Tuesday, February 4, 2014

မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကားများအပေါ် အမြင် (၆) (သို့မဟုတ်) The Proposal ကိုပြန်ရိုက်ထားတဲ့ ဇာတ်ကား နာမည်က "လက်ထပ်ခွင့်" ဆိုပဲ




ဒီကားနဲ့ဆို .. The Proposal ကို ပြန်ရိုက်ထားတဲ့ မြန်မာကား ၃ ကား ရှိပါပြီ။ ပြသနာက မြန်မာပြည်က ဇာတ်လမ်း အများစုက လုံးလုံး အနှစ်သာရ မရှိတော့တာ အမှန်ပါ။ ကျွန်တော် ဝေဖန်တာ ဆိုတာကလည်း သူတို့ကို မနာလို မုန်းတီးလို့လည်း မဟုတ်ဘူး။ ကျွန်တော်နဲ့လည်း သူတို့ နဲ့ ဘာမှ ပတ်သက်နေတာ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံခြားမှာ နေနေတဲ့ ကျွန်တော်တို့လို လူမျိုးတွေ အတွက်တော့ ကိုယ့် မြန်မာ နိုင်ငံရဲ့ အနုပညာ အဆင့်အတန်းကို ကြည့်ရင်း စိတ်ပျက်လို့ ခေါင်း အတွင်တွင် ရမ်းမိတာက အမှန်ပါ။

အများစု ပြောကြတာက နည်းပညာ မပြည်စုံလို့ .. စက်က ဘာ ဖြစ်တယ် ညာဖြစ်တယ် ပေါ့။ တကယ်တန်း အခြေခံ ဖောင်ဒေးရှင်း ကျတာက ဇာတ်လမ်း နဲ့ သရုပ်ဆောင် ပီပြင်မှုပါ။ နည်းပညာကလည်း အနေနဲ့ အရေးကြီးပါတယ်။ ဒါပေမယ့် လုံးလုံးကို အခြေခံကျတဲ့ အရာဟာ ဇာတ်လမ်းပါ။ ဖြေဖျော်ရေး သက်သက် ဆိုစေအုံးတော့ ယနေ့ခေတ် ဇာတ်ကားများ ဟာ ခေတ်အပြော ပေါကြောင်ကြောင် ဆိုတာက လွဲလို့ ဘာမှ အနှစ်သာရ ရှိတဲ့ ဇာတ်ကားတွေ တစ်နေ့တခြားများလာပါတယ်။ အနှစ်သာရ သို့မဟုတ် ပညာရစေတဲ့ ဇာတ်ကား အများစုတွေလည်း ရှိပါတယ်။ ဒါပေမယ့် တစ်နှစ်လုံးမှာ ထွက်သမျှ ဇာတ်ကားတွေနဲ့ ယှဉ်ကြည့်ရင် လက်ချိုးရေ လို့ရပါတယ်။ အရမ်းကို နည်းလွန်းလှပါတယ်။ အခုနောက်ပိုင်းမှာ မရှိသလောက်ဖြစ်လာအောင် ရှားသထက် ရှားလာပါတယ်။

ကဲ Screen Shots တွေကို ကြည့်ရင် သဘောပေါက်ပါပြီ .. အရေးထဲဇာတ်ကား နာမည်ပါ ဘာသာပြန်လိုက်သေးတယ်။ ဘာတဲ့ လက်ထပ်ခွင့် ဆိုပဲ


မူရင်းကားမှာ ဟာ Margaret ရုံးမသွားခင် စက်ဘီး နင်းနေပါတယ်




ဘယ်ရမလဲ ကျုပ်တို့ မင်းသမီး အကျော်အမော်ကလည်း နင်းသဗျ




ဒါကတော့ မူရင်းဇာတ်ကားထဲမှ Margret နောက်လိုက် Andrew ပါ




ရဘူး ဗျ .. ကျုပ်တို့လည်း တူအောင် လိုက်လုပ်တတ်တယ် .. ကြာညို့ နောက်လိုက် မိုးကြည်သာ ဗျ




