Friday, December 27, 2013

လယ်သိမ်းတယ် ဆိုသည့်အကြောင်း သိကောင်းစရာ




မြန်မာပြည်တဝန်းလုံးမှာ ခေတ်စားနေတဲ့ တပ်မတော်က လယ်တွေသိမ်းယာတွေသိမ်းဆိုတာတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေးတစ်ခု တင်ပြချင်တယ်ဗျာ....
အချို့ဒေသတွေမှာရှိကောင်းရှိနိုင်ပေမဲ့အတော်များများကတော့ ခေတ်ပြောင်း၊စနစ်ပြောင်းမှာပွဲလန့်တုန်းဖျာ
ခင်းချင်သူတွေရဲ့ ပယောဂတွေကြောင့် လိုအပ်တာထက်ပိုပြီး ကြီးကျယ် အသံထွက်တယ်လို့ ယူဆမိတယ်...

ခုလည်း ပိုင်ဆိုင်ကြောင်း အထောက်အထားသာ ခိုင်ခိုင်မာမာ ပြနိုင်ရင်လယ်မြေတွေပြန်လည်ပေးအပ်ခြင်း၊လုံခြုံရေးအရပြန်မပေးနိုင်သောလယ်မြေတွေအတွက်လည်း အစားထိုးပေးအပ်ခြင်းတွေကို ဆောင်ရွက်ပေးနေတာလည်း မျက်စိမှိတ်နားပိတ် လုပ်နေလို့ မရဘူးလေ...

ဒီလိုဗျာ....

ကျွန်တော်တို့တပ်စတည်တယ်..တောင်ကြားထဲမှာ..လယ်မပြောနဲ့အဆောက်အဦပါ မနည်းဆောက်ရတဲ့ နေရာ...

ဒီလိုနဲ့ ရှိတဲ့နောက်ချန်အင်အားလေးနဲ့ လယ်ကွက်ရသလောက်လေးဖော်တယ်...၃ ဧကလောက်ပဲရတယ်..

စစ်သည်မိသားစုသက်ချောင်အတွက် ဆန်ကို ကိုယ်တိုင်စိုက်ရမယ်၁၂ နှစ်အောက်ကဘယ်နှစ်ပြည်၊
၁၂နှစ်အထက်က ဘယ်နှစ်ပြည်သတ်မှတ်တယ်....တတ်နိုင်ရင်အလကားပေး..
.မတတ်နိုင်ရင်လျော့ရောင်း...ဒါအမိန့်..

အကောင်အထည်ဖော်ရမှာက ကျွန်တော်တို့အလုပ်...

တပ်ပိုင်ရှိတဲ့ ၃ ဧကလောက် ထွက်နှုန်းနဲ့ ဘယ်လိုမှ ပေးမရ...

ဒီလိုနဲ့တပ်နဲ့ ၄ မိုင်လောက်ဝေးတဲ့နေရာက ရေနက်ကွင်း ၅ ဧကလောက်
ကိုသွားတွေ့တယ်...ပိုင်ဆိုင်ကြောင်းကို မြေစာရင်းမှာစုံစမ်းကြည့်တယ်
ရွာနီးချုပ်စပ်သေချာလိုက်မေးတယ်...မရှိဘူး..

ဒါနဲ့ ဒီရေလွှမ်းဧရိယာကို မြေစာရင်း၊မြို့နယ်၊ခရိုင်၊တိုင်း စနစ်တကျလျှောက်လန ၃၉ ထွက်အောင်လုပ် မြေပုံတွေဘာတွေနဲ့ စနစ်တကျ တပ်ပိုင်လယ်မြေလုပ်ခဲ့တယ်...

ရေကခါးစောင်းလောက်...ကိုင်းပင်တွေကလူတစ်ရပ်...ပေါလိုက်တဲ့ မျှော့နဲ့ကျွတ်ဆိုတာလည်း ရှစ်ခေါပဏီလောက် အသာလေး..လယ်ကွက်ဖော်နေတဲ့ ကျွန်တော်တို့ကို ရွာသားများ မှတ်ချက်ပေးတာက
"စောက်ရူး"တွေတဲ့...

