မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် အရှည်တည်တံ့ လာခဲ့ သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ရဲစွမ်းသတ္တိရှိပြီး စည်းစနစ်ကျနစွာ အုပ်ချုပ်သောမင်းများ လက်ထက်တွင် စည်းကမ်းကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းကောင်း၊ လက်အောက်ငယ်သားများ ကိုပိုင် ဆိုင်ပြီး နိုင်ငံတော်၏အချုပ် အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပါသည်။ စည်းစနစ်လျော့ရဲသော မင်းများလက်ထက်တွင် လက်အောက်ငယ်သားများကို ကောင်းမွန်စွာစီမံကွပ်ကဲမှု မပြုနိုင်သောေ ကြာင့် နိုင်ငံ ၏အချုပ်အခြာအာဏာကို မကာကွယ် မစောင့်ရှောက်နိုင်တော့ဘဲ အချုပ်အခြာအာဏာ လက်လွတ်ခဲ့ရကြောင်းကို သမိုင်းကြောင်းကြည့်လျှင် သိရှိနိုင်ပါသည်။ (၁၈၈၅)ခုနှစ် တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား လျော့ရဲပြီး နန်းတွင်းရေးမငြိမ်သက်မှုများ ကြောင့် တိုင်းတစ်ပါး၏ ကျူးကျော်မှုကိုခံခဲ့ ရသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ သို့သော် တိုင်းရင်းသားအပေါင်းက နှစ်ပေါင်းများစွာ အသက်၊ သွေး၊ ချွေးတို့နှင့်စတေးပြီး တိုက်ပွဲဝင်ခဲ့သောကြောင့် (၁၉၄၈) ခုနှစ်တွင် အချုပ်အခြာ အာဏာနှင့် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ပါသည်။
လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားကို တိုးချဲ့ဖွဲ့စည်းခဲ့သည်နှင့် အညီ နိုင်ငံ့ ၀န်ထမ်း များကိုလည်း တိုးချဲ့ခန့်ထားခဲ့ပါသည်။ နိုင်ငံတော်မှခန့်အပ်ထားေ သာ နိုင်ငံ့ဝန်ထမ်း များသည် မိမိတို့နိုင်ငံတွင် ကျင့်သုံးနေသော အုပ်ချုပ်ရေးယန္တရားအတွင်းမှနေ ၍ နိုင်ငံတော်အကျိုး၊ ပြည်သူလူထု အကျိုး များကို သယ်ပိုးဆောင် ရွက်ကြရမည်ဖြစ်ပါသည်။
ထိုသို့ သယ်ပိုးဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာဝန်ထမ်းစည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေပြီး ပြုမူ ကျင့်ကြံနေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်၊ ရပိုင်ခွင့်နှင့်စည်းကမ်းများကိုသတ်မှတ်နိုင် ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၅) အဖြစ် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။
သမိုင်းဆိုင်ရာစာမျက်နှာများစွာထဲမှ သာဓကတစ်ခုကို ထုတ်နှုတ်တင်ပြလိုပါသည်။ မြန်မာသက္ကရာဇ် ၉၉၀မှ ၁၀၁၀ ပြည့်နှစ်များတွင် ထီးနန်းစိုးစံခဲ့သော သာလွန်မင်းတရားကြီးလက်ထက်တွင် ၀န်ကြီးဗညား ကျန်းတော သည် တစ်နေ့သော ညနက်တစ်ခု၌ စစ်ကိုင်းမြို့မှပြန်လာပြီး အင်းဝနေပြည်တော်သို့ နန်းတော်ရှေ့မာန်အောင်တံခါးမှ ၀င်ရန်ကြံရွယ်ခဲ့ပါသည်။ တံခါးရှေ့ရောက်သောအခါတွင် ` ၀န်ကြီးစစ်ကိုင်းကပြန်လာတယ်၊ တံခါးဖွင့်ပေးပါလို့ ` မင်းမှုထမ်းတစ်ယောက်ကိုခေါ်ပြီး တံခါးမှူးထံစေ လွှတ်ပြောခိုင်းခဲ့ပါသည်။ ထိုအခါ တံခါးမှူးက `သန်းခေါင်ဝန်ကြီးကို ငါမတွေ့ဘူးပါ၊ အချိန်မဲ့ဝင်လိုလျှင် မြို့ဝန်ထံစာခံပြီး ပြန်လှည့်ပါ`ဟု ဆိုလိုက်သည်။ ထို့ကြောင့် ၀န်ကြီး ဗညားကျန်းတောသည် မာန်အောင်တံခါးမှ ၀င်ခွင့်မရသဖြင့် အောင်ထွန်းတံခါးသို့ လှည့်၍သွားပြီး တံခါးမှူးအား မိမိ သည် ၀န်ကြီးဖြစ်ကြောင်း ၀င်ခွင့်ပေးရန်ပြောခဲ့ရာ အောင်ထွန်းတံခါးမှူးသည် အစစ်ဆေးအမေးအမြန်းမပြုတော့ ဘဲ ၀င်ခွင့်ပေးခဲ့ပါသည်။ မိုးသောက်သောအခါ ၀န်ကြီးဗညားကျန်းတောသည် တံခါးမှူးနှစ်ယောက်လုံး