Monday, August 19, 2013

James Cook University မှ ပထမဆုံးအကြိမ်ပေးအပ်မည့် စီးပွားရေးနှင့် အိုင်တီဘာသာရပ်အတွက် ဒီပလို မာလက်မှတ်များအကြောင်းဆွေးနွေးပွဲ



အင်္ဂလန်နှင့်သြစတြေးလျတက္ကသိုလ်များသည်ယေဘူယျအားဖြင့်ဒီဂရီ(၃)နှစ်ပရိုဂရမ်ပြီးမြောက်မှသာဘွဲ့ အောင်လက်မှတ် ချီးမြင့် လေ့ရှိရာ ယခုအခါ ၂ဝ၁၄ ပညာသင်နှစ်မှစတင်၍ သြစတြေးလျတက္ကသိုလ် James Cook University မှ စီးပွားရေးနှင့်အိုင်တီဘာသာရပ်ကို(၈)လသင်ယူပြီးပါက ဒီပလိုမာအောင်လက် မှတ်အား သီးခြားပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဒီပလိုမာအားမြန်မာနိုင်ငံ၏တက္ကသိုလ်တစ်ခုခုမှပထမနှစ်အောင်မြင်ထားသူ များလျှောက်ထားနိုင်ပါ သည်။ သက်ဆိုင်ရာ ဘွဲ့ တစ်ခုခု ရရှိထားသူများအနေဖြင့်စီးပွားရေးနှင့်အိုင်တီတွဲဖက်၍ Joint Master ဘွဲ့ရယူနိုင်သော ဘာသာရပ်များ အကြောင်း နှင့်ကျောင်းပြီး အလုပ်အ ကိုင် အခွင့်အလမ်းများကို သြဂုတ်လ(၂၄)ရက်(စနေနေ့)၊နံနက်(၁ဝ)နာရီမှ နေ့လည် (၁၂)နာရီ ထိ၊ CROWN Education တွင် James Cook University ၏ Country Manager တစ်ဦးမှရှင်းလင်းပြောကြားမည်ဖြစ်သည်။

Diploma of Businessနှင့် Diploma of Information Technology ကို (၈)လကြာသင်ယူပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်(၄%) အဆင့်ရှိ တက္ကသိုလ်မှပေးအပ်သော သီးခြားဒီပလိုမာအောင်လက်မှတ် ကိုရရှိ မည်ဖြစ်သည်။ အဆိုပါအစီအစဉ်သစ်ကိုစင်ကာပူကျောင်းလခနှုန်း အတိုင်း ပေးသွင်းကာ James Cook University, Australia ၏ စင်ကာပူCampus တွင်တက်ရောက်နိုင်ပါသည်။

ဒီပလိုမာပရိုဂရမ်တွင် Core Module (၈)ဘာသာကို(၈)လကြာသင် ယူရမည်ဖြစ်ကာဆက် လက်၍ အောက် ပါဒီဂရီဘွဲ့ ရယူရန်(၁၆)လ သာ ကြာမြင့် တော့မည်ဖြစ်သည်။

• Bachelor of Information Technology (Computing and Networking)
• Bachelor of Information Technology (Interactive Technologies and Games Design)
• Bachelor of Business (International Business)
• Bachelor of Business (Management)
• Bachelor of Business (Marketing)
• Bachelor of Business and Environmental Science
• Bachelor of Business (Accounting)
• Bachelor of Business (Hospitality & Tourism Management)
• Bachelor of Business (Sports & Events Management) တက်ရောက်နိုင်ပါသည်။

မြန်မာနိုင်ငံမှမည်သည့်ဘွဲ့ရမဆို Joint Master ဘွဲ့ဖြစ်သော MIT & MBA ဘွဲ့အားလျှောက်ထားနိုင်ပါသည်။ စီးပွားရေး နှင့် အိုင်တီ ကျောင်းသူ ကျောင်းသားများအနေဖြင့်Australia Institute of Management (AIM)၊ Australia Marketing Institute၊ The Singapore Computer Society(SCS)၊ Australia Institute of Travel and Tour နှင့် The Institute of Chartered Accountants Australia(ICAA) အဖွဲ့အစည်း အသီးသီးတွင် Membership အဖြစ်ဝင်ရောက်နိုင်ပါသည်။
James Cook University စင်္ကာပူ Campus တွင် ပညာသင်မည့် ကျောင်းသူ ကျောင်းသားများ သည်(3) Semesters ကို စင်္ကာပူတွင် လေ့လာသင်ယူပြီး၊ (2) Semesters ကို သြစတြေးလျ JCU Campus တွင် သွားရောက်သင်ယူရမယ်ဖြစ်ကာ၊ နောက်ဆုံး Semester ကို စင်္ကာပူ Campus တွင်လေ့လာသင်ယူရမည်ဖြစ်သည်၊၊ ထူးခြားချက်အနေဖြင့် သြစတြေလျတွင် ပညာသင်ယူရန် ဗီဇာလျောက်ထားခြင်းနှင့် နေရေးထိုင်ရေး ကိစ္စများကိုပါ တက္ကသိုလ်မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ သြစတြေလျဗီဇာရရှိရန် အခွင့်အရေး ပိုမိုရရှိ နိုင်ကြောင်း သိရသည်။
ကျောင်းသူကျောင်းသားများအနေဖြင့်ကုန်ကျစရိတ် လည်း သက်သာပြီးစင်ကာပူနှင့် သြစတြေးလျ ပညာသင်အတွေ့ အကြုံအား ရရှိ မည်ဖြစ်သည်။တက္ကသိုလ်နှင့်ချိတ် ဆက် ထား သော ကုမ္ဗဏီ (၈၇)တွင် Corporate Field Trip များ၊ အလုပ်အင်တာဗျူးများနှင့် အလုပ်အကိုင် ရှာဖွေ ပေးမည့်အစီ အစဉ် များစီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

ကျောင်းလျှောက်ထားရန်အသေးစိတ်သိရှိလိုသူများအနေဖြင့် CROWN Education၊ အမှတ်(၂၇ဝ) ၊ ပထမထပ်၊ အခန်း(1 B ) ၊ မြေနီကုန်း၊ ပြည်လမ်း၊ ဒဂုံစင်တာ(၂)နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း ဝ၉-၇၃၂ ၇၃၂ ၇၇ ၊ ဝ၁- ၅၂၇ ၈၃၈ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...