ဒါကိုကျွန်တော်တို့ဂရုမစိုက်အား...ကိုယ့်မိသားစု အတွက်လေ...မနက်ဝေလီဝေလင်း ထမင်းထုပ်နဲ့လယ်ထဲဆင်း၊မိုးစုတ်စုတ်ချုပ်မှတန်းဖြုတ်..လူတစ်ရပ်နီးပါးရှိတဲ့ ကန်သင်းဘောင်တွေဖို့...ရေတွေကို ခနွှဲနဲ့ထိုးမတရားပင်ပန်းခဲ့ကြရပါတယ်....

လယ်ကွက်တွေပေါ်လာတော့ ပထမနှစ် ဘာမှကို မထွက်...ဒုတိယနှစ်ကျတော့ အထွက်က တော်တော်လေး ကောင်းလာတယ်.

ဒါနဲ့ တခြားအလုပ်တွေကြောင့်လူအင်အားမပေးနိုင်တော့တာနဲ့ရွာထဲက ကျပန်းအလုပ်သမားတစ်ဦးကို လယ်စောင့်ထား..အားရင်သွားကြည့်...နောက်ပိုင်းကျတော့အဲ့လူက သူရင်းငှားသဘောဖြစ်
လာတယ်...

နောက်ပိုင်းကျတော့ ကျန်တဲ့တာဝန်တွေကြောင့်ဒီလယ်မြေကို သူရင်းငှားနဲ့တစ်ယောက်တဝက်ပုံစံ သီးစားချလိုက်ရပါတော့တယ်...

ပထမတော့ဟုတ်နေသား.တပ်ကိုပုံမှန်လေးသွင်းနေသေးတယ်...အဲ...ခေတ်ပြောင်းစနစ်ပြောင်းဂွင်တွေ့ပီဆိုတော့ ဒီလယ်ကသူ့လယ်တပ်ကသိမ်းထားတာပါဆိုပြီး Nld ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားကိုးနဲ့ မပေးတော့ဘူးဗျို့...

လွှတ်တော်ကိုယ်စားလှယ်ကလည်းမတရားမလုပ်နဲ့ ဘာညာပေါ့..တပ်ကိုလာတွေ့တော့ ပိုင်ဆိုင်ကြောင်းအထောက်အထားကိုပရိုဂျက်တာနဲ့တခမ်းတနားကိုရှင်းပြပေးလိုက်တယ်..လယ်စောင့်ဘာမှ
ကို မပြောနိုင်ဘူးတိုင်ထားတာတွေကလည်းပွလို့....

နောက်ဆုံးလွှတ်တော်ကိုယ်စားလှယ်ကိုပါ အသရေဖျက်မှုနဲ့ တရားပြန်စွဲမယ်ဆိုမှ ငြိမ်သွားတော့တယ်....

ဘာမှလည်းသေချာအောင်မစုံစမ်းပဲနဲ့စစ်တပ်ဆိုတာနဲ့အမြင်မကြည်လင်တော့တဲ့ သဘောတွေသွားတွေ့ရတယ်ဗျာ..

နောက်ဆုံး လယ်စောင့်ကိုနှင်လွှတ် ကိုယ့်လယ်ကိုပြန်လုပ်လိုက်ရတယ်..

အံမယ်...ဒါတောင်ဒင်းက ဂျာနယ်ထဲလှမ်းထည့်လို့ လိုက်ရှင်းရသေးတယ်ဗျာ...

နာမည်နဲ့တကွထည့်တော့ ထုံးစံအတိုင်းပေါ့ဗျာ..ရှင်းရတော့တာပေါ့..

စိတ်ပေါက်ပေါက်နဲ့ဂျာနယ်တိုက်ဖုံးဆက်ပြီးမေးတော့ ခင်ဗျားတို့ဘာမှမသိဘဲ
ဘာလို့ထည့်တာလည်းဆိုတော့"ပြည်သူ့ဘက်ကမှန်မယ်ထင်လို့ပါတဲ့"

ဒါပဲဗျာ...တစ်ခါတလေလည်း ရူးရူးမိုက်မိုက်သာလုပ်ပစ်ချင်တော့တာပါပဲ

(တောင်သူဦးကြီးစစ်စစ်တွေကိုလေးစားတဲ့ဖိုးဥာဏ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...