Friday, July 25, 2014

ဆီးချိုရောဂါအတွက် ရုံးပတီသီး



ဆီးချိုရောဂါကို လုံးဝအမြှစ်ပြတ် ကုလို့မရနိုင်ဘူးဆိုပေမယ့် သက်သာအောင်တော့ အနေအထိုင်၊ အစားအသောက်တို့ကို ဆင်ခြင်ပြီး ဆေးနည်းမျိုးစုံတို့ဖြင့် ကုသလို့ရပါတယ်။ ဆေးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှမ်းဝေးပြီး အခက်အခဲကြုံနေသူများအနေဖြင့် အောက်ပါ သဘာဝဆေးနည်းလေးကို ကုသနိုင်ကြပါတယ်။

ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်ပြီး ကောင်းမွန်သည့် ဘဘာဝကုထုံးမို့ အများသိအောင် မျှဝေပေးလိုက်ပါသည်။

ဖန်ခွက်ထဲမှာ ထည့်ထားသည့် ပုံထဲကအတိုင်း ရုံးပတီသီးကို အရင်းပိုင်းနှင့် ထိပ်သီးအပိုင်းတို့ကို ဖြတ်လိုက်ပါ။ ၄ ထောင့် ၅ ထောင့်ခန့်ဆိုလျှင် လုံလောက်ပါပြီ။

ပြီးလျှင် ဖန်ခွက်ထဲမှာ ထည့်ပြီး ရေစိမ်ထားလိုက်ပါ။ ညပိုင်းမှာ စိတ်ထားပြီး မနက်မိုးလင်း ရေသောက်သည့်အချိန်မှာ အဖတ်များကို ဖယ်လိုက်ပြီး ၄င်းရေကို သောက်ပေးနိုင်ပါသည်။

၃ ရက်ခန့် သောက်ပေးပါက ဆီးချို သွေးချိုရောဂါကို သက်သာစေနိုင်ပါသည်။

(သတိပြုရန်) ။ ။ အလွန်အကျွံမသောက်သင့်ပါ။ သကြားဓါတ်၊ အချိုဓါတ်များ ဆုံးရှုံးမှု အလွန်များပြားလွန်းသွားလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

ဆီးချိုရောဂါကို ခံစားနေရသော ဝေဒနာရှင် အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Diabetes cure using okra | Natural cures.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...