Saturday, January 11, 2014

အကောင်ရေ သိန်းချီတဲ့ လင်းနို့ အသေကောင်တွေ ကောင်းကင်ကနေ ပြုတ်ကျလာ



သြစတြေးလျ ကို ဖြတ်သန်းသွားတဲ့ ပြင်းထန်တဲ့အပူလှိုင်းကြောင့် လင်းနို့ ကောင်ရေ တစ်သိန်းခန့်  ကောင်းကင်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ် အထိမြင့်တက်ခဲ့ပြီး တောင်ပိုင်း ကွင်းစ်လန်းပြည်နယ်မှာ အခုလို လင်းနို့ အသေကောင်မိုးရွာချ ခဲ့တာဖြစ်တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီလင်းနို့ အသေကောင်တွေ ကောင်းကင်ကပြုတ်ကျမှုကြောင့် တစ်ချို့ မြို့ နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး စည်ပင်ဝန်ထမ်းတွေ ဟာလည်း ဒီအသေကောင်တွေကို သစ်ပင်ချုံပုတ်တွေကနေ ဖယ်ရှားပစ်ဖို့  အလုပ်ရှုပ်စေခဲ့တယ်လို့ သိရပါတယ်။ မြို့ သူမြို့ သားတွေဟာလည်း ဒီလင်းနို့ အသေကောင်တွေရဲ့ ပုပ်ပွ နံစော်တဲ့ အနံ့ ကို လေးရက်တိတိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၆ ယောက်ရှိတဲ့ မြို့ ခံတွေဟာ သေခါနီးလင်းနို့ တွေရဲ့ ကုတ်ခြစ်ရာတွေကြောင့် ရောဂါပိုးကူးစက်မှုမခံရအောင် ကုသခဲ့ရပါတယ်။

“သူတို့ ကို သွားမကိုင်မထိကြပါနဲ့ ။ တစ်ချို့ ကောင်တွေက နာကျင်ပြီးရန်လိုနေကြတာပါ။ တကယ်လို့ သူတို့  ကြောင့် ခင်ဗျားတို့ အရေပြားတွေ ထိခိုက်ပွန်းပဲ့ခဲ့မယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်” လို့ လင်းနို့  အသေကောင်တွေကို ရှင်းလင်းကယ်ဆယ်ရေးလုပ်နေတဲ့ အစီအစဉ်ရဲ့ အကြီးအကဲက မြို့ သားတွေကို သူတို့  ကိုယ်တိုင် ဒီအသေကောင်တွေကို မရှင်းလင်းဖို့ ကြေငြာသတိပေးခဲ့ပါတယ်။

Ref: mirror.co.uk

1 comment:

  1. စားရကံ ကြုံလို့ကောင်းကင်ကပြုတ်ကျလာတာ ကောင်းတာပေါ့ ပံ့သကူသားစစ်စစ်ပါ
    မြန်မာနှိုင်ငံမှာ ရှားပါးစားကုန်ဖြစ်နေပြီ
    လင်းနို့တွေအတွက်တော့ ကောင်းရာသုဂတိ ရောက်ကြပါစေ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...