Wednesday, August 28, 2013

ပေါ့ပ် ဂီတ အမြဲသီဆိုနေမယ့် အဆိုတော် နေနေ

အဆိုတော်နေနေက ပေါ့ပ်ဂီတလိုင်းကို အမြဲဆိုနေ မည်ဟု ပြောသည်။”မြူးဇစ် အားလုံးကို အကုန်လုံး ကြိုက်ပါတယ်။ ရော့ခ်မှာလည်း သီချင်း တအား ကောင်းတယ် ဆိုရင် ကြိုက်ပါတယ်။ R&B လည်း ကြိုက်တယ်။ ဟစ်ဟော့ မှာဆိုရင် လည်း တကယ်ကောင်းတဲ့ သီချင်းဆိုရင် အကုန် ကြိုက်ပါတယ်။ ဂီတမှာ အကြာဆုံး ရပ်တည်နိုင်တာ ကတော့ ပေါ့ပ်ပေါ့။ ပေါ့ပ်ဆိုရင် ကလေးလူကြီး မရွေး ကြိုက်ကြ တယ်။ ပေါ့ပ်လိုင်း ကိုတော့ အမြဲ ဆိုဖြစ်နေမှာပါ”ဟု ၄င်းကပြောသည်။
ဆူးစူးသူ အခွေ ပရိသတ်လက်ထဲ အရောက် ပို့ပေးပြီး နောက်ပိုင်းမှာ အဆိုတော် နေနေက ဒုတိယ တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ စုနေပြီဖြစ်ပြီး ကိုယ်တိုင် ရေးထား တဲ့ သီချင်း ပါဝင်