Friday, December 27, 2013

မြန်မာနိုင်ငံအတွင်း လက်ရှိလုပ်ဆောင်နေသော ကျောက်စိမ်း၊ ရွှေ အစရှိသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ MIC ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ဟုသိရ

Friday, 27 December 2013



နန့်တံခွန်ကြိုးဝိုင်းအတွင်းမှ ရွှေလုပ်ကွက်တစ်ခုအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လက်ရှိလုပ်ဆောင်နေသော ကျောက်စိမ်း၊ ရွှေအစရှိသည့် သတ္တု တူးဖော်ရေးလုပ်ငန်းများမှာ MIC permit ဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ သတ္တုတွင်းဥပဒေဖြင့်သာ လုပ်ဆောင်နေသောလုပ် ငန်းများဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ့်နှံမှုကော်မရှင်မှရရှိသော သတင်းများအရ သိရှိရသည်။

“ Foreign Investment မှာ သတ္တုတူးဖော်ရေးကဏ္ဍမှာပေါ့ ပါမစ်ထုတ်မပေးခင်ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Criteria တွေရှိပါတယ်။ ဒါပေမဲ့လည်း ဒါက နှစ်ပိုင်းရှိပါတယ်။Foreign Investment law ဖြစ်ဖြစ် Myanmar Citizenship law ဖြစ်ဖြစ် တချို့လုပ်ငန်းတွေက ဥပမာဟိုတယ်လုပ်ငန်းပဲ ထားပါတော့။ MIC ပါမစ်တင်တဲ့ ဟိုတယ်ရှိတယ်။ မတင်တဲ့ ဟိုတယ်ရှိတယ်။ Investment law ဆိုတာက ပြောရရင် optio- nal law ပေါ့။ Mendatory law မဟုတ်ဘူး။ဥပမာ လူဝင်မှုကြီးကြပ်ရေးဥပဒေ Mendatory law လိုက်ကို လိုက်နာရမယ်။ ဥပမာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ နိုင်ငံသားတိုင်းလိုက်နာရမယ်။ ဒါပေမဲ့ Investment law ရဲ့သဘာဝသည် Optional ပဲ။ သတ္တုနဲ့ ပတ်သက်ပြီး ပြောချင်တာက တချို့သတ္တု လုပ်ကွက်တွေက MIC တင်ထားတယ်။ တချို့ Project တွေက MIC မတင်ဘူး။ ဥပမာ ကျောက်စိမ်းတူးနေတဲ့ လုပ်ငန်းတွေ။ ဖားကန့်မှာလုပ်နေတာ။ ရွှေတူးနေတဲ့လုပ်ငန်းတွေအများစုက MIC မတင်ကြဘူး။

MIC က စိစစ်တဲ့အခါ တော်ယုံတန်ယုံနဲ့ သိပ်မပေးဘူး။ သေချာမှပေးတယ်။ အထူးသဖြင့် Natural resources တွေ နဲ့ပတ်သက်ရင်ပေါ့။ အခုရွေတူးတာမှာ ဘက်ဖိုးတွေနဲ့တူးနေတယ်ဆိုတာ ကျွန်တော်တို့လည်း ကြားပါတယ်။ ဒါပေမဲ့ အများစုကကျတော့ MIC Permit တွေ မဟုတ်ပါဘူး . . .


သတ္တု တွင်းဥပဒေနဲ့သွားထားကြတာ။ MIC က ဘာလုပ်လဲဆိုရင် MIC ဥပဒေနဲ့ လာမယ် ဆိုရင် သတ္တုတူးဖော်ရေးလုပ်ငန်းဆိုရင် EIA (Environmental Impact Assessments) လုပ်ခိုင်းတယ်။ အဲဒီရလဒ်ကို ကျွန်တော်တို့ကြည့်တယ်။ အဲဒီ result က အခြေ အနေမကောင်းဘဲနဲ့ ကျွန်တော်တို့ permit မပေးဘူး။ နောက်တစ်ခုက သူ့ရဲ့သုံးတဲ့ နည်းပညာနဲ့ပတ်သက်ပြီးတော့ စိစစ်တယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မယ့်ဟာမျိုးလား။ အလွန်အကျွံ ထုတ်ယူမယ့်လုပ်ငန်းမျိုးလား၊ ဒါမျိုးဆိုလည်း ကျွန်တော်တို့ကမပေးဘူးပေါ့။


