Monday, February 24, 2014

တက္ကသိုလ်ဘော်ဒါဆောင် များကို ပစ်မှတ်ထား ခိုးယူနေသူကို ဖမ်းဆီး အရေးယူ



စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ၊ မုံရွာ တက္ကသိုလ် နှင် မုံရွာ စီးပွားရေး တက္ကသိုလ် အကြားရှိ ဘော်ဒါဆောင် များကို ပစ်မှတ်ထား၍ ပစ္စည်းများ ခိုးယူ နေသူကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁ နာရီခန့်က ရဲကင်း အဖွဲ့က ဖမ်းဆီး အရေးယူ ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ မြ၀တီ ၊ သလ္လာမြို့သစ် ၊ နန္ဒ၀န် ရပ်ကွက်တို့ရှိ တက္ကသိုလ် ကျောင်းဘော်ဒါ ဆောင်များ ဖြစ်သော ပန်းဝန်ရည် အမျိုးသမီး အဆောက်တွင် ၂ ကြိမ် ၊ ပွင့်ဦး အမျိုးသမီး ဆောင် ၊ ချင်းတွင်းမေ အမျိုးသမီး ဆောင် ၊ ရတနာ အမျိုးသား ဆောင် ၊ နှင်းဝတ်လွှာ အမျိုးသမီး ဆောင် ၊ သီဟိုဠ် အမျိုးသမီး ဆောင် ၊ ရွှေတိုင်းသူ အမျိုးသမီး ဆောင် ၊ ကနီ အမျိုးသမီး ဆောင် ၊ မိဘမေတ္တာ အမျိုးသမီး ဆောင် နှင့် နောင်အင်းလေး အမျိုးသမီး ဆောင် စသည့် ဘော်ဒါဆောင် တို့မှ ဆိုင်ကယ် ၊ စက်ဘီး ၊ လက်ကိုင်ဖုန်း ၊ ပိုက်ဆံ နှင့် အခြား လူသုံးကုန် ပစ္စည်းများကို ဖောက်ထွင်း ခိုးယူလေ့ ရှိသူသ တစ်ဦးကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ် ဘော်ဒါဆောင် များအား ပစ်မှတ်ထား၍ ၀င်ရောက် ခိုးယူ နေသူမှာ မုံရွာမြို့ ၊ လယ်တီ ရပ်ကွက် ၊ အင်းဇောင်းပိုင်း နေ ကိုဦး (ဘ) ဦးမြင့်ဦး ဖြစ်သည်။ ထိုသူသည် ပဲခူးတိုင်း ဒေသကြီး ၊ နတ်တလင်း မြို့ ဇာတိဖြစ်ပြီး မုံရွာမြို့၌ အိမ်ထောင်ကျ၍ နေထိုင်သူ တစ်ဦးဖြစ်ကြောင်း ရဲဌာန၏ မှုခင်း မှတ်တမ်း များတွင် ဖော်ပြ ထားသည်။

မုံရွာ တက္ကသိုလ် နှင့် မုံရွာ စီးပွားရေး တက္ကသိုလ် များတွင် အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသော ကျောင်းသား ကျောင်းသူများ ငှားရမ်း နေထိုင်သည့် ဘော်ဒါဆောင် များတွင် မကြာခဏ ပစ္စည်းများ ခိုးယူ ခံနေရသည်ဟု သတင်းများ ပေါ်ထွက် လာပြီးနောက် ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ပညာသင်ကြား နိုင်ရန်အတွက် ရဲတပ်ဖွဲ့မှ အဆောက်များ အနီးဝန်းကျင်တွင် ညစဉ် ကင်းပုန်းဝပ်၍ ခိုးယူလေ့ ရှိသူကို ဖော်ထုတ် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူ ကိုဦး (ဘ) ဦးမြင့်ဦး ကို ရဲ အက် ၅၄ အရ ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...