုတ်ခြင်း၊ သွေးလှည့်ပတ်ခြင်းနဲ့ အစာခြေဖျက်ခြင်း ဖြစ်စဉ်တွေလို ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ဖြစ် ရပ်တွေမှာ အရေးကြီးတဲ့ သည်းခြေရည်နဲ့ အစာခြေရည်တွေ ထုတ်လုပ်ခြင်းကို မုန်ညင်းဆီက အားပေး ပါတယ်။ နောက်ပြီး အ၀လွန်ခြင်းနဲ့ ကျောက်ကပ် ရောဂါတွေကို မုန်ညင်းဆီ အနည်းငယ် စားသုံးပေးခြင်းက ကာကွယ် နိုင်ပါတယ်။

နောက်ပြီး မုန်ညင်းစေ့မှာ phytonutrients တွေပါဝင်တဲ့အတွက် အစာအိမ် ကင်ဆာနဲ့ အူမကြီး ကင်ဆာကို ကာကွယ် နိုင်ပါတယ်။ မုန်ညင်းဆီ လိမ်းပြီး နှိပ်နယ် ပေးမယ်ဆိုရင် အဆစ်အမြစ် ရောင်ရောဂါနဲ့ လေးဖက် နာရောဂါတွေ၊ ကြွက်သား နာကျင် ကိုက်ခဲခြင်းတွေကို သက်သာ စေပါတယ်။ မုန်ညင်းဆီမှာ ပါဝင်တဲ့ selenium ကြောင့် ရှူပေးမယ်ဆိုရင် ပန်းနာရင်ကြပ် ရောဂါနဲ့ အဆစ်ကိုက်ခြင်း တွေကို သက်သာ စေပါတယ်။

မုန်ညင်းဆီမှာ ပါဝင်တဲ့ ဗီတာမင်အီးက အရေပြား ကျန်းမာရေးကို အထောက်အကူ ပြုစေရုံသာမက ခရမ်းလွန် ရောင်ခြည် ဒဏ်ကနေ ကာကွယ်ပေးသလို အရေးအကြောင်း ဖြစ်ပေါ်ခြင်း ကိုလည်း တားဆီး ပေးပါတယ်။ အအေးမိခြင်း၊ နှာစေး ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း တွေမှာ မုန်ညင်းဆီကို အသုံးပြုပေးရင် သက်သာ စေတယ်လို့ သိရပါတယ်။ ဟင်းချက်တဲ့ အခါမှာလည်း မုန်ညင်းစေ့ လေးတွေကို ဖြူးပေးရင် အရသာ တစ်မျိုးလေး ကောင်းမွန် စေပါတယ်။

သန့်စင်

ဘီလီယံ ၅၀၀ ကြွေးကျန် မတ်လ ၁၅ မတိုင်မီ အပြီးရှင်းမည်




သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရဲ့ နှစ်အဆက်ဆက် ကြွေးကျန် ကျပ်ငွေ ဘီလီယံ ၅၀၀
ကိစ္စကို ဒုသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်ပြီး လာမယ့် မတ် ၁၅ ရက်နေ့မှာ အပြီး ဖြေရှင်းမယ်လို့ လွှတ်တော် ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖြေရှင်းမယ့် နည်းနာတွေနဲ့ တကွ ဖော်ပြထားတာပါ။

ပုဂ္ဂလိက ကြွေးကျန်တွေဖြစ်နေရင် ဒီအတိုင်းတောင်းလို့ မရရင် ဥပဒေအရ ဆောင်ရွက်မယ်၊ ရဖို့ ပေးဖို့ ကိုက်ညီနေတာတွေကို စာရွက်ပေါ်မှာ စာရင်းလွှဲပြောင်းတဲ့ နည်းနဲ့ ဆောင်ရွက်မယ်၊ ရဖို့ ပေးဖို့ မကိုက်ညီတဲ့ ဌာနဆိုင်ရာ ကြွေးနဲ့ ပုဂ္ဂလိက ကြွေးကျန် တွေကို ဆုံးရှုံးမှုအဖြစ် သတ်မှတ်ပြီး စာရင်းကနေ ပယ်ဖျက်လိုက်မယ်လို့ ဖော်ပြထားပါတယ်။

ဒီငွေ ဘီလီယံ ၅၀၀ ကျော်ဟာ ၀န်ကြီးဌာန ၂၁ ခုနဲ့ နေပြည်တော် စည်ပင်က နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်နေတဲ့ ငွေတွေ ဖြစ်ပါတယ်။