လက်ရှိပြဿနာတွေကို ပြန်ကြည့်လိုက်တော့။ ပြန်ကြည့်တယ်ဆိုတာ MIC က စိစစ်တဲ့အခါ တော်ရုံတန်ရုံနဲ့ သိပ်မပေးဘူး။ သေချာမှပေးတယ်။ အထူးသဖြင့် Natural resource တွေ နဲ့ပတ်သက်ရင်ပေါ့။ အခုရွှေတူးတာမှာ ဘက်ဖိုးတွေနဲ့တူးနေတယ်ဆိုတာ ကျွန်တော်တို့လည်းကြားပါတယ်။ ဒါပေမဲ့ အများစုကကျတော့MIC Permit တွေမဟုတ်ပါဘူး ”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။အလားတူ ပင်လက်ရှိအချိန်တွင် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ MIC တွင်နောက်ထပ် MIC ခွင့်ပြုချက်တင်ထားသော လုပ်ငန်းမရှိသေးကြောင်း၊ ထို့အတူရပ် ထားသော စီမံကိန်းများတွင် ပေါ်လစီကြောင့် ရပ်ထားသည့် စီမံကိန်းများရှိသကဲ့သို့ ဒေသ၏အခြေအနေကြောင့် ရပ်ထားသည့် စီမံကိန်းများရှိကြောင်း၊ ရပ်ခြင်း မရပ်ခြင်းမှာ MIC နှင့် မဆိုင်ကြောင်း၊ MIC က မှတ်တမ်းတင်ထားမှုကိုသာပြုလုပ်ကြောင်း သိရသည်။ ရပ်ခြင်းနှင့် ဆက်လုပ်ခွင့်ခွင့်ပြုခြင်း၊ မပြု ခြင်းမှာ MIC ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ပြောကြားခဲ့သည်။



နန့်တံခွန်ကြိုးဝိုင်းအတွင်းမှ ရွှေလုပ်ကွက်တစ်ခုအား တွေ့ရစဉ်

“ ကျွန်တော်တို့တွေ့တာတော့ မြန်မာပြည်အထက်ပိုင်း နန့်တံခွန်သစ်တောကြိုးဝိုင်းဧရိယာထဲမှာပဲဖြစ်ဖြစ်၊ မန်စီသစ်တောကြိုးဝိုင်းဧရိယာထဲမှာပဲဖြစ်ဖြစ်၊ မန်ကပ်သစ်တော ကြိုးဝိုင်းဧရိယာထဲမှာပဲ ကြည့်ကြည့် အဲဒီမှာ ရွှေတူးနေကြတာရှိတယ်။ တူးတဲ့အခါ ဘက်ဖိုးတွေသုံးပြီးကို တူးလာကြတဲ့အတွက် တချို့နေရာတွေဆို ကျင်းကြီးတွေဖြစ်ပြီး အဲဒီကျင်းကြီးတွေကနေ မိုးရွာတော့ တောင်ပေါ်ချောင်းကြီးတွေလိုဖြစ်နေတယ်။ နောက်တော့ ဒီရေတွေကလည်း မြစ်တွေထဲကိုပဲ စီးဆင်းတယ်ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိသလို တစ်ဖက်ကပြန်ကြည့်တော့ လည်း မြစ်ကြောင်းတစ်လျှောက် ဒီမြစ်ရေတွေကိုပဲ သောက်သုံးနေရတဲ့လူတွေအတွက် ကျန်းမာရေးအရ အန္တရာယ်ရှိပါတယ်။ တကယ်တော့ အဲဒီနေရာတွေက မူးမြစ်ရယ်၊ ဧရာဝတီမြစ်ရယ်၊ ချင်းတွင်းမြစ်ရယ် ပေါင်းဆုံတဲ့နေရာတွေပါ။ အချို့နေရာတွေမှာ ရွှေတူးတဲ့နေရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေကြောင့် ရေတွေဆို ပြာပြီး ကျန်ခဲ့တာတွေရှိတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့လည်း ဒီလုပ်ငန်းတွေရဲ့ ဆိုလိုတာက ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေကြောင့် တိုင်းပြည်ပေါ်က ရောက်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြန်ချိန်စစ်ပြီးမှ ခွင့်ပြုပေးသင့်ပါ တယ်။ အထူးသဖြင့် သတ္တုတူးဖော်ရေးလုပ် ငန်းတွေကို ပိုပြီးသတိထားဖို့ လိုပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...