Wednesday, February 5, 2014

အ၀တ်တွေကို မျှဝေနေကြသလား Selena Gomez နဲ့ Taylor Swift




Selena Gomez ဟာ ကြယ်ပွင့်တွေနဲ့ အလှဒီဇိုင်းဖော်ထားတဲ့ star-spangled အင်္ကျံပွကို သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Taylor Swift ကဲ့သို့ပဲ ၀တ်ဆင်ခဲ့ပါတယ်။ Taylor Swift က သူမအနေနဲ့ ညီမတစ်ယောက်လို အယုံကြည်နိုင်ရဆုံး သူငယ်ချင်းဟာ Selena ပါလို့ ပြောထားပါတယ်။



အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးငယ် selena ဟာ အင်္ဂါနေ့က Tarzana ကိုနေ့လည်စာ သွားအစားမှာ ၀တ်ဆင်ခဲ့တာဖြစ်ပြီး ဒီအင်္ကျံမျိုးကိုပဲ Taylor ကလည်း ဇန်န၀ါရီလ ၂၁ရက်နေ့က ၀တ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Spring Breakers သရုပ်ဆောင် မင်းသမီးငယ်လေးဟာ ဆံပင်ကို ခပ်ရှုပ်ရှုပ်ထိပ်မှာ ထုံးထားပြီး အနက်ရောင်နေကာမျက်မှန်တပ်လို့ ရွှေရောင်နားဆွဲရှည်လေးကိုလည်း ၀တ်ဆင်ထားပါသေးတယ်။ မီးခိုရောင် ဘောင်းဘီတိုနဲ့ လိုက်ဖက်တဲ့ အနက်ရောင် leather boots ဖိနပ်အမြင့်ကို စီးထားပါတယ်။ အနက်ရောင် သားရေဘေးလွယ်အိတ်တစ်လုံး ဆွဲလို့ CiCi ပီဇာ ဘူဖေးဆိုင်ကနေ မျက်နှာကိုအောက်ငိုက်စိုက် ထွက်လာတဲ့ သူမရဲ့ သဏ္ဍန်ဟာ အနည်းငယ် ဂျစ်ကန်ကန်ဆန်နေပါတယ်။



စတားနှစ်ဦးဝတ်ဆင်ခဲ့ကြတဲ့ ဒီအင်္ကျံကတော့ Wildfox Counter ရဲ့ ပေါင် (၂၀၅)တန်ဖိုးရှိတဲ့ စပျစ်သီးဆွတ်ရာသီ အင်္ကျံဒီဇိုင်းပဲ ဖြစ်ပါတယ်။



Ref:seventeen.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...