Wednesday, September 25, 2013

Most Dangerous Sport - Cheerleading



သင့်အတန်းထဲက လှပတဲ့ မိန်းကလေးတွေ နဲ့သာ ဖွဲ့စည်းထားတဲ့ အားကစား Cheerleadingဟာ အန္တရာယ် အများဆုံး ကစားနည်းဆို အံ့သြကြ မှာလား။ ဘာကြောင့်လဲ။

အန္တရာယ် များတဲ့ ကစားနည်း ရယ်လို့ ဆိုလိုက်ရင် ကြမ်းတမ်းတဲ့ ကစားနည်း တွေဖြစ်တဲ့ လက်ဝှေ့တို့၊ ဘောလုံးတို့ ကားမောင်း ပြိုင်တာတို့ပဲ ခေါင်းထဲ ဝင်လာမှာပါ။ သင်ယောင်လို့ တောင်မှ မစဉ်းစား မိတဲ့ ကစားနည်း တစ်ခု ဟာလဲ အန္တရာယ် များတဲ့ ကစားနည်း တစ်ခု ဖြစ်နေတယ် ဆိုရင် အံ့သြသွား မှာလား။ ဟုတ်ပါတယ်။ Cheerleading ပါ။ ယုံချင်ယုံ မယုံချင်နေ။ ဒီကစားနည်းက US မှာတော့ ဒဏ်ရာ ရတာ အဖြစ် အများဆုံး ကစားနည်း တွေထဲမှာ ပါပါတယ်တဲ့။ Cheerleading လို့ဆိုလိုက်ရင် လှလှပပ မိန်းကလေး တွေက ပန်းပွားလေး တွေကိုင်လို့ ခုန် ပေါက် အော်ဟစ်လို့ သာသာ ယာယာရှိတဲ့ ကစားနည်း တစ်ခု လောက်ပဲလို့ လူတွေက တွက်ထား ကြတာ။ ဒါပေမဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ် မှုတွေ ထင်တာထက် များလွန်း တာကြောင့် ထိခိုက် ဒဏ်ရာရမှု result တွေဟာ သတိပေး ခေါင်းလောင်းသံ နဲ့အတူ Journal of Pediatrics မှာပါလာ ခဲ့ပါတယ်။

Research အသစ် တွေအရ ၆၆ရာခိုင်နှုန်းသော US အမျိုးသမီး တွေရဲ့ "catastrophic" sporting injuries (နာတာရှည် မသန်မစွမ်း ဖြစ် ခြင်း) ဟာ Cheerleading ကြောင့်ပါလို့ ဆိုပါတယ်။ university level the figure မှာတော့ ဒီထက်တောင် ပိုများပြီး ၇၀ရာခိုင်နှုန်းသော ဆိုး ဆိုးဝါးဝါး ဒဏ်ရာ တွေက cheerleader တွေမှာ ဖြစ်ပါသတဲ့။ Report တွေက ဆိုတာတော့ အများဆုံး ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရရှိမှု အခြေ အနေဟာ အပေါ်ကို လွင့်တင် လိုက်တဲ့သူ တွေထက် သူတို့ကို ပြန်ဖမ်းရတဲ့ cheersleader တွေမှာ အဖြစ်များ ပါတယ်။ ထိခိုက် ဒဏ်ရာ ရရှိ မှုဟာ ၁၉၈၀မှာ ၅၀၀၀ အောက်သာ ရှိခဲ့ပေ မယ့်လည်း ၂၀၀၇ မှာတော့ ၂၆၇၈၆ အထိ မြင့်တက် လာခဲ့ ပါတယ်။ တချို့ မိန်းကလေး တွေမှာ ဦးနှောက်က ရွှေ့ပြီး ခေါင်းခွံနဲ့ တိုက်မိတဲ့ ဒဏ်ရာ (concussion) တွေတောင် ရှိပေမဲ့ ထိခိုက် မိချိန်မှာ စမ်းသပ် ဖော်ထုတ်တာမျိုး မလုပ်ဖြစ် ခဲ့တာ တွေတောင် တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။



General impression တွေက အားကစားနည်း တွေလောက် မြန်မြန် တက်လာမယ် မထင်ထား ခဲ့ဘူးလို့ မနှစ်က cheerleadingနဲ့ပတ်သက် ပြီး report ရေးခဲ့သူ Dr. Cynthia LaBella က the Washington Post ကိုပြောပါတယ်။ ဒီကလေး တွေဟာလဲ ဒဏ်ရာရဖို့ အခွင့်အလမ်း များနေတာပဲ။ ဒါကို အားကစားနည်း တစ်ခုလို့ အသိအမှတ် ပြုသင့်တယ်။ သူတို့ကို ဖျော်ဖြေသူ သက်သက် မဟုတ်ပဲ အားကစား သမားတွေ ရယ်လို့ အသိအမှတ် ပြုသင့်တယ်လို့ သူက ဆက်ပါ သေးတယ်။ ဒီအချိန်မှာ USက၂၉ပြည်နယ်က cheerleading ကိုအားကစားနည်းလို့ အသိအမှတ် ပြုထား ပါတယ်။ ကလေး အထူးကု တွေကတော့ နောက်ထပ် ပြည်နယ်များများ တွေက အသိအမှတ် ပြုစေချင် နေပြီး စည်းမျဉ်း အသစ်တွေ အရည်အချင်း ရှိတဲ့ နည်းပြတွေ ရှိစေချင် နေကြပါတယ်။ အမေရိကန် လူမျိုး ၃.၆ မီလီယံဟာ cheerleading မှာပါဝင်နေပြီး ၉၆ ရာခိုင်နှုန်း ကတော့ အမျိုးသမီး တွေပါတဲ့။ ကဲ ကျွန်မတို့ ဆီက လာမယ့် SEA games မှာကော အားကစား ပွဲတွေရဲ့ မပါမဖြစ် Cheerleader လေးအတွက် ဘယ်လို စောင့်ရှောက် ဂရုစိုက် ကြမလဲ ဆိုတာ တွေးရင်း ဒီဆောင်းပါးကို အဆုံးသတ် လိုက်ပါတယ်။

Myanmar Youth Media Club

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...