Saturday, August 31, 2013

အနားပေးခံရသော ဆရာမဒေါ်စိုးစိုးခိုင် အတွက် ဆရာမများတောင်းဆိုနေကြပြီ

အခုတလောသတင်းတွေထဲမှာ Hot နေတဲ့ သတင်းတစ်ခုဖြစ်သော ဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီး ပြောချင် ပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့  ဖြစ်တယ် ဆိုတာ ရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင် ၈၈၈၈ ငွေရတုပွဲတက်လို့ ပညာရေးဝန်ကြီးဌာနက အနားပေး သယောင်ယောင်ဖြစ်အောင် လုပ်နေ တာတွေ့ ရတာ စိတ်မ ကောင်း စရာပါ။ ပညာရေးဝန်ကြီး ဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန်လို့  အနားပေး လိုက်တယ် ဆိုတာတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုလိုပညာရေး...

FACEBOOK ရှိ ၀ါဒဖြန့်နေသော အကောင့်များ၏ အချက်အလက်များကို အစိုးရမှတောင်းဆိုတော့မည်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် မဟုတ်မမှန်ဝါဒဖြန့်သူများနှင့် နိုင်ငံတော်နှင့် အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်သော account များ၏ အချက်အလက်အချို့ကို ဖေ့စ်ဘွတ်ခ် ထံမှ တောင်းဆို သွားတော့မည်ဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းမှသိရသည်။ အမေရိကန် နိုင်ငံသားများနှင့် အခြားနိုင်ငံများမှသူများကို အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) က ထောက် လှမ်းရာ၌ ၎င်းတို့ ပူးပေါင်းပါဝင်ခဲ့သည့် အကြောင်းကို ဖေ့စ်ဘွတ်ခ်က ထုတ်ဖော် ပြောကြား လိုက်ပြီးနောက် ကမ္ဘာ့ထိပ်တန်း လူမှုကွန်ရက်...

AIDS ရောဂါရှိသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်း ကောက်ယူသွားမည်

AIDS ရောဂါရှင်များ၏ HIV ပိုး ကူးစက်ခံရပြီးနောက်လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့လာရသော အခြေအနေ၊ အခက်အခဲများကို လေ့လာသိရှိနိုင်စေရန် မြန်မာ တစ်နိုင်ငံလုံးတွင် လာမည့် အောက်တိုဘာ လလယ်မှ စတင်ကာ စစ်တမ်းများ ကောက်ယူသွားမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ထုတ်ပြန်ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ ထိုသို့ UNDP မှနေ၍ HIV ရောဂါပိုး ကူးစက်ခံရသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး...

အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသူများကို အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ...

သုတ်ကောင် မထုတ်နိုင်သည့် အမျိုးသားများ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား

သုက်ကောင် မထုတ်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အရ တွေ့ရှိထားပါ တယ်။ အသက် ၃၀ မတိုင်ခင် သုက်ရည်ထဲ သုက်ကောင် မပါဝင်လာတဲ့ အမျိုးသားတွေဟာ ကင်ဆာ ဖြစ်နိုင်ခြေ ရှစ်ဆ ပိုမို မြင့်မားတယ် လို့ သိရပါတယ်။ကင်ဆာ ဖြစ်နိုင်ခြေဟာ မိမိ အသက်အရွယ်ထက် ၁၀ နှစ်ခန့် ကြီးသူတွေနဲ့ တူညီတယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံမှာ ကလေးမရတဲ့ အမျိုးသားတွေနဲ့ သုက်ကောင် မပါဝင်တဲ့ အမျိုးသားတွေ များပြားကြတယ်လို့ သိရပါတယ်။ အမေရိကန် အမျိုးသား လေးသန်းခန့်...

