အခုတလော အင်တာနက်စာမျက်နှာအတော်များများမှာ ဟိုနေရာလည်းရေကြီးလိုက်၊ ဒီနေရာလည်း မြေပြိုလိုက်၊ လမ်းပိတ်လိုက် အမျိုးမျိုးတွေ့နေရတယ်။
ဘေးဒုက္ခဖြစ်တဲ့ နေရာတိုင်းမှာလည်း ဘယ်အချိန်ကြည့်ကြည့် တပ်မတော်သားတွေပဲ ထိပ်ဆုံးက ကူညီလုပ်ကိုင်ပေးနေတာ တွေ့နေရတယ်။
တစ်ရက် မြို့ထဲက မြောင်းကို
ရေစီးရေလာကောင်းအောင် ၀ိုင်းပြီး ဆယ်နေကြတဲ့ တပ်မတော်သား
အရာရှိ၊စစ်သည်တွေ ကိုတွေ့တော့ မေးကြည့်တယ်။ အစ်ကိုတို့ဒီလိုဆယ်နေရတာ
ဘယ်သူခိုင်းလို့လဲဆိုတော့ ခိုင်းမှလုပ်စရာလားဗျာ၊
မြောင်းပိတ်လို့ ဒုက္ခရောက်ရင် ကိုယ့်ပြည်သူတွေပဲ သွားရေးလာရေး အဆင်မပြေနဲ့
ဒုက္ခရောက်မှာ ငပွကြီးများလို့ဆိုချင်လည်း ဆိုပေါ့ဗျာ၊
အများပြည်သူ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဘယ်နေရာ
ဘယ်အချိန်မှာမဆို အမြဲရှေ့ဆုံးကရှိနေမှာပါတဲ့။
အမျိုးသားရေးလဲ အမျိုးသားရေးမို့ ..ဒိမိုကရေစီဆိုလဲ ဒီမိုကရေစီရေးမို့ .....
တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားရေးမို့ ..
နေရာတကာ တပ်က မပါရင်မပြီးဆိုတာ သတိထားမိတယ်။
အဲဒီတော့ စိတ်ပေါက်ပေါက်နဲ့တွေးမိတာတစ်ခုက
" နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။ " ဆိုတဲ့
ပုဒ်မ ၃၄၁ က တပ်မတော်သားတွေအတွက်တော့ အထူးတလည် လိုက်နာလုပ်ဆောင်စရာမလိုတဲ့ ပုဒ်မဆိုတာ ရှင်းနေတာပဲဗျာ...။
ပုဒ်မ ၃၄၁ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တပ်မတော် ကတော့ ပြည်သူ လူထုဘေးဒုက္ခရောက်နေ တဲ့အချိန်တိုင်းမှာရှေ့ဆုံး ကနေ အသက်ကိုပေးပြီး ကာကွယ်ကူညီပေးနေမယ်ဆိုတာကတော့ အသေ အချာပါပဲ..။
ရင်ဖွင့်ချင်သော စစ်သားတစ်ဦး
0 comments:
Post a Comment