Saturday, September 14, 2013

နိုင်ငံခြား ငွေကြေးစနစ်၊ ဆက်သွယ်ရေးစနစ်၊ မူဝါဒပိုင်းဆိုင်ရာများတွင် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သုံးသပ်

 Created on Friday, 13 September 2013


Myanmar Connect 2013 ပွဲ၌ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှ ရှင်းလင်းနေသည်ကို တွေ့ရစဉ်

နိုင်ငံခြား ငွေကြေးစနစ် ဆက်သွယ်ရေး စနစ်နှင့် မူဝါဒပိုင်းဆိုင်ရာများတွင် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ကျင်းပသည့် Myanmar Connect 2013 အခမ်းအနားတွင် Managing Partner Leopard Capital မှ Keneth Stevens က ပြောကြားခဲ့သည်။

''ကျွန်တော့် အတွေ့အကြုံအရ ဆိုရင်တော့ နောက်မှဖြစ်တဲ့ ဈေးကွက်က တိုးတက်မှုမှာ လျင်မြန်လေ့ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီနိုင်ငံမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကတော့ ပြည်တွင်းက မိတ်ဖက်ကုမ္ပဏီတွေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ၊ နောက်ပြီးတော့ ပတ်ဝန်းကျင် အခြေအနေ၊ အဓိကကတော့ မူဝါဒပိုင်းဆိုင်ရာတွေမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်။ ပြည်တွင်း ကုမ္ပဏီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။

''လုပ်ထုံးလုပ်နည်းတွေမှာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာ ရှိရမယ်။ ရင်းနှီးမြှုပ်နှံသူတွေက ပြည်တွင်းမှာ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေတွေ ဆိုတာကို သိနေတယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှု ရှိနေသေးရင် လုပ်ငန်းလုပ်ဆောင်ရာမှာ အခက်အခဲတွေ တွေ့လာနိုင်တယ်။ ဒီထက်ပို ပွင့်လင်းအောင် လုပ်မလား၊ အတွေ့အကြုံ သစ်တွေကို ရင်ဆိုင်မလား။ လုပ်ထုံးလုပ်နည်းတွေကို အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ လိုအပ်မယ်'' ဟု Alisher Ali(Chariman Silk Road Finance) က အကြံပြု ပြောကြားခဲ့သည်။

ဆက်သွယ်ရေး လုပ်ငန်းများအပြင် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါကလည်း ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်းများ၏ လက်ခံနိုင်မှု အခြေအနေ၊ လက်ခံနိုင်အောင် လုပ်ကိုင်နိုင်မည့် အခြေအနေများကို လေ့လာရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''လက်ခံနိုင်မှု မရှိဘူးဆိုရင် လုပ်ငန်းလုပ်ကိုင်ရာမှာ ပျက်သုဉ်းမှုတွေ ဖြစ်လာနိုင်တယ်။ တယ်လီနော ကုမ္ပဏီဆိုရင် ဥရောပမှာ အဲဒီလို ကြုံတွေ့ခဲ့တာတွေ ရှိခဲ့တယ်။ ပြည်တွင်းအဖွဲ့တွေ တက်တက်ကြွကြွ ပါဝင်ကူညီဖို့ လိုအပ်ပါတယ်။ ပြည်ပက ၀င်လာလို့ ကျန်ခဲ့မယ်ဆိုတဲ့ အတွေးကြောင့် ကူညီမှုတွေ မရှိရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတွေ ပါဝင်ပူးပေါင်းဖို့ အရေးကြီးပါတယ်'' ဟု Alisher Ali (Char- iman Silk Road Finance) က အကြံပြု ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာသည်နှင့်အမျှ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရ တာဝန်ရှိသူများအကြား နီးကပ်စွာ ဆက်ဆံလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်း ကုမ္ပဏီများကို လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီရန် လိုအပ်ကြောင်း၊ ပြည်တွင်းကုမ္ပဏီများ အနေဖြင့်လည်း ပြည်ပကုမ္ပဏီများကို ကြောရုံသက်သက် လုပ်ဆောင်ရန် မသင့်ကြောင်း၊ ဗီယက်နမ်နိုင်ငံကို အတုယူ၍ လုပ်ဆောင်သင့်ကြောင်း၊ ဘဏ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

Carlos Katsuya (International Finance Corporation) က ''ကူညီမှုတွေက နိုင်ငံဖွံ့ဖြိုးဖို့ ဘယ်လောက်ရှိတယ် ဆိုတာ လေ့လာဖို့ လိုအပ်တယ်။ စီမံကိန်းတွေကို ကူညီရာမှာလည်း တိုးတက်ဖို့ထက် အခြားလူမှုရေး ပြဿနာတွေ မဖြစ်အောင် လေ့လာဆောင်ရွက်ရမယ်။ ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ် ရနိုင်တယ်ဆိုရုံနဲ့ မလုပ်သင့်ဘူး။ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကို သူ့ကဏ္ဍနဲ့သူ ပါဝင်မယ်ဆိုရင် အကျိုးအမြတ်တွေ ရှိလာမှာပါ'' ဟု ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...