Saturday, October 19, 2013

ဘေးကင်း လုံခြုံ၊ ယုံကြည် စိတ်ချ ရပြီး ရှစ် နာရီ ခရီး ဖြင့် ရန်ကုန် - မန္တလေး သွားလာ နိုင်ရန် မြန် မာ့ မီးရထား မှ ဝန်ဆောင်မှု ပေးတော့ မည်



Saturday, 19 October 2013


ပြည်ထောင် စု သမ္မတ မြန်မာ နိုင်ငံ တော် အမျိုးသား ပို့ဆောင် ရေး ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်မှ ရန်ကုန်- မန္တလေး ရထားလမ်း ပြန်လည် ထူထောင် ခြင်းနှင့် အဆင့် မြှင့် တင်ခြင်း ကို ရထား ပို့ဆောင် ရေး ဝန်ကြီး ဌာန ( မြန်မာ့ မီးရထား ) နှင့် JICA တို့ မှ ပူးပေါင်းကာ ၂ဝ၁၄ ခုနှစ် ဧပြီလ တွင် စတင် ဆောင်ရွက် မည် ဖြစ်ကြောင်းသိရ သည်။ ယင်း လုပ်ငန်း စဉ် အတွက် သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှု ဆန်းစစ် လေ့လာ အကဲဖြတ် ခြင်းနှင့် ပြည်သူ့ ဆန္ဒ သဘောထား ခံယူခြင်း ကို ယနေ့ နံနက် ၈ နာရီ ခွဲ တွင် ဒဂုံ မြို့သစ် အရှေ့ပိုင်း မြို့နယ် လေးထောင့် ကန် ရှိ ကေသရာ ရာမစာ သင်တိုက် ၌ ကျင်းပ ခဲ့သည်။

စီမံကိန်း တွင် ပါဝင် ပတ်သက် သူ များ အားလုံး ကို စီမံကိန်း ကြောင့် ဖြစ်ပေါ် လာ နိုင် သည့် ကောင်းကျိုး ဆိုးကျိုး များ ကို အသိပေး ဆောင်ရွက် ရန်၊ စီမံကိန်း တွင် ပါဝင် ပတ်သက် သူများ ၏ သဘော ထား အမြင် များ ကို စီမံကိန်း တွင် ထည့် သွင်း စဉ်းစား ရန်၊ ဒေသခံ ပြည်သူ များ ၏ ဒေသန္တရ ဗဟုသုတ များ ကို ရယူ သုံးစွဲရန်၊ ပွင့်လင်း မြင် သာမှု နှင့် တာဝန်ယူ ဆောင်ရွက် မှု မြှင့်တင် ရန်၊ ပဋိပက္ခ အငြင်းပွား မှု ကို လျှော့ချ စေ ရန်နှင့် စီမံကိန်း လုပ်ဆောင် မှု များ ကို အဆင်ပြေ ချောမွေ့ စေ ရန် ရည်ရွယ် ၍ ပြည်သူ့ ဆန္ဒ သဘော ထား ခံယူခြင်း ဖြစ် ကြောင်း သိရ သည်။

အဆိုပါ စီမံကိန်း ၏ လုပ်ငန်း စဉ် များ မှာ ၆၂ဝ ကီလိုမီတာ ရှည်လျား သည့် ရန်ကုန် ဘူတာမှ မန္တလေး ဘူတာ အထိ မီးရထား ဆိုင်ရာ အခြေခံ အဆောက် အအုံ များနှင့် သက်ဆိုင် သော လုပ်ငန်း ပစ္စည်း များ ကို ပြန်လည် အဆင့်မြှင့် တင်ရန် နှင့် ခေတ်မီ ဖွံ့ဖြိုး တိုး တက် စေရန်၊ အမြင့်ဆုံး ရထား ခုတ်မောင်း မှု နှုန်း တစ် နာရီ လျှင် ကီလိုမီတာ ၁ဝဝ ( တစ်နာရီ မိုင် ၆ဝ နှုန်း ) ရရှိရန်၊ ရန်ကုန်မှ မန္တလေး သို့ ရထား မောင်း နှင် ချိန် / ကြာချိန် ၈နာရီ ရရှိ စေရန်၊ ဘေးကင်း လုံခြုံ၊ ယုံကြည် စိတ်ချ ရပြီး အချိန်မှန် သော မီးရထား ဝန်ဆောင် မှု ပေးနိုင် ရန် ရည်မှန်း ဆောင်ရွက် ခြင်း ဖြစ်သည်။

