Monday, December 16, 2013

ဆိပ်ကမ်းသာလမ်းတွင် အထပ်မြင့် ယာဉ်ရပ်နား အဆောက်အအုံ ဆောက်လုပ်ရန် ကျပ်သန်း ၇၅၀ တောင်းခံမှုအား ပြန်လည်ပယ်ဖျက်ခဲ့ရ

Monday, December 16, 2013



ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရာ မီးပွိုင့်အနီး မြေနီကုန်းအခပေး ယာဉ်ရပ်နားစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့လယ် ဆိပ်ကမ်းသာလမ်းတွင် အထပ်မြင့် ယာဉ်ရပ်နား အဆောက်အအုံ ဆောက်လုပ်ရန် ငွေကျပ် ၀ ဒသမ ၇၅၀ ဘီလျံ (သန်း ၇၅၀) အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းတွင် ထည့်သွင်းတောင်းခံထားမှုအား ပြန်လည်ပယ်ဖျက်ခဲ့ရကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စာရင်းအရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ အဖွဲ့အစည်း ၁၉ ဖွဲ့၌ မူလခွင့်ပြုသည့် ဘဏ္ဍာငွေဖြင့် မလုံလောက်၍ ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၅၉ ဒသမ ၇၂၆ ဘီလျံကို စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်ပြတောင်းခံခဲ့ကြောင်း၊ ယင်းတင်ပြတောင်းခံငွေထဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တင်ပြတောင်းခံသည့်ငွေ ကျပ် ၂၉ ဒသမ ၀၉၀ ဘီလျံ၌ ယာဉ်ရပ်နားအဆောက်အအုံ တည်ဆောက်ရန် ငွေကျပ် ၀ ဒသမ ၇၅၀ ဘီလျံ ပါဝင်ခဲ့ကြောင်း၊ ဖြည့်စွက်ခွင့်ပြု တင်ပြငွေ စုစုပေါင်းထဲမှ အသုံးစရိတ်အချို့နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ကန့်ကွက် ခဲ့ကြသော်လည်း ထောက်ခံသူ များပြား၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သဖြင့် ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်သို့ ဆက်လက်တင်ပြခဲ့သည်။

ယာဉ်ရပ်နားအဆောက်အအုံ တည်ဆောက်ရန် ငွေကျပ် ၀ ဒသမ ၇၅၀ ဘီလျံ ပါဝင်ခဲ့ကြောင်း၊ ဖြည့်စွက်ခွင့်ပြု တင်ပြငွေ စုစုပေါင်းထဲမှ အသုံးစရိတ်အချို့နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ကန့်ကွက် ခဲ့ကြသော်လည်း ထောက်ခံသူ များပြား . . . . .


ဘဏ္ဍာရေး ကော်မရှင်မှ တင်ပြတောင်းခံသည့် ငွေကျပ် ၅၉ ဒသမ ၇၂၆ ဘီလျံထဲမှ ၁၃ ဒသမ ၅ ဘီလျံ စိစစ်လျှော့ချခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများအား ပြန်လည်စိစစ်ခဲ့ရာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ လုပ်ငန်းအပ်နှံမှုများ လျော့နည်းသွား၍ ထပ်မံလိုငွေ ကျပ် ၈ ဒသမ ၈၄၆ ပေါ်ပေါက်ခဲ့ကာ ဖြည့်စွက်ခွင့်ပြုငွေထဲမှ စုစုပေါင်း ငွေကျပ် ၂၂ ဒသမ ၃၄၆ ဘီလျံအား လျှော့ချပြင်ဆင်ခဲ့ရသည်။ ယင်းသို့ လျှော့ချသည့်ငွေ ကျပ် ၂၂ ဒသမ ၃၄၆ ဘီလျံထဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တောင်းခံငွေ ဆိပ်ကမ်းသာလမ်းတွင် အထပ်မြင့် ယာဉ်ရပ်နားအဆောက်အအုံ ဆောက်လုပ်ရန်အတွက် ကျပ် ၀ ဒသမ ၇၅၀ ဘီလျံ ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့နည်းစေနိုင်ရန်အတွက် မူလက ဆိပ်ကမ်းသာလမ်းတွင် ၁၅ ထပ် အမြင့်ရှိ အထပ်မြင့် ကားပါကင်ကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

သို့သော် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအနီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးဘေး အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီး၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်ကျောင်းလမ်းဆုံ အနီးတို့တွင် မြေပြင်နှင့် အလွှာများပါဝင်သည့် အထပ်မြင့် ယာဉ်ရပ်နားခစန်းများ တည်ဆောက်သွားရန် မြေနေရာများ ရွေးချယ်ပြီးသွားပြီဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး၌ ရန်ကုန်မြို့တော် ၀န်ဦးလှမြင့်က ပြောကြားထားခဲ့ပြီးဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...