အားေ ခ်ါပြီး တာဝန် ကိုတိကျစွာ သစ္စာရှိရှိဖြင့် ထမ်းဆောင်ခဲ့သော မာန်အောင်တံခါးမှူးကို ဆုလာဘ်များ စွာ ချီးမြှင့်ပြီး ဂုဏ်ပြု စကားပြောကြားခဲ့ပါသည်။ တာဝန်ကိုပေါ့လျော့စွာထမ်းဆောင်ခဲ့သော အောင်ထွန်း တံခါးမှူးအား ပြစ်တင်ရှုံ့ချပြီး ပြင်းထန်စွာပြစ်တင်စကားပြောကြားခဲ့ပါသည်။ ထိုသမိုင်းဖြစ်ရပ်ကိုလေ့လာ သုံးသပ်ခြင်းအားဖြင့် တာဝန် သိတတ်သော ၀န်ထမ်းကောင်းနှင့် တာဝန်ပေါ့လျော့သောဝန်ထမ်းနှစ်ဦး အပေါ်နာယကဂုဏ်နှင့်အညီ တိကျ ဖြောင့်မတ်စွာကျင့်သုံးခဲ့သော ပဒေသရာဇ်ခေတ်၏ ဆုပေးဒဏ်ပေးစနစ်ကို တစ်ပြိုင်နက်နှိုင်းယှဉ်ကြည့်လျှင် သုံးသပ် တွေ့မြင်နိုင်ပါသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် နေပြည်တော်သမ္မတရုံးအစည်းအဝေးခန်းမတွင် ကျင်းပသော စီမံကိန်းကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ `လာဘ်ပေးလာဘ် ယူမှု သည် ပေးသူရော ယူသူပါအကျင့်ပျက်သည်။ သိက္ခာမဲ့လုပ်ရပ်ဖြစ်သည့်အပြင် အစိုးရ၏ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက်အရေးယူအပြစ်ပေးခြင်းဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း၊ ဖြူစင်သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ဖြစ်ရေးအတွက် စွန်းထင်းနေတဲ့ ဒီအမည်းစက်ကို အစွမ်းကုန်ခြေဖျက်သွားဖို့ လိုအပ်ကြောင်းနှင့် အောက်ခြေက မည်သို့ပင်ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးသည် အထက်အကြီးအကဲတွင်သာ တာဝန်ရှိသည်ဟု ခံယူပြီး ထိရောက်စွာကိုင်တွယ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း’ သတိပေးတိုက်တွန်းပြောကြားသွားခဲ့ပါသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေကိုမျက်ကွယ်ပြုပြီး ကိုယ်ကျိုးရှာချစားကြသူများ၊ အချောင်သမားများ၊ လာဘ်ပေး လာဘ်ယူစာရိတ္တမကောင်းသူများမှန်သမျှကို တာဝန်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တိကျစွာဖယ် ရှားရမှာဖြစ် ပါသည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေ စီ နိုင်ငံတော်ကြီး အဖြစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ပုံဖော်လျက်ရှိပါသည်။ ဒီမိုကရေစီခေတ်တွင် အစိုးရ၏ ပွင့်လင်း မြင်သာစွာ ဦးဆောင်မှုမှာ ပြည်သူတစ်ရပ်လုံးကလည်း ယုံယုံကြည်ကြည် လိုက် ပါပြောင်း လဲလျက်ရှိပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို ပုံဖော် ကြိုးပမ်းကြ ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိကဖြစ်ပါသည်။
နိုင်ငံ့ ၀န်ထမ်းများသည် သတ်မှတ်ပြဋ္ဌာန်းထားသော နိုင်ငံဝန်ထမ်းဥပဒေပါ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး မိမိတာဝန်ယူဆောင်ရွက်ရသောလုပ်ငန်းကျွမ်းကျင်မှုအစဉ်တိုးတက်နေခြင်းဖြင့် ၀န်ထမ်း အဖွဲ့ အစည်း၏ စွမ်းဆောင်ရည်မြင့်မားစေမည်ဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့တာဝန်ယူရသောအလုပ်အပေါ်တွင် တိကျမှန်ကန်မြန်ဆန်စွာဆောင်ရွက်ခြင်း၊ တာဝန်ကျေပွန်ရုံမျှမက နိုင်ငံအတွက် စေတနာတရား၊ သစ္စာတရားများနှင့်ပါ လုပ်ဆောင်တာဝန် ယူသင့်ပေသည်။ မိမိ၏တာဝန်အား ချစ်ခင်လေးစားကျေပွန်အောင်ဆောင်ရွက်ပြီး အဂတိလိုက်စားမှု များကို ရှောင်ရှားခြင်းဖြင့် တော်၍ ကောင်းသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ကြပါစေဟု တိုက်တွန်း ဆန္ဒပြုအပ်ပါသည်။
ဦးသက်တင်
0 comments:
Post a Comment