Wednesday, August 28, 2013

ဂျပန်က မြန်မာလေကြောင်း တခုမှာ ဒေါ်လာ၂၅သန်းမြုပ်နှံမယ်

မြန်မာနိုင်ငံက လေကြောင်းလိုင်းတခုဖြစ်တဲ့ Asian Wings Airways လေကြောင်းလိုင်းမှာ ဂျပန်နိုင်ငံ Nippon Airways လေကြောင်းလိုင်းက အစုရှယ်ရာ ၄၉ရာခိုင်နှုန်း ထည့်သွင်းတော့မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်လာကတည်းက နိုင်ငံခြား ရင်းနှီးမြုနှံမှုတွေ ပိုမိုဝင်ရောက်လာပြီး အခုဆိုရင် ဂျပန် Nippon လေကြောင်းလိုင်းက နိုင်ငံတကာဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ Asian Wings လေကြောင်းလိုင်းမှာ ဒေါ်လာ ၂၅သန်း အစုရှယ်ရာ ရင်းနှီးမြုပ်နှံမှုပြုလုပ်မှာ ဖြစ်ပါတယ်။
အစုရှယ်ရာ ရင်းနှီးမြုပ်နှံမှုထဲမှာ Asian Wings လေကြောင်းလိုင်း ပြေးဆွဲမှုနဲ့ လည်ပတ်မှု တွေအတွက် ဖွံ့ဖြိုးတက်အောင် ပြုပြင်ပြောင်းလဲလုပ်ဆောင်သွားဖို့လည်းပါဝင်တယ်လို့ ဂျပန်လေကြောင်းလိုင်းရဲ့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
ပြီးတော့ အခုလက်ရှိ တပတ်သုံးရက်ပျံသန်းတဲ့အစီအစဉ်ကနေ ဂျပန်နိုင်ငံ Tokyo Narita နဲ့ ရန်ကုန်မြို့ကို နေ့စဉ်လက်ရှိထက်ပိုကြီးတဲ့လေယာဉ်နဲ့ ပျံသန်း မှာဖြစ်တယ်လို့ဆိုပါတယ်။ အခုအစီအစဉ်သစ်ကို စက်တင်ဘာလကုန်မှာ စတင်မှာဖြစ်ပါတယ်။
Asian Wings လေကြောင်းလိုင်းဟာ ရန်ကုန်မြို့အခြေစိုက်ပြီး မြန်မာနိုင်ငံအတွင်းက မြို့ ၁၃ မြို့ကို ပျံသန်းနေတာဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာ နိုင်ငံတကာ ခရီးစဉ်ကိုစတင်မှာဖြစ်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...