Thursday, November 14, 2013

နိုင်ငံတော် သမ္မတကိုယ်တိုင် ဥပဒေကို ဖောက်ဖျက်ရာ ရောက်မည်စိုး၍ သမ္မတလစာအား ဥပဒေနှင့်အညီ ပြင်ဆင်ခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

 Thursday, 14 November 2013

နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေနှင့် စပ်လျဉ်း၍ ပြောကြားစဉ်

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လစာခံစားခြင်းမရှိသည့်အတွက် နိုင်ငံတော် သမ္မတကိုယ်တိုင် ဥပဒေကို ဖောက်ဖျက်ရာ ရောက်မည်စိုး၍ သမ္မတလစာကို ဥပဒေနှင့်အညီ ဖြစ်ရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးရာတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက "ဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားကို မယူဘူးဆိုရင်တော့ ဒါဟာ ဥပဒေကို ဆန့်ကျင်တာဖြစ်ပါတယ်။ ဥပဒေတစ်ခုကို ညွှန်ကြားချက် တစ်ရပ်က ကျော်လွန်နိုင်ခြင်း၊ ပယ်ဖျက်နိုင်ခြင်း မရှိပါဘူး။ ဥပဒေကို လွှတ်တော်ကနေပဲ ဥပဒေအနေနဲ့ ပြန်ပြင်ပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စက ကြာပါပြီ။ကျွန်တော်တို့လည်း သဘောပေါက်ပါတယ်။ပြည်သူထဲက ဥပဒေကို နားလည်တဲ့ သူတွေကလည်း သဘောပေါက်တယ်။ ဒါကြောင့် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဥပဒေရှိရဲ့သားနဲ့ ဒီလိုလုပ်တာ ဥပဒေကို လိုက်နာခြင်း မရှိတာပဲ။ ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတာပေါ့" ဟု ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းပြီးပြီဆိုရင် လိုက်နာရမည် ဖြစ်ကြောင်း၊ ဒုတိယ၀န်ကြီးပြောသလို တိုက်တွန်းစရာ မလိုကြောင်း၊ မလိုက်နာလို့သာ ယခုကဲ့သို့ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ သိန်း ၅၀၊ သိန်း ၁၀၀ သတ်မှတ်မည် ဆိုပါကလည်း လွှတ်တော်အနေနဲ့ သဘောတူကြောင်း၊ လစာအား သတ်မှတ်ပြီးပါက မယူဘူးဆိုလျှင် သမ္မတကိုယ်တိုင် ဥပဒေကို ဖောက်ဖျက်ရာ ရောက်မည်စိုး၍ ပြင်ဆင်နေရခြင်း ဖြစ်ကြောင်း . . .


ဆက်လက်၍ ဦးခင်အောင်မြင့်က "ဒီကိစ္စနဲ့ ပတ်သက်လို့ မူလက သိန်း ၅၀ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဥပဒေမှာ ဘယ်လိုပဲရှိရှိ ၁၅ သိန်းပဲ ယူမယ်ဆိုလို့ ပြဋ္ဌာန်းပေးနိုင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ သိန်း ၅၀ လည်း သဘောတူပါတယ်။ နိုင်ငံရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သိန်း ၅၀ ပဲထားမယ်ဆိုလည်း ရတယ်။ သို့သော် ယူရမယ်။ဥပဒေမှာ ရှိပြီးတော့ မယူဘူးဆိုရင်တော့ ဥပဒေကို ဆန့်ကျင်တာ ဖြစ်ပါတယ်"ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းပြီးပြီဆိုရင် လိုက်နာရမည် ဖြစ်ကြောင်း၊ ဒုတိယ၀န်ကြီးပြောသလို တိုက်တွန်းစရာ မလိုကြောင်း၊ မလိုက်နာလို့သာ ယခုကဲ့သို့ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ သိန်း ၅၀၊ သိန်း ၁၀၀ သတ်မှတ်မည် ဆိုပါကလည်း လွှတ်တော်အနေနဲ့ သဘောတူကြောင်း၊ လစာအား သတ်မှတ်ပြီးပါက မယူဘူးဆိုလျှင် သမ္မတကိုယ်တိုင် ဥပဒေကို ဖောက်ဖျက်ရာ ရောက်မည်စိုး၍ ပြင်ဆင်နေရခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

"သမ္မတထုတ်ထားတဲ့ အုပ်ချုပ်မှုအမိန့်ကို ဥပဒေနဲ့အညီ ဖြစ်အောင် ဒီလိုလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ယူမယ်ဆိုရင် သိန်း ၅၀၊ သိန်း ၁၀၀ ဆိုလည်း သဘောတူပါတယ်။နိုင်ငံရဲ့အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဥပဒေမှာ မည်ကဲ့သို့ ပြဋ္ဌာန်းစေကာမူ အုပ်ချုပ်မှုအမိန့်၊ ညွှန်ကြားချက်လေး တစ်ခုနဲ့ ဒီလိုယူတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။သမ္မတက ၁၅ သိန်းယူမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိလို့ ဒီလိုလုပ်ရတာ။ သမ္မတ ၁၅ သိန်း၊ ဒုတိယသမ္မတ ၁၂ သိန်း။ ဒုတိယ၀န်ကြီးတွေကိုသာ ဒါအမှန်အတိုင်း ပြောရရင် လုံလောက်တဲ့လစာ၊ စရိတ်ရရှိခြင်းအားဖြင့် ကျန်တဲ့ အကျိုးသက်ရောက်မှုတွေအတွက် သန့်ရှင်းတဲ့ အစိုးရအဖြစ် ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်အောင် မြှင့်တင်ပေးထားတာ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင် ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့လစာက ကွာခြားမှု သိပ်မရှိဘူး။ ဒီမှာက ၀န်ကြီးတွေလစာနဲ့ယှဉ်ရင် ၁၀ ပုံ တစ်ပုံလောက်ပဲ ရှိနေတယ်။ ဒါကြောင့် ပြန်လည် ပြင်ဆင်နေရတာဖြစ်ပါတယ်"အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...