ကားစောင့်နေတာလား - ပန်ခြံထဲရောက်နေတာလား

လန်ဒန်မှာ ရှိတဲ့ ဘတ်စ် ကားမှတ်တိုင် တစ်ခုပါ။ သူတို့ နိုင်ငံမှာ လုပ်ထားတဲ့ ဘတ်စ်ကား မှတ်တိုင်ကလည်း အလန်းဇယားဗျ။ကြိုးပုခတ်လေးတွေကို မှတ်တိုင်မှာ ထားရင်း စောင့်နေရတဲ့ ခရီးသည် တွေရဲ့ စိတ်ကို သက်သာရာ ရအောင် ဖန်တီးထားပုံပါပဲ။မြန်မာနိုင်ငံမှာ ဆိုရင်တော့ အလုအယက် ၀င်လုနေဦးမယ်လို့ ကြိမ်းသေ ပြောရဲတယ်။ သူတို့ နိုင်ငံရဲ့ ကားမှတ်တိုင်မှာ က စောင့်နေတဲ့ လူတွေ အများကြီး မှ မရှိတာ။ ခရီးသည်ကို အဓိက ထားတဲ့ သူတို့ နိုင်ငံက စိတ်ဓါတ်ကိုလည်း ချီးမကျူးပဲ မနေနိုင်အောင်ပါပဲ။ပန်းခြံ...

စွန့်စားလိုစိတ်ရှိသော အမျိုးသမီးများ လိင် စိတ်ပြင်းထန်ကြောင်းလေ့လာတွေ့ ရှိ

စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြစွာ ဆောင်ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။ရှီကားဂိုး တက္ကသိုလ်မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။ပညာရှင်များက...

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ

  တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့...

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်၌ သြဂုတ် ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်သွားကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ကော်မတီရေးရာဆောင်တွင် သတင်းထောက်များနှင့်...

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ...

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ

. မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။မိတ္ထီလာမြို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့...

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်

ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့...

အမေရိကန်-မြန်မာ ကာကွယ်ရေးဝန်ကြီး သီးခြားတွေ့ဆုံ

. အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်...

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်

လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော်ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။“ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြောတယ်လေ လုပ်ဖို...

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

မ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း...

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ...

အစိုးရနှင့် UNFC စက်တင်ဘာ ၈ ရက်နေ့ ထိုင်းနိုင်ငံ၌ တွေ့မည်

 နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာလ ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။အစိုးရနှင့် UNFC မှ နည်းပညာ အထောက်အကူပြုအဖွဲ့များ သြဂုတ်လ ၂၇ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံ၍...

Facebook Messge ပို့လျှင် ပိုက်ဆံကောက်မည်

31/8/2013နောက်နေတယ် အောက်မေ့နေတာ။ ဧပြီလ ၉ ရက်နေ့ကစလို့ တစ်ကမ္ဘာလုံးက နာမည်ကြီး သတင်းဌာန အတော်များများက အတည်ပြု ဖော်ပြနေတဲ့ သတင်း ဖြစ်ပါတယ်။ ကံဆိုးချက်များ Facebook မှာ ကိုယ်မသိတဲ့သူနဲ့ နာမည်ကြီး Celebrity တွေဆီကို စာ (Message) ပို့မယ်ဆိုရင် ဗြိတိန်ပေါင် ၁၀နဲ့ ညီမျှတဲ့ တန်ဖိုးကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကံအဆိုးဆုံးကတော့ ဗြိတိန်ပါ။ ဗြိတိန်မှာ စတင်မှာ ဖြစ်ပါတယ်။ စတောင်စနေပါပြီ။ အမေရိကန်ဒေါ်လာနဲ့ဆို မနည်းပါဘူး။ ဒါတောင် ဗြိတိန်ပေါင် ၁၀ ဒေါ်လာက အခြေခံတန်ဖိုးပဲ...

Kim တို့စုံတွဲ စစ်သုံမော်တော်ယာဉ် ၂ စီး ဝယ်

အမေရိကန် ဟစ်ပ်ဟော့အဆိုတော် Kanye West နဲ့ မင်းသမီး Kim Kardashian တို့ စုံတွဲဟာ ယခုရက်ပိုင်းအတွင်း ရုရှား Dartz Motors က ထုတ်တဲ့ စစ်သုံး မော်တော်ယာဉ် ၂ စီးကို ဝယ်ယူလိုက်ကြောင်း သိရပါတယ်။ အားလုံးသိထားတဲ့ အတိုင်း Kim တို့စုံတွဲ ၂ ဦးက ကားရူးရူးနေသူတွေပါ။ ကမ္ဘာ့ဈေးအကြီးဆုံး Bugatti က အစ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နာမည်အကြီးဆုံး ပြိုင်ကား အမျိုးအစား အများစု သူတို့ဆီမှာ ရှိပါတယ်။ ယခု လည်း Darz က ထုတ်တဲ့ ကားကိုဝယ်လိုက်ပါပြီ။ စစ်သုံးဆိုပေမယ့် ဇိမ်ခံကားအဖြစ်...

