Tuesday, February 4, 2014

Pitbull ပါဝင်ထားတဲ့ သူ့ရဲ့ဗီဒီယိုအသစ် “I’m a Freak” ကိုထုတ်ခဲ့တဲ့ Enrique Iglesias



Pitbull featuring လုပ်ထားတဲ့သီချင်း “I’m a Freak” MTV ဟာအဖေါ်အချွတ်ပုံရိပ်တွေနဲ့ယမကာတွေပြန့်ကျဲ့နေတဲ့ မြင်ကွင်းတွေနဲ့ပြည့်နှက်နေပြီး Miley Cyrus တောင်လက်ဖျားခါရမယ့် twarking အကတွေပါဝင်ပါတယ်။ မရပ်မနား disco-pop beat တွေ နဲ့တန်ဆာဆင်ထားပြီး လက်တင်ကြယ်ပွင့် Enrique ရဲ့ မလုံ့တလုံဝတ်ကောင်မလေးတွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

၃မိနစ်နဲ့ ၅၃ စက္ကန့်ကြာဗီဒီယိုမှာ Enrique ဟာပါတီလာတဲ့သူတွေနဲ့အတူ စိတ်လှုပ်ရှားတဲ့ပုံဖမ်းနေပြီး လေးဖက်ထောက်ထားတဲ့မိန်းမတစ်ယောက်ပေါ်နဲ့အတူအချိန်တွေကုန်လွန်နေတာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ အ၀ါရောင်သရေဂျာကင်ဝတ်ထားတဲ့ Pitbull ကပါဝင်ပြီး rap ဆိုပါတော့တယ်။

“I’m a Freak” ဟာ Enrique Iglesias ရဲ့မကြာမီ (မတ်လ ၁၈မှာ) ထွက်တော့မယ့် album အသစ် Sex+Love ထဲကနောက်ဆုံးသီချင်းဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ Enrique ဟာသူ့ရဲ့ El Perdedor သီချင်းနဲ့ Hot Latin Songs ဇယားမှာနံပါတ် ၁ချိတ်ခဲ့ပါတယ်။

Ref:billboard.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...