တောင်ကြီး၌ အမျိုးသမီး တဦးအား အုပ်စုလိုက် ရိုက်နှက်





တောင်ကြီးမြို့ မြို့မဈေး အပေါ်ထပ်တွင် အမျိုးသားတဦးအား မတော်တဆ တိုက်မိသည့် အမျိုးသမီး တဦးကို အဆိုပါအမျိုးသား၏ အပေါင်းအပါ ၅ ဦးက ၀င်ရောက် ထိုးကြိတ် ရိုက်နှက်ရာ အမျိုးသမီးမှာ ဒဏ်ရာအပြင်း အထန်ဖြင့် ဆေးရုံ တင်လိုက် ရသော်လည်း အမျိုးသားများအား ရဲစခန်းက အာမခံဖြင့် လွှတ်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
“ကျမတို့ ရဲစခန်းမှာအမှုသွားဖွင့်တာလဲ အချိန် ၆ နာရီတောင်ကြာတယ် ၊ ကျမ တို့ကို ဆင်းရဲသား ဈေးသည် ဆိုပြီး အဘက်ဘက်က အနိုင်ကျင့်နေတာ ၊ ကျမသမီး သွေးသံတရဲရဲနဲ့ အကျီကြယ်သီး တွေ ပြုတ်ပြီး ကျမဆီပြေးလာတဲ့မြင်ကွင်း ကျမ မြင်ယောင်နေမိတယ်။ ကျမ မခံစားနိုင်ဘူး။ အမှားကျူးလွန် တဲ့ ဟို ၆ ယောက်ကိုလဲအာမခံနဲ့ပြန် လွှတ်ပေးတယ် ” ဟု မမြင့်မြင့်အေး၏ မိခင်ဖြစ်သူ ဒေါ်သီ က ပြောသည်။
ယမန်နေ့မနက်က ဂျန္နဝါရီလ ၂၈ ရက်က မြို့မဈေးအပေါ်ထပ် ရွှေရုပ်လွှာ အထည်ဆိုင်ရှေ့ တွင် လမ်းလျှောက်ဖြတ် လာသော ချမ်းမြသာစည် ရပ်ကွက်သူ မမြင့်မြင့်အေး (၂၄)နှစ် က အဆိုပါဆိုင်မှ ၀န်ထမ်း အမျိုးသား တဦးနှင့် မတော်တဆ ၀င်တိုက်မိရာမှ သူမအား ဝိုင်းဝန်းထိုးကြိတ် ခဲ့ကြခြင်းဖြစ် သည်။
“ကျမတို့ အရင်ကလည်း ဘာရန်ငြိုး ရန်စမှမရှိပါဘူး။ ကျမ မတော်တဆ ၀င်တိုက်မိတာပါ။ သံလက်သီး တွေ စွပ်ပြီး ကျမကို တစ်ယောက်က အရင်ထိုးတယ်။ ကျမနှုတ်ခမ်းပေါက်သွားတယ်။ ကျန်တဲ့လူတွေ က ရောက် လာ ပြီး ကျမကိုထပ်ဝိုင်းထိုးကြတယ်။ ဘယ်နှစ်ချက်မှန်း မသိဘူး ကျမ မူးပြီးသွေးအန်တဲ့အထိ ဘဲ ” ဟု မမြင့်မြင့်အေးမှ ရှင်းပြသည်။
မမြင့်မြင့်အေး၏ မိခင်ဖြစ်သူမှာ အဆိုပါ ဆိုင်တန်းတွင်မူ ဈေးရောင်းကြောင်း၊ အဆိုပါ အမျိုးသား ၆ ဦးထိုးကြိတ်ရိုက်နှက်ပြီး ထွက်ပြေးသွားပြီးနောက် မိန်းခလေးမှာ မိခင်ဈေးရောင်းရာ ဈေးဆိုင်သို့ ပြေး ကာ အကူအညီတောင်း ဆိုကြောင်း ဒဏ်ရာပြင်းထန်သဖြင့်ဆေးရုံသို့ ပို့ဆောင်ကုသပြီး အဆိုပါ အမျိုး သား များကိုလည်း အမှုဖွင့်အရေးယူထားကြောင်း မိခင်ဖြစ်သူ ဒေါ်သီက ပြောပါသည်။
ယင်းအကြမ်းဖက်မှုဖြစ်ပွားချိန်တွင် ၀င်ရောက်ဖျန်ဖြေပေးသော မရွှေသဲ ဆိုသူအားလည်း မြို့မဈေး၊ ဈေးခေါင်းရုံးက မျက်မြင်သက်သေအဖြစ် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ဒေါ်သီက ဆိုပါသည်။
အဆိုပါ အမျိုးသား ၆ ဦးအား အမှတ်(၁) မြို့မရဲစခန်း၌ (ပ)၃၁/ ၂၀၁၄ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုခြင်း ၊ ပုဒ်မ ၃၅၄ မိန်းမ ကာယိနြေ္ဒ ပျက်စီးအောင် ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်း၊ ပုဒ်မ ၃၂၃ နာကျင်အောင် ကိုယ်ထိလက်ရောက်ကျူးလွန်ရိုက်နှက်ခြင်း အစရှိ အမှုများဖွင့်ထားကြောင်း ၊ သို့သော် အမျိုးသားခြောက်ဦး အား အာမခံချက်ဖြင့် ရဲစခန်းက လွှတ်ပေးထားကြောင်း သိရှိရပါသည်။
သျှမ်းသံတော်ဆင့်

ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း




ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် အနောက်နိုင် ငံတွေ မှာတော့ ရေပန်း စားတွင် ကျယ်လာခဲ့တာ အတော်လေးကြာပြီဖြစ်ပါတယ် ။ အမှန်တော့ ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း ( post-mastectomy breast reconstruction) အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ဒါ့အပြင် မွေး ရာ ပါ ရင်အုံ ( chect wall ) ပုံသဏ္ဍာန်မမှန်ခြင်း နဲ့ အမျိုးသားကနေ အမျိုးသမီး အဖြစ် အသွင် သဏ္ဍာန်ပြောင်းလဲခြင်း မှာလည်း ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အဓိက အခန်းကဏ္ဍ အဖြစ် ပါဝင်ပါတ် သတ်လာပြီဖြစ်ပါတယ် ။ ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ breast implant devices တွေဖြစ်တဲ့ saline ၊ silicon နဲ့ silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။ Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့် အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ် ။ ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။

Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်တုန်းက breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) စသည်တို့ကို ပြုပြင်ပြောင်း လဲရန်အတွက် အသုံးပြုခဲ့ကြပါတယ် ။ ၁၉၈၅ ခုနှစ်မှာတော့ ခွဲစိတ် ဆာဂျင် Vincez Czerny ဟာ လူနာရဲ့ ကိုယ်ပိုင် adipose တစ်ရှူး တွေ ၊ ဖယ်ထုတ်လိုက်တဲ့ အန္တရာယ်ရှိ benign lumbar lipoma တွေကိုအသုံးပြုပြီး ကျူမာတစ်ခုကနေ သူဖယ်ထုတ်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက်ရင်သားမညီတဲ့ ပြဿနာကို ဖြေရှင်းခဲ့ခြင်းအားဖြင့် ခွဲစိတ် မှုကို ပြုလုပ်ခဲ့ပါတယ် ။ ၁၈၈၉ ခုနှစ်မှာတော့ ခွဲစိတ်ဆာဂျင် Robert Gersuny ဟာ ပါရာဖင် ထိုးဆေးထိုး သွင်းခြင်း ကိုစမ်းသပ်လုပ်ဆောင်ခဲ့တယ် ။ ၂၀ ရာစုအစောပိုင်းမှာတော့ ဆရာဝန်တွေဟာ breast implant filters တွေဖြစ် တဲ့ ivory ၊ ဖန်ဘောလုံး ၊ ရာဘာ ၊ နွားထီး အရိုးနု ၊ Terylene wool ၊ gutta-percha ၊ Dicora ၊ polyethylene အစရှိတို့ကို ဆက်လက် အသုံးပြုလာခဲ့ကြပါတယ် ။

Breast Implant သုံးမျိုး

၁ ။ saline impants ( saline အရည် ထည့်သွင်းထားခြင်း)
၂ ။ silicone implants ( ဆီလီကွန်ဂျယ် ထည့်သွင်းထားခြင်း)
၃ ။ Alternative- composition implants ( soy အဆီ ၊ polypropylene string ၊ et cetera စသည်တို့ ထည့်သွင်းခြင်း ) စတဲ့ သုံးမျိုးဖြစ်ပါတယ် ။

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ

မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

(အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှဖြေကြားပါသည်။)

Ref : wikipadia/breast implant
Q & A they want to know about health produced by Ziwaka

သက်တန့်ချို

မွတ်ဆလင်သူပုန်များကို အစွမ်းကုန်ဖြိုခွင်းမည်ဟု ဖိလစ်ပိုင်သမ္မတဆို





ဖိလစ်ပိုင်တွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းသည်အထိ အုံကြွနေသော ခွဲထွက်ရေး စစ်သွေးကြွများကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီ ဖြစ်သည်။

ဖိလစ်ပိုင် သမ္မတ ဘီနီဂို အကွီနိုက အဖျက်သမား မွတ်ဆလင် ခွဲထွက်ရေး သူပုန်အဖွဲ့များကို ဖြိုခွင်းရန် အပြင်းအထန် လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်သည်။ ဖိလစ်ပိုင်တွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းသည်အထိ အုံကြွနေသော ခွဲထွက်ရေး စစ်သွေးကြွများကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စစ်တပ်၏ ထိုးစစ်များကြောင့် စစ်သွေးကြွ (၃၈)ဦးထက်မနည်း သေဆုံးခဲ့သလို ယင်းတိုက်ခိုက်မှုများကို ဆက်လက် မြှင့်တင်ရန် သံဓိဋ္ဌာန် ချထားကြောင်း အကွီနိုက ဆိုသည်။

