Thursday, February 27, 2014

မြန်မာနိုင်ငံတွင် ပြည်ပထွက်ခွာ ခရီးသွားလုပ်ငန်း ပူးပေါင်းလုပ်ကိုင်ရန် နိုင်ငံတကာမှ ခရီးသွားအေဂျင်စီများအား ဟိုတယ်/ခရီး ဒုဝန်ကြီးဖိတ်ခေါ်


မြန်မာခရီးသွားများ သွားရောက်ဖူးမြော်လေ့ရှိရာ ထိုင်းနိုင်ငံရှိ ၀တ်စပွန်ဘုရား (ဓာတ်ပုံ-နွဲ့ယဉ်အေး)


မြန်မာနိုင်ငံတွင် ပြည်ပခရီးသွား လုပ်ငန်းအတွက် နိုင်ငံတကာမှ ခရီးသွား အေဂျင်စီများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သော (၅)ကြိမ်မြောက် ကမ္ဘာ့ဂေဟစနစ် အခြေပြု ခရီးသွားလုပ်ငန်း ကွန်ဖရင့်တွင် ဖိလစ်ပိုင် ခရီးသွားအေဂျင်စီများကို ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

၎င်းက ဖိလစ်ပိုင်နိုင်ငံရှိ ခရီးသွားအေဂျင်စီများ အနေနှင့် မြန်မာနိုင်ငံရှိ ခရီးသွားကုမ္ပဏီ လုပ်ငန်းရှင်များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံတွင်လည်း ရေလမ်းခရီးနှင့် ကမ်းရိုးတမ်းဒေသများတွင် ဂေဟစနစ်နှင့် ဇီဝမျိုးစုံ ထိန်းသိမ်းရေး၊ ဒီရေတောများ အရှည်သဖြင့် ထိန်းသိမ်းရေးနှင့် ခရီးသွားဧည့်သည်များ ကြည့်ရှုလေ့လာခွင့်ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

၎င်းက ဖိလစ်ပိုင်နိုင်ငံတွင် ကွန်ဖရင့် တက်ရောက်နေစဉ် ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တော်ဝန်နှင့် ခရီးသွားတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် ခရီးသွားပန်းတိုင်သစ်များစွာ ပေါ်ပေါက်လာနိုင်သည့် အလားအလာ ရှိနေပြီး ပူတာအို၊ မြိတ်ကျွန်းစု၊ နာဂနယ်၊ ဟားခါး၊ နတ်မတောင်နှင့် လွိုင်ကော်မြို့တို့မှာ အလားအလာ ကောင်းနေကြောင်း မြန်မာခရီးသွား မဟာပင်မ စီမံကိန်းအရ သိရသည်။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ နှစ်သန်းလေးသောင်းကျော် ရှိသွားပြီဖြစ်သည်။ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ စံချိန်တင် တိုးတက်လာခဲ့သလို မြန်မာနိုင်ငံမှ ပြည်သူများကလည်း ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။

လက်ရှိအချိန်တွင် ကုန်ကျစရိတ် သင့်တင့်သည့် ဒေသတွင်းနိုင်ငံများသို့ သွားရောက်လည်ပတ်မှုများလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...