Saturday, October 19, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲ ပျောက်ဆေး များ



ဂျင်း

သူက ကြွက်သား ကိုက်ခဲခြင်း ကို ပျောက်ကင်း စေ ပါတယ်။ နေ့စဉ် ချက်ပြုတ် စားသောက် တဲ့ ဟင်းလျာ ထဲမှာ ဂျင်း အခြောက်မှုန့် လက်ဘက် ရည် ဇွန်း တစ်ဇွန်း သို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏ ကို ထည့်သွင်း စားသုံး သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကတော့ နားကိုက် တာ ကို ပျောက်ကင်း စေပါ တယ်။ နားကိုက် ဝေဒနာ ခံစား ရသူများ အနေ နဲ့ ကြက်သွန် ဆီ ကို တစ်နေ့ ၂ ကြိမ် နား ထဲ ၅ ရက် တိတိ သင့်လျော် သော ပမာဏ ထည့်ပေး ခြင်းဖြင့် ပျောက် ကင်းစေ ပါတယ်။ ကြက်သွန် ဆီ ဆိုလို့ အခြား မဟုတ် ပါဘူး။ သံလွှင် ဆီသန့် နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့် ပြီး အအေးခန်း ထဲ ထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစား ရသူများ အနေနဲ့ လေးညှင်း ပွင့်ခြောက် မှုန့် နဲ့ သွားတိုက် ခြင်းက ကိုက်ခဲမှု ပျောက်ကင်း စေ ပါတယ်။

ပင်စိမ်းရွက် / ပက်ပါမင့်ရွက်

Peppermint လို့ ခေါ်တဲ့ အရွက် တစ်မျိုး က မြန်မာ ခေါ် ပင်စိမ်း ရွက်နဲ့ နီးစပ် ပါတယ်။ သူ့မှ ရတဲ့ ဆီက လည်း ကြွက်သား နာကျင် ကိုက်ခဲမှု ကို ပျောက်ကင်း စေပါ တယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံး သူများ အနေနဲ့ ကျောရိုး တစ်လျှောက် ဆက်စပ် တဲ့ ရောဂါ များ ကို ပျောက်ကင်း စေတယ် လို့ လေ့လာ တွေ့ရှိ ထားကြ ပါတယ်။

နာနတ်သီး

နာနတ်သီး က အစာအိမ် နာတာတို့၊ ဗိုက် ကြွက်သား နာကျင်မှု တို့ ကို ပျောက်ကင်း စေ တယ် လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီး ကတော့ ဦးခေါင်း ကိုက် ဝေဒနာ ကို ပျောက်ကင်း စေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက် ပိုင်း အကြော၊ ကြွက်သား နာကျင်မှု ကို ပျောက်ကင်း စေ ပါတယ်။ ခရမ်းချဉ် သီး ဖျော်ရည် နေ့စဉ် စားသုံးခြင်း ဖြင့် ခြေထောက် ကိုက်ခဲ တာ တို့၊ ထုံကျင် တဲ့ ဖြစ်လေ့  ဖြစ်ထ ကို ပျောက်ကင်း စေ ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...