အစိုးရသည် နိုင်ငံ၏ အင်အားတောင့်တင်းသော သူပုန်အဖွဲ့ တစ်ခုဖြစ်သည့် ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး စစ်သည်များ (BIFF)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို စနေနေ့က ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ချက်ချင်းလိုလိုပင် သူပုန်တပ်များ အခြေစိုက်ရာ နယ်မြေများတွင် တပ်များဖြန့်ကျက်ကာ ထိုးစစ်ကို စတင်ခဲ့သည်။ "လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဒီစစ်ဆင်ရေးတွေကို အလေးအနက် လုပ်ဆောင်မှာပါ။ ကျွန်တော်တို့ ဖိလစ်ပိုင် လူထုကို ထိခိုက်လာစေမယ့် ဥပဒေမဲ့ လှုပ်ရှားမှုတိုင်းကို တိုက်ဖျက်သွားပါမယ်။ အဖျက်သမားတွေရဲ့ လုပ်ဆောင်မှုတိုင်းကို ဆိုးဆိုးရွားရွား ကျဆင်းထိခိုက်သွားစေရမယ်။ သူတို့ဟာ ငြိမ်းချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးနေသူတွေ ဖြစ်ပါတယ်"ဟု အကွီနိုက မနီလာမြို့တော်တွင် သတင်းထောက်များအား ပြောကြား သွားခဲ့သည်။

ဖိလစ်ပိုင်တွင် အင်အားအကြီးဆုံး အစ္စလာမ်မစ် သူပုန်အဖွဲ့မှာ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးဖြစ်ပြီး (၁၉၇၀)ပြည့်လွန် နှစ်များကတည်းက မွတ်ဆလင်ဦးရေ ထူထပ်သည့် နယ်မြေများကို ခွဲထွက်ခွင့်ပေးရန် အစိုးရကို ထောင်ထားခြားနား တိုက်ခိုက်လျှက် ရှိသည်။ ဖိလစ်ပိုင်သည် ကက်သလစ် ဘာသာဝင် အများစု နေထိုင်သော နိုင်ငံဖြစ်သည်။ အဆိုပါ နှစ်များအတွင်း သူပုန်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၁၅၀၀၀၀)ကျော် ရှိခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

၁၃နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်






၂၄.၁.၂၀၁၄ ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာနေ (ဘ)ဦးဖိုးထောင်၏သမီး မစု ၊အသက် ၁၃ နှစ်သည် တောစွန်းကျေးရွာသို့ ဗီစီဒီ အခွေ သွားရောက်ငှားရမ်းပြီး နေအိမ်သို့ စက်ဘီးဖြင့် တစ်ဦးတည်းပြန်လာစဉ် အဓမ္မပြုကျင့် ခံရကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
တောစွန်းကျေးရွာနှင့် တင်းတောင်းချောင် ကျေးရွာ အကြား ကွင်းထဲလမ်းတွင် သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာ၊ ဓမ္မပါလ ကျောင်းတိုက် ကျောင်းထိုင်ဘုန်းကြီး ဦးကုဝေရ ၊သက်တော် ၄၀ နှစ်၊ ၀ါတော် ၂၀ နှင့် တောစွန်းကျေးရွာနေ (ဘ)ဦးထွန်းအောင်၏သား မောင်မျိုးဦး၊ အသက် ၃၃ နှစ် တို့နှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးက မစု၏ စက်ဘီးအား ရှေ့မှ တားဆီး ရပ်တန့်စေကာ မောင်မျိုးဦးက စက်ဘီးအား ဆွဲယူသွားပြီး၊ ဘုန်းကြီးဦးကုဝေရ က မစုအား အဓမ္မ လက်ကိုဆွဲ၍ အနီးရှိ ရေခမ်းခြောက်နေသည့် ချောင်းထဲသို့ ခေါ်ဆောင်သွားပြီး အလိုမတူ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အတွက် ဖခင်ဖြစ်သူ ဦးဖိုးထောင်က တင်းတောင်းချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အလန်းကုန်း ကျေးရွာ ရဲစခန်းတွင် ချက်ချင်း တိုင်တန်း ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမှုကို ၂၉.၁.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ၊ရဲစခန်းက ပြစ်မှုဆိုရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှုးဦးစောဝင်းက အမှုကို လက်ခံ စစ်ဆေးနေကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

မကွေးမြို့ ဖန်ခါးမြေ ဟိုတယ်မှ ကြေးဆင်းတုတော် ဘယ်ဘက် မျက်လုံးတော် ပွင့်သည့် သတင်းကြောင့် ဖူးမြော် သူများဖြင့် စည်ကား





မကွေးတိုင်းဒေသကြီး ရန်နိုင်ရပ်ကွက် မြို့ပတ်လမ်း ဖန်ခါးမြေဟိုတယ် ဘုရားခန်းအတွင်း၌ သီတင်းသုံး နေတော်မူ သည့် ကြေးဆင်းတုတော်၏ ဘယ်ဘက် မျက်လုံးတော်မှာ ထူးထူးခြားခြား ပွင့်တော်မူ၍ လာရောက်ဖူးမြော်သူ များ နှင့် စည်ကားလျက်ရှိကြောင်း

