Tuesday, August 27, 2013

ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်


===========================
သြဂုတ်(၂၇)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
===========================
နိုင်ငံတ ကာရှိ မြန်မာသံရုံးများမှ ဗီဇာ ထုတ်ပေးရာမှ ကောက်ခံရရှိငွေ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိနေကြောင်း သိရ သည်။
နိုင်ငံတကာရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၏ ဗီဇာ (Visa)ထုတ်ပေးခြင်းမှကောက်ခံ ရရှိငွေမှာ ၂၀၁၁ခုနှစ်ဧပြီမှ ၂၀၁၃ ခုနှစ်မတ်အထိ အမေရိကန်ဒေါ် လာ ၂၉၂၂၁၈၀၄ ဒေါ်လာရရှိ နေရာ ပျမ်းမျှအားဖြင့် နှစ်စဉ်တစ် နှစ်လျှင် ကန်ဒေါ်လာ ၁၃၄၈၆၇၇၉ ဒေါ်လာအထိရရှိနေကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးတင်ဦးလွင်ကပြောသည်။
ဩဂုတ် ၂၆ ရက်တွင်ကျင်းပ သည့် ပြည်သူ့လွှတ်တော် ၂၃ရက် မြောက်အစည်းအဝေးတွင် ရေ ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းဦး ၏မေးမြန်းချက်ကို ဒုတိယဝန်ကြီး က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။
ဦးဝင်းဦးက ''နိုင်ငံခြားက နေလာကြတဲ့ နိုင်ငံခြားသားတွေ နဲ့ တိုးရစ်တွေရဲ့ ဝင်တဲ့အပေါ်မှာ ကျွန်တော်တို့ကခန့်မှန်းပြီးတော့ တစ်နှစ်ကိုနိုင်ငံခြားဝင်ငွေ ဘယ် လောက်ရနိုင်လဲဆိုတာကို ခန့်မှန်း ကြည့်ပါတယ်။ နိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ ရသုံးဘတ်ဂျက်မှာကြည့် တဲ့အခါကျတော့ အဲဒီဝင်ငွေတွေ ဖော်ပြထားတာ မတွေ့ရပါဘူး''ဟုလွှတ်တော်မှတစ်ဆင့် မေးမြန်း ရခြင်းဖြစ်ကြောင်း ပြောသည်။
နိုင်ငံခြားရေးဒုတိယဝန်ကြီး က ကောက်ခံရရှိသော နိုင်ငံခြား ငွေများအား သက်ဆိုင်ရာရုံးများ မှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေ ဖြင့် လွှဲပြောင်းပေးပို့ပြီး ယင်းယူ ရိုငွေဖြင့်ညီမျှသည့် ကျပ်ငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ဆက် လက်၍လွှဲပြောင်းပေးရကြောင်း၊ ကောက်ခံရရှိငွေအားလုံးအား သက်ဆိုင်ရာရုံးများမှ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်သို့ ပုံမှန်လွှဲ ပြောင်းပေးပို့ပြီး ထိုသို့လက်ခံရရှိ ပါက ညီမျှသည့်ကျပ်ငွေဖြင့် ဝင် ငွေခွန်မှကောက်ခံရရှိငွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေစာ ရင်းသို့လည်းကောင်း၊ ထောက်ခံ စာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနငွေစာရင်းသို့လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ခြင်းနှင့် အသစ်ထုတ်ခြင်းမှ ကောက် ခံရရှိငွေအတွက် ပြည်ထဲရေးဝန် ကြီးဌာန ငွေစာရင်းသို့လည်း ကောင်းဆက်လက်လွှဲပြောင်းပေး သွားလျက်ရှိကြောင်း ဖြေဆိုခဲ့သည်။
လာမည့်ဘဏ္ဍာနှစ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကူး သန်းသွားလာရာတွင် သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများ အား အပြန်အလှန်ဗီဇာကင်းလွတ် ခွင့်ကို အာဆီယံနိုင်ငံများနှင့် သ ဘောတူလက်မှတ်ထိုးထားပြီးဖြစ် ကြောင်း ဒုတိယဝန်ကြီးက ဆက် လက်ပြောသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...