Friday, August 30, 2013

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်

ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်အနီးရှိ ဧရာမ အမှိုက်ပုံကြီးကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်) ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက...

iPhone အဟောင်းကို ပြန်လဲ ပေးမယ့် အစီအစဉ် Apple တို့ စတင်

iPhone 3G သို့မဟုတ် ယင်းထက် မြင့်သော iPhone မော်ဒယ် များကို မော်ဒယ် သစ်များနဲ့ လဲလှယ်ခြင်း သို့မဟုတ် ပြန်လည် ရောင်းချခြင်း ပြုလုပ်ရန် အစီအစဉ်ကို Apple က စတင် လိုက်ကြောင်း သိရပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ကစတင်လို့ Apple က ရွေးချယ်ထားတဲ့ Apple Store တွေမှာ အရင် စတင်မှာ ဖြစ်ပြ ပါတယ်။ စက်တင်ဘာ လဆန်း ကနေ စတင် ရင်တော့ Apple Store တိုင်းမှာ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ပထမ ပရောဂျက်အရ အမေရိကန် နိုင်ငံတွင်း ဖြစ်ပြီး ဆက်လက်ပြီး ကမ္ဘာအနှံ့...

ကင်ညာ နိုင်ငံတွင် အမျိုးသား နှစ်ဦးက အမျိုးသမီး တစ်ဦးအား တစ်ပြိုင်တည်း လက်ထပ်

နိုင်ရိုဘီ သြဂုတ် ၃၀ကင်ညာနိုင်ငံမှ အမျိုးသား နှစ်ဦးသည် ၎င်းတို့၏ ချစ်သူ အမျိုးသမီး တစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် သဘော တူခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသား နှစ်ဦးနှင့် ယင်းအမျိုးသမီးတို့ ချစ်ကြိုက် နေသည်မှာ လေးနှစ်ကျော် ကြာပြီ ဖြစ်ပြီး ၎င်းအမျိုးသမီးသည် မည်သည့် အမျိုးသားကို ရွေးချယ်၍ လက်ထပ် ရမည်ကို ဆုံးဖြတ်၍ မရခဲ့ပေ။ နောက် ဆုံးတွင် နှစ်ဦးစလုံးနှင့် လက်ထပ်ပြီး တစ်အိမ်တည်းတွင် အတူ နေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ ၎င်းအမျိုးသား နှစ်ဦးအနက်...

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၂၉ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီ လိတ်မြို့နယ် စံဖူးကျေးရွာ အနီးရှိ တောတွင်း၌ မြေအောက်တွင် မြှုပ်နှံထားသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝဝခန့်ပါရှိသော အထုပ် ၃၂၅ထုပ်၊ စုစုပေါင်း ဆေးပြား ၆၅ဝဝဝဝ ပြားခန့်အား သြဂုတ် ၂၈ရက် နေ့လယ်ပိုင်းတွင် တပ်မတော် စစ်ကြောင်း က ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သဖြင့် တာချီလိတ် မူးယစ် (အထူး) တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိသည်။    မြဝတီ...

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ

      ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆွေးနွေးပွဲ (သြဂုတ်လ ၂၉၊၂၀၁၃)   August 30th, 2013 ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့  ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့်  စစ်ရေးအရ အရေးယူဖို့အတွက်တော့  တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။   သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ ...

အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး မြန်မာနိုင်ငံလာမည်

August 30th, 2013 နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ် (William Brownfield) ဟာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေဆီ သွားရောက်မှာဖြစ်ပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ ထိန်း သိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ...

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူမာင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မာင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။  အဆိုပါကိစ္စနှင့်ပတ်သက်၍...