သိရသည်။ ဘုရားခန်းအတွင်း တွေ့ရသော ဖန်ခါးမြေ ဟိုတယ်မန်နေဂျာ၏ ဇနီးက ''ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဟိုတယ်က လူငယ်တစ်ဦး ရေချမ်းသွားကပ်တာ ဘယ်ဘက်မျက်လုံး တော် ပွင့်နေကြောင်း လာပြောတယ်၊ ဒါနဲ့ ကျွန်မတို့သွားကြည့်တယ်၊ ပထမတော့ မပွင့်တပွင့်ကနေ တဖြည်းဖြည်းနဲ့ ပွင့် လာတာ အခု မြင်ရတဲ့အတိုင်းပဲ၊ တစ်ယောက်စကား တစ်ယောက်နားနဲ့ ဘုရားဖူးတွေ ဝိုင်းအုံလာကြတာပဲ''ဟု ရှင်း ပြသည်။ ရုပ်ပွားတော်မှာ ကြေးဆင်းတုတော ဖြစ်ပြီး စိန်ဖူးတော်အထိ ဥာဏ်တော် ၁၁ လက်မရှိကြောင်း၊၂ဝ၁၃ ခု နှစ် ဘုရားပွဲဈေး နိဗ္ဗာန်ကုန်ဆိုင်မှ ပင့်ဆောင် ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသတ်ခံထားရသည့် လူသေအလောင်း လှိုင်သာယာရှိ ရေမြောင်းအတွင်းတွေ့






လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ ရေမြောင်းတစ်ခုအတွင်း အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိသဖြင့် သေဆုံးသူ၏ဇနီးဖြစ်သူက ဇန်န၀ါရီ ၂၈ ရက်တွင် အမှုဖွင့်တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် ညောင်ရွာနေ အသတ်ခံရသူ၏ ဇနီးဖြစ်သူ ဒေါ်တင်တင်ဝေ (၄၇)နှစ်က အမှုဖွင့်တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၉ နာရီက ခင်ပွန်းဖြစ်သူ ဦးမြင့်ဆွေ (၅၇)နှစ်သည် စက်မှုဇုန် (၁)၊ ပန်းလှိုင်ဂေါက်ကွင်းလမ်းဘေး၊ ပိုလိုပေါင်မုန့်စက်ရုံရှေ့ရှိ အကျယ်ငါးပေ၊ အနက် တစ်ပေခန့်ရှိ ရေမြောင်း အတွင်း သေဆုံးနေကြောင်းကြားသဖြင့် တရားလိုမှာ သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ခင်ပွန်းဖြစ်သူမှာ လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲရင် အုံထိုးသွင်းဒဏ်ရာ နှစ်ချက်တို့ ရရှိထားသည်ကိုပါ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသူသည် ဇန်န၀ါရီ ၂၇ ရက်က လက်သမားလုပ်ရန် နေအိမ်မှထွက်သွားရာ ပြန်လည်ရောက် ရှိလာခြင်း မရှိဘဲယခုမှ သေဆုံးလျက် ပြန်လည်တွေ့ရှိရသဖြင့် ခင်ပွန်းဖြစ်သူအား သေဆုံးအောင် ပြုလုပ်ခဲ့သူကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာ ရဲစခန်းက (ပ)၁၁၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး လူသတ်မှု ပုဒ်မ ၃၀၂ဖြင့် အရေးယူနိုင်ရန် ပြစ်မှုကျူးလွန်သူကို စုံးစမ်းရှာဖွေလျက် ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့က ဆိုသည်။

