Monday, November 18, 2013

ကျိုက်ထီးရိုးစေတီတော်တွင် ကေဘယ်လ်ကား ပြေးဆွဲရေး ဗီယက်နမ်ရင်းနှီးမြှုပ်နှံလို



မွန် ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိသမိုင်း ဝင်ကျိုက်ထီးရိုး စေတီတော်တောင် ခြေနှင့် ရင်ပြင်တော်ပေါ်သို့ Cable Car ပြေးဆွဲရေးလုပ်ငန်းကို ဗီယက် နမ်ကုမ္ပဏီက လုပ်ကိုင်လိုကြောင်း သိရသည်။ ယင်းကဲ့သို့ Cable Car ပြေး ဆွဲနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ မှ Oman Investment Fund အဖွဲ့က မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးဧည့်ခန်းမ၌ ယခုလရက်ပိုင်း အတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝင် ဗမာတိုင်းရင်းသားရေးရာဝန် ကြီး ဦးသက်ဝင်း၊ ဘဏ္ဍာ ရေး ဝန် ကြီး ဒေါက်တာခင်မောင်သွင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးနိုင်လဝီအောင်တို့နှင့် လာရောက် တွေ့ဆုံကြောင်း သိရသည်။

ဗီယက်နမ်အဖွဲ့မှ အကြီး တန်း အကြံပေးပုဂ္ဂိုလ် Mr. Truong Hoang Son က ''မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီတော်မှာ Cable Car ပြေးဆွဲရေးကို လုပ်ကိုင် ဖို့နဲ့ စက်ရုံကြီးတွေလုပ်ကိုင်လိုပါ တယ်''ဟု ထုတ်ဖော်ပြောကြား သည်။ မွန်ပြည် နယ် အစိုးရ အဖွဲ့ ဝင်ဝန်ကြီးများက ဗီယက်နမ်ကုမ္ပ ဏီအနေဖြင့် လုပ်ငန်းဆက်လက် လုပ်ကိုင်လိုပါက ကျိုက်ထီးရိုးစေ တီတော်သို့သွားရောက်ပြီး လေ့ လာမှုပြုလုပ်ရန်လိုကြောင်း၊ မည် သည့်နေရာ၊ အကွာအဝေး၊ လုပ် ကိုင်မည့် ကုန်ကျငွေ ခန့်မှန်း ချက်၊ မြေပုံကြမ်း စသည်တို့ကို စနစ် တကျပြန်လေ့လာသွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည်တင် ပြရန်၊ လေ့လာရာတွင် ကျိုက် ထီးရိုးစေတီတော် ဂေါပကအဖွဲ့ နှင့်ပူးတွဲလေ့လာရန်၊ ၎င်းပြင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင် စု အစိုးရ၏ ခွင့်ပြုချက် ရယူရန်လိုအပ်ကြောင်း၊ မွန်ပြည် နယ်အစိုးရအနေဖြင့် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုမရှိပါက အကူ အညီပေးမည်ဖြစ်ပါကြောင်း ပြော ကြားသည်။ ကျိုက်ထီးရိုးစေတီတော် တွင် ယင်းကဲ့သို့ ကေဘယ်လ် ကြိုး ပြေးဆွဲ နိုင်ပါက မြန်မာနိုင်ငံတွင် ဒုတိယမြောက် လုပ်ငန်းဖြစ်လာ နိုင်ကြောင်း သိရသည်။

ပထမဆုံးကေဘယ်လ်ကြိုး ပြေးဆွဲသည့်လုပ်ငန်းကို ယခုအ ခါ ကရင်ပြည်နယ် ဇွဲကပင်တောင် ကို မလေးရှား ပီနန်ဆရာတော်၊ ဇွဲကပင်ဆရာတေ်၊ သုံးထပ်ကျောင်း တိုက်ဆရာတော်များက ဦးစီးပြီး ကန်ဒေါ်လာသန်း၃၀ အကုန်အ ကျခံကာ စတင်ဆောက် လုပ်နေ ပြီဖြစ်ကြောင်း သိရသည်။

အောင်ထိုက်ဦး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...