မြေယာပြဿနာ ပြေလည်အောင်ဖြေရှင်းရန် သူရဦးရွှေမန်းက သမ္မတထံသ၀ဏ်လွှာပို့

-------------နေပြည်တော်- လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက်မှုများ နှေးကွေးလျက်ရှိသဖြင့် တောင်သူလယ်သမား ပြည်သူများအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုလျော့နည်းကျဆင်းလာသည်ကို ၀မ်းနည်းဖွယ် ကြားသိနေရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြရေးသားထားသည်။လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး...

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ

ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။...

ယောင်္ကျားလေးများ ကျရှုံးရတတ်တဲ့ မိန်းကလေးများ၏ ညို့ချက်မာယာများ

ညို့ချက် (၁)တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)ညို့ချက် (၂)တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)ညို့ချက် (၃)တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက...

Fashion ဆိုင်များမှ ၀န်ထမ်းများ၏ လှည့်စားခြင်းကို ဈေးဝယ်ရာတွင် သတိပြုကြရန်လို

အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း...

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင်ဆိုင်နေရ

----------------------ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့် မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင်...

" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "

" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "---------------------------------------အွန်လိုင်းမှာရော.....မီဒီယာတွေမှာပါ.....တလစပ် တက်တက် နေတဲ့ ....သတင်းတွေကို ကြည့်ရင်း .....သတင်းမှောင်ချခံရတဲ့ ခေတ်ကနေ....သတင်း အဆိပ် ခတ်ခံနေရတဲ့ ခေတ် ကို.....ရောက်သွားပြီ ပဲလို့ တွေးမိလိုက်ပါတယ်.....သတင်းရေးသူ တစ်ချို့ ကတော့ ....မှန်ကန်တိကျမှုကို .....လျှင်မြန်မှုထက် ပိုအလေးထားတာ တွေ့ ရပေမယ့် ....အများစု က တော့ .....ချဉ်ချဉ် တူးတူး ... ဦးရင် ပြီးတာပဲ ဆိုတဲ့ ....ပုံစံမျိုးတွေ...

အထူးသတင်း

မြ၀တီသတင်းစာနဲ့ မြ၀တီရုပ်သံသတင်း မကြည့်ကြတဲ့ မိတ်ဆွေများအတွက် သတင်းထူးတစ်ခု လက်ဆင့်ကမ်းပါ ရစေ။ လေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နဲ့ ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးမှူး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ ခေါင်းဆောင်တဲ့ စစ်တပ်က အဖွဲ့တွေ သူတို့ရဲ့ လက်နက် နည်းပြဆရာကြီး ရုရှားနိုင်ငံမှာလုပ်မယ့် International Aviation and Space Salon “MAKS-2013” ပွဲကိုတက်ဖို့ အခုလ ၂၅ ရက်နေ့က ထွက်သွားကြတဲ့ သတင်းဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ရုရှားနိုင်ငံ...

စာဖတ်စေချင် နိုင်ငံတစ်ခွင်

စာရေးသူသည် အလုပ်မအားသည့်ကြားက စာရေးချင်စိတ် စာဖတ်ချင်စိတ်ပေါ်ပေါက်လာသောအခါ တစ်ကိုယ်လုံး ယားယံနေသကဲ့သို့ ခံစားရ၏။ ထို့ကြောင့် စာရေးစာဖတ်ရန်အတွက် အကွက်ချောင်းနေရလေ၏။ နောက်ဆုံး၌ မိမိလုပ်စရာရှိသည်များကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ရလေသည်။ အချိန်အားဖြင့်ကြည့်လျှင် စာရေးသူအတွက် အချိန်သည် လွန်စွာတိုတောင်းလွန်းပါ၏။ အလုပ်လုပ်နေသူအဖို့ အချိန်သည် ခဏကလေးနှင့် ကုန်ဆုံးသွားတတ်သည်ဟု စာဖတ်သူများလည်း ခံစားမိဖူးပေမည်။ ထိုကဲ့သို့သောအခါတွင် မိမိအတွက် အချိန်သည် မည်မျှအရေးကြီးကြောင်းကို...

မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – မြန်မာ့အလင်း)မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်တို့ ဆွေးနွေးကြသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမေရိကန် သံအမတ်ကြီးတို့သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် ၂ နိုင်ငံ တပ်မတော်...

Related Posts Plugin for WordPress, Blogger...