ဇော်ဇော်ထွေး

သမီးကို မိန်းမဘ၀ပြန်ပြောင်းပေးနိုင်ရင် ဒေါ်လာသန်း (၈၀) ဆုချမယ်




သူဌေးကြီးနဲ့ ချောင်ဇီဇူးနဲ့ ယောက်ျားလျှာသမီး ဂီဂီချောင်

ဟောင်ကောင်က ဘီလျံနာသဌေးကြီးက ယောက်ျားလျှာဖြစ်နေတဲ့ သူ့ သမီးကို ပုံမှန်အမျိုးသမီးဘ၀ စိတ်အခြေအနေဖြစ်အောင်ပြောင်းလဲပေးနိုင်သူကို ဆုငွေ ဒေါ်လာသန်း ၈၀ ပေးမယ့်လို့ ကမ်းလှမ်းထား ပါတယ်။အရင်က သန်း ၄၀ကမ်းလှမ်းရာကနေ ခုနောက်ထပ်သန်း၄၀ထပ်တိုးလိုက်တာဖြစ်ပါတယ်။
သမီးဖြစ်သူဂီဂီချောင်၊အသက် ၃၄နှစ်က သူ့ လို့ ယောက်ျားလျှာတစ်ယောက်နဲ့ လက်ထပ်ထားပါတယ်။
သူဌေးကြီးကသူ့ သမီးယောက်ျားလျှာတစ်ယောက်နဲ့ လက်ထပ်ထားတာကို လက်မခံပဲ သူ့ သမီးအပျိုပဲလို့  ဇွတ်ငြင်းနေခဲ့ပါတယ်။ အသက်၇၇ နှစ်ရှိပြီဖြစ်ပေမယ့် အဖိုးကြီးကလည်းခေသူတော့မဟုတ်ပါဘူး။ မိန်းမပေါင်းတစ်သောင်းနဲ့ အိပ်ဖူးတယ်လို့ ဖွင့်ဟ၀န်ခံထားသူ ဖြစ်ပါတယ်။

ဂီဂီက သူ့ အဖေသူ့ အတွက်ယောက်ျားရှာပေးတော့ပထမရီမောနေခဲ့ပါတယ်။
ခုတော့သူ့ အဖေဆီကိုဟောင်ကောင် မောနင်းပိုစ်သတင်းစာကနေ သူ့ ဘ၀လမ်းကြောင်းရွေးချယ်မှုကိုလက်ခံပေးဖို့  အိတ်ဖွင့်စာတစ် စောင်ရေးသားခဲ့ပါတယ်။

"မိန်းကလေးချင်းစိတ်ဝင်စားနေတဲ့ကိစ္စကို အဖေနားလည်ရခက်နေမယ်ဆိုတာ သမီးသိပါတယ်။ ကျမလည်း အဖေနားလည်အောင်ရှင်းမပြတတ်ဘူး။ ဒါကငြိမ်းငြိမ်းချမ်းချမ်းနူးနူးညံ့ ညံ့နဲ့ နှစ်ပေါင်းများ စွာကြာပြီးမှ ပေါက် ဖွားလာခဲ့တာပါ။ ကျမတို့ တယောက်ကိုတယောက် အရမ်းချစ်နေကြဆဲပါ။အဖေနားလည်ဖို့ ခက်နေပေမယ့် ဒီကိစ္စဟာအမှန်တရားလို့ လက်ခံလိုက်ပါ။"

"အဖေကကျမခုလိုမိန်းကလေးချင်းတွဲနေတာ ဟောင်ကောင်မှာ ကျမအတွက်သင့်တော် မယ့်ကောင်းမွန်တဲ့ ယောက်ျားကောင်းမရှိဘူးလို့ အဖေထင်မြင်သွားတာကိုကျမစိတ်မ
ကောင်းပါဘူး။ ယောက်ျားကောင်းတွေအများကြီးရှိပါတယ်။ကျမအတွက်တော့မဟုတ်ပါဘူး။"
ဂီဂီချောင်ဟာ သူနဲ့ နှစ်ရှည်လများတွဲခဲ့တဲ့ ရှောင်နဲ့  ၂၀၁၂က ပဲရစ်မှာ အခမ်း အနားကျင်း ပ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
 the melting pot 4 U

ဂီဂီချောင်နဲ့ သူ့ ရည်းစားရှောင်

မြန်မာစစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်မူ ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်





မြန်မာ စစ်စခန်း ၄ ခုအား ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီး တည်ဆောက်မူကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ကန့်ကွက်ကြောင်း ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းမှာ ယခု တည်ဆောက်ထားသော မြန်မာစစ်စခန်း (၄) ခုသည် နိုင်ငံတကာ နယ်စပ် စည်းမျဉ်းများကို ချိုးဖေါက်ရာ ရောက်၍ ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များ၏ ပြောကြားချက်ကကိုးကားပြီး သတင်းစာများတွင် ဖေါ်ပြသည်။

ယခု မြန်မာဘက်က တည်ဆောက်ထားသော စစ်စခန်း (၄) ခုမှာ မြန်မာဘက်မှ ဆလူတောင် ( Saludong) အရပ်တွင် ဖြစ်ပြီး နယ်စပ် စီရိုမျဉ်းမှ ကိုက် ၃၀၀ အကွာတွင် ရှိကြောင်း၊ ဘင်္ဂလာဒေခ်ျ့ဘက်က ဆိုလျှင် နယ်စပ် ကျောက်တိုင် အမှတ် ၄၅ အနီးတွင် ဖြစ်ကြောင်း၊ ၄င်းစစ်စခန်းများကို ယခုလ ဇန်န၀ါရီ ၁၁ ရက်နေ့က တည်ဆောက်ခဲ့ကြောင်း၊ စစ်စခန်းတစ်ခုစီတွင် စစ်သား ၂၄ ဦးက တာဝန် ထမ်းဆောင်နေကြောင်း သတင်းတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ စစ်စခန်းတည်ဆောက်နေခြင်းကို ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီ ရှေ့တန်း ဗျူဟာမှ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာသို့ ယခုလ ၂၁ ရက်နေ့က စာရေးအကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်း တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman မိမိတို့ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ထိုသို့ ကန့်ကွက်သည်ကို မြန်မာ အာဏာပိုင်များသို့ စာဖြင့် ပို့ပေးခဲ့ကြောင်း၊ စာထဲတွင် ယခု စစ်စခန်း တည်ဆောက်မူသည် နိုင်ငံတကာ သဘောတူညီချက်များနှင့် ၁၉၈၀ ခုနှစ်က ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံ နယ်စပ် သဘောတူညီမူကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆိုသည်။