ပါဝင်သော လုပ်ငန်း စဉ် များမှာ ရထား လမ်း ပြုပြင် ခြင်း၊ ရထား လမ်း နှင့်ကားလမ်း ဆုံများ ပြုပြင်ခြင်း၊ ရထား လမ်း တံတား များ အဆင့် မြှင့် တင်ခြင်း၊ ဘူတာ ရုံ၊ ရထား အလုပ် ရုံ များအား ပြုပြင် ခြင်း၊ အချက် ပြ စနစ်များ၊ ဆက်သွယ် ရေး စနစ် များ၊ ထိန်းချုပ်ရေး ဌာနများ ကို ခေတ်မီ အောင် ဆောင်ရွက် ခြင်း၊ တွဲ - စက်ခေါင်း များ၊ စက်ပြင် အလုပ် ရုံ များ ကို အဆင့် မြှင့် တင်ခြင်း နှင့် ခေတ်မီ အောင် ဆောင်ရွက် ခြင်း၊ ကုန်စည် ပို့ဆောင် ရေး စနစ် နှင့် ဆက်စပ် လုပ်ငန်း သုံး ပစ္စည်း များ အဆင့်မြှင့် တင်ခြင်း တို့ကို ရန်ကုန် မှ တောင်ငူ၊ တောင်ငူ မှ ရမည်းသင်း၊ ရမည်းသင်း မှ မန္တလေး ဟု အပိုင်း သုံးပိုင်း ခွဲခြား သတ်မှတ် ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက် ရေး ကာလ အတွင်း ဆောက်လုပ် ရေး လုပ်ငန်း မှ အလုပ် အကိုင် အခွင့် အလမ်းများ ပေါ်ပေါက် လာမည် ဖြစ်ပြီး အခြား သော ဆက်စပ် လုပ်ငန်း များ၊ ဝန်ဆောင် မှု လုပ်ငန်း များမှ အကျိုး အမြတ် များ ရရှိ နိုင်မည် ဖြစ်သကဲ့ သို့ ရထား အမြန်နှုန်း မြင့်လာ ခြင်း ဖြင့် ထိခိုက်မှု အန္တရာယ် ဖြစ်ပေါ် လာနိုင် ကြောင်း၊ ဖြတ်သန်း သွားလာ ရန် ခွင့်ပြု ထားသည့် နေရာ မှ ဖြတ်သန်း ခြင်း မပြုလုပ် ပါက အန္တရာယ် ပိုမို ဖြစ်နိုင် ကြောင်း သိရ သည်။ ဘေး အန္တရာယ် ကင်းရှင်း ရေး အတွက် သံဆန်ခါ များ ကာရံ လို ပါက ပြည်သူ လူထု အတွက် ရထား လမ်း ဖြတ်သန်း ရန် ပိုမို ခက်ခဲ လာမည် ဖြစ်၍ ခြံစည်းရိုး ခတ်ခြင်း ( ဘူတာရုံ များ အနီး နှင့် လမ်းကူးများ အနီး ) ၊ လုံခြုံ ဘေးကင်း စေရန် အတွက် မလုံ လောက်၊ မသင့်လျော်သော ရထား လမ်း ကူးများ ကို ဖြတ်သန်း မှု မပြုစေ ရန် နှင့် ယာဉ် စည်းကမ်း လိုက်နာ စေရန် ဒေသခံ များ အား ပညာပေး ဟောပြော ခြင်း၊ ဒေသခံ များ ရထား လမ်း ကို လုံခြုံ ဘေးကင်း စွာ ဖြတ်သန်း စေရန် အသေး စား ရထား လမ်း ကူး များ ထူထောင် ခြင်း တို့ကို ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် - မန္တလေး ရထား လမ်း ပြန်လည် ထူထောင် ခြင်းနှင့် အဆင့် မြှင့် တင်ခြင်း လုပ်ငန်း ကို ကူညီ ထောက်ပံ့ ငွေ များ၊ ချေးငွေ များဖြင့် ခေတ် စနစ်နှင့် ကိုက်ညီ ပြီး လုံခြုံ လျင်မြန် မှု ရှိသည့် မီးရထား လုပ်ငန်း များ ဖြစ်ပေါ် စေ ရန် နှင့် မီးရ ထားဖြင့် ခရီးသွား သည့် ပြည်သူ များ ဘေး အန္တရာယ် ကင်းရှင်းစွာ ဖြင့် သက်သောင့် သက်သာ သွားလာ နိုင်စေ ရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...