မူရင်းဇာတ်ကားထဲက လက်ထပ်ခိုင်းလို့ အူကြောင်ကြောင် ဖြစ်နေရှာတဲ့ Andrew ပါ




သူလည်း အူကြောင်ကြောင် လုပ်ပြနေလေရဲ့ .. အပြင်မှာများ အဲဒီလို လက်ထပ်ခိုင်းရင်တော့ မပြောချင်ဘူး ဗျာ .. လေပူတွေတော့ နှာခေါင်းထဲက ထွက်လာမှာ သေချာတယ် .. ဟီး ဟီး ဟီး




Andrew အိမ်ကိုတော့ Margret ဟာ လေယဉ်နဲ့ လိုက်သွားလေရဲ့




မကြာညိုကတော့ မိုးကြည်သာ အိမ်ကို ဘတ်စ ကားနဲ့ လိုက်သွားလေရဲ့ဗျာ




Andrew က ကုတင်အောက်ကို ဆင်းလေရဲ့






ကျုပ်တို့ မြန်မာကားကလည်း ထိုနည်းလည်းကောင်း ပါပဲ ဗျ .. ကျုပ်ဆိုရင်တော့ မရဘူး .. အတူတူ အိပ်မှာ ပဲ .. မကြာညိုတော့ ကုတင် ပတ်ပြေးနေရမှာ သေချာတယ် .. ဟီး ဟီး ဟီး




ဒါကတော့ မူရင်းကားမှာ Margret ရဲ့ ချစ်သူဟောင်းနဲ့ စကားပြောနေတဲ့ ပါ




မြန်မာကားမှာတော့ ဇာတ်လမ်းကို ဟိုလှည့် ဒီလှည့်လုပ်ပြီး မိုးကြည်သာ ချစ်သူဟောင်းက ကြာညိုကို ရန်လုပ်နေလေရဲ့




Andrew ရဲ့ အဖွားလုပ်သူက မြေးချွေးမ Margret အတွက် အတွင်းပစ္စည်းတွေ ဆင်လေနေရဲ့



မြန်မာကားမှာလည်း မိုးကြည်သာ အဖွားလုပ်တဲ့သူက ကြာဖြူကို အတွင်းပစ္စည်းတွေ ဆွဲပေးနေလေရဲ့ ဗျာ



ဒါကတော့ The Proposal ရဲ့ Poster ပါ






ဒါကတော့ လက်ထပ်ခွင့် ဆိုတဲ့ ပိုစတာပါ .. ကျွန်တော်သာ အဲဒီ မင်းသားနေရာမှာဆို အခုလို ရက်ရက်ရောရောကြီးခိုးချမိတာကို ရှက်လို့ ကိုယ့်ဂွေးစေ့ကိုယ် ကိုယ်တိုင် တူနဲ့ထုပြီး သေတာပဲ အေးပါတယ် ဗျာ

အစကတော့ မရေးတော့ဘူး လုပ်တော့မလို့။ အရေးထဲ ကွယ်ရာမှာ မြန်မာ မင်းသား မင်းသမီး သရုပ်ဆောင် ဒါရိုက်တာက အစ စာရေးဆရာ အဆုံး ဝေဖန်သံ မခံနိုင်တဲ့ သူတို့ ရဲ့ အမာခံ ပရိတ်သတ် သုံးလေး ယောက်လောက်ရဲ့ စောင်းမြှောင်းပြောဆိုတာကို ခံလိုက်ရ သေးတယ်။ ကဲ ထားပါတော့ .. ဒီ တစ်ခါ လုပ်ချလိုက်တာကလည်း ရယ်ရတယ်။

အားလုံးကို လေးစားလျှက်

ကိုတိုး

........................................................................

ဒါကတော့ အဲဒီ The Proposal ဇာတ်ကားကိုပဲ ဟိုလှည့် ဒီလှည့် ပြန်ရိုက်ထားတဲ့ ကျော်ရဲအောင် နဲ့ စိုးမြတ်သူဇာ သရုပ်ဆောင်ထားတဲ့ “အထူအပါး နားလည်” ဆိုတဲ့ ဇာတ်ကားပါ .. အောက်က မှာ ဖတ်လို့ရပါတယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...