မြန်မာဘက်မှ ယင်းနေရာတွင် လမ်းဖေါက်နေသဖြင့် ယာယီ စစ်စခန်းများ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားသော်လည်း မိမိတို့မှ အနီးကပ် စောင့်ကြည့်နေကြောင်း၊ သူတို့၏ အကြောင်းပြချက် ဟုတ်မဟုတ်ကို ထောက်လှမ်းရေးဌာနများမှ အသေးစိတ် လေ့လာနေကြောင်း ပြောဆိုသည်။

ယခု စစ်စခန်း တည်ဆောက်မူသည် နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် နေထိုင်သော ဒေသခံ ပြည်သူများကို ခြိမ်းခြောက်ရာလည်း ရောက်နေကြောင်း ပြောဆိုသည်။

ယခု သတင်းစာပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ၏ တုန့်ပြန်မူနှင့် သဘောထားကို ယခုအချိန်ထိ သိရှိရခြင်း မရှိသေးပါ။

(နိရဉ္စရာ)

ရင်ခွင်ပိုက်ကလေးနှင့် မိခင်လဲကျရာမှ သစ်ငုတ်တိုနှင့် ဆောင့်မိပြီးမိခင်ရောကလေးပါသေဆုံး






စုံစမ်းစစ်ဆေးချက်များအရ မသင်္ကာသူ လူသတ်မှုဖြင့် တရားစွဲဆို

ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့နယ်ခွဲ ကျူတောကျေးရွာနေ စောမုန်တိုင်း၏ အုန်းခြံအတွင်း၌ ဇန်န၀ါရီ ၁၈ ရက်က ၎င်း၏ဇနီး နော်ဖိုးမူဆီ ၃၁ နှစ်နှင့် ရင်ခွင်ပိုက် သုံးလအရွယ် ၎င်း၏သား စောထူးလေးတို့သားအမိသည်၎င်းတို့၏ အုန်းခြံအတွင်း၌ ခြေချော်လဲကျရာမှ သစ်ငုတ်တိုနှင့် နော်ဖိုးမူဆီ မျက်နှာကိုဆောင့်မိသွား၍ ရင်ခွန်ပိုက်ထားသောကလေး ပြုတ်ကျ၍ မြေကြီးနှင့်ဦးခေါင်းရိုက်မိသည့် ဒဏ်ရာဖြင့် မိခင်နှင့်ကလေးပါ သေဆုံးကြောင်း သတင်းရရှိသည်။

ထိုကြောင့် ရွှေသောင်မြို့နယ်ခွဲ ရဲစခန်းမှ ဒုရဲအုပ် ဌေးအောင်၏ တိုင်တန်းချက်အရ သေမှုသေခင်းအမှတ်-၁/၂၀၁၄ ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်ရာတွင် သေဆုံးသူနော်ဖိုးမူဆီ မျက်နှာဝဲဘက် ညိုမဲဖူးယောင်ဒဏ်ရာ ၊ ယာမျက်နှာ ညိုမဲဖူးယောင်ဒဏ်ရာ နားရွက်ကွဲအက်ဒဏ်ရာ ၊ လည်ပင်းညိုမဲဒဏ်ရာများဖြင့် သွေးနုသားနုသေဆုံးခြင်းဖြစ်သကဲ့သို့ ရင်ခွင်ပိုက်သား စောထူး သုံးလ၏ ဦးခေါင်းနောက်စေ့ညိုမဲဒဏ်ရာ ၊ ယာနားရွက်အောက် ညိုမဲဒဏ်ရာများ စစ်ဆေးတွေ့ရှိရ၍ ရွှေသောင်ယံမြို့နယ်ဆေးရုံသို့ ရဆေးစာဖြင့် ဆက်လက်စစ်ဆေးခြင်းပြုလုပ်ကြသည်။

အဆိုပါ စစ်ဆေးချက်ပြန်ကြားစာတွင် သေဆုံးသူနော်ဖိုးမူဆီ၏ မျက်နှာ၊ လည်ပင်းတွင် ရရှိသောဒဏ်ရာမှာပြင်းထန်သောကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ စောထူးလေး၏ ဦးခေါင်းခွံရိုးကွဲအက်မှုကြောင့် သွေးစိမ့်ဝင်ပြီး သေဆုံးခြင်းဖြစ်ရသည်ဟု ဆေးစာပြန်ကြားချက်အရ ရွှေသောင်ယံ မြို့နယ်ခွဲရဲစခန်းမှ ဒုရဲအုပ်ဌေးအောင်သည် သေမှုသေခင်းအမှတ် - ၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားခြင်းမှ (ပ)-၂၀၁၄/ ပြစ်မှုပုဒ်မ -၃၀၂ ဖြင့် ပြောင်း၍ မသင်္ကာသူ စောမုန်တိုင်း (ခ) စောသပွီး ၃၁ နှစ်အားဖမ်းဆီးအရေးယူ၍ ပုသိမ်ခရိုင်တရားရုံးမှ တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိသည်။

ပုသိမ်လှကြည်

ဒီနှစ်ချစ်သူများနေ့က ကိုယ်နဲ့ မပတ်သက်သလိုပါပဲလို့ ဆိုလိုက်တဲ့ ၀တ်မှုန်ရွှေရည်




၂၀၁၄မှာ အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ ကစ်ကစ်ကတော့ ချစ်သူများနေ့ကို သူမဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့အကြောင်း ခုလိုဖွင့်ဟလာပါတယ်။ ‘ရှုတင်ရှိရင် ရှုတင်ပေါ့။ ဒီနှစ်မှာ ထွေထွေထူးထူးမရှိပါဘူး။ မနှစ်ကတော့ ကစ်တို့အိမ်ရှေ့မှာ ချစ်ဖို့ကောင်းတဲ့ အရာလေးတွေ လာလုပ်ထားတယ်။ မိန်းကလေးဆိုတော့ ရိုမန်တစ်ဖြစ်တာတော့ ကြိုက်တာပေါ့။ ဒါပေမဲ့ ဘယ်သူမှန်းတာ့မသိဘူး။ ဒီနှစ်မှာတော့ မမျှော်လင့်ပါဘူး။ပရိသတ်တွေကတော့ ပို့ကြတယ်။ ရလဲရတယ်။ လက်ဆောင်တွေ အများကြီးလဲ သိမ်းထားပါတယ်။ ၂၀၁၄က မင်္ဂလာဆောင်တာများတယ်။ နှစ်ကောင်းတယ်နဲ့တူတယ်။ ကစ်ကတော့ မကြားရသေးဘူး။ ကစ်နဲ့က ဘာမှမဆိုင်သလိုဖြစ်နေတယ်။ ဒီနှစ် ချစ်သူများနေ့က ကိုယ်နဲ့မပတ်သတ်သလိုပါပဲ’ လို့ သူမက ပြောပြခဲ့ပါတယ်။

အမေရိကန် တောင်ပိုင်းမှာ နှင်းမုန်တိုင်းတိုက်





အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းမှာ မကြုံစဖူး ဆီးနှင်း မုန်တိုင်းတခု တိုက်ခတ်ခဲ့ပြီး ရေခဲ နေတဲ့ လမ်းမတွေကြောင့် အဝေးပြေး လမ်းမတွေ ပေါ်မှာ၊ ကျောင်းတွေ ဘုရားကျောင်းတွေမှာ လူထောင်နဲ့ချီ ပိတ်မိနေပါတယ်။

ဂျော်ဂျီယာပြည်နယ်ကနေ လူဝီဆီယဲန်းနား ပြည်နယ် အထိ ပြည်နယ် ၅ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားရပြီး လေဆိပ်တွေနဲ့ အဓိက ကားလမ်းတွေကို ပိတ်ထားလိုက်ပါတယ်။

ပုံမှန်အားဖြင့် နွေးထွေးတဲ့ ရာသီဥတု ရှိတဲ့ အဲဒီ နေရာတွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျခဲ့ပြီး သုညအမှတ်အောက် ၃၀ ဒီဂရီလောက် အပူချိန် ထိုးကျသွားခဲ့ရာမှာ လမ်းမတွေပေါ်ကနေ ဆီးနှင်း ဖယ်ရှားပေးတဲ့ ထွန်စက် ကားတွေနဲ့ နှင်းတွေ အရည်ပျော်သွားအောင် ဆားတွေ ဖြူးပေးတဲ့ ထရပ်ကားတွေ မြို့အတော်များများမှာ မရှိတဲ့အတွက် ကသောင်းကနင်း ဖြစ်သွားခဲ့ရပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာလည်း နှင်းတွေ စဲသွားမဲ့ လက္ခဏာမျိုး မရှိဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။




လမ်းတွေမှာ ဆီးနှင်း ရှင်းတဲ့ ထွန်စက်ကားတွေ မရှိလို့ ကားတွေ သောင်တင်နေ

Related Posts Plugin for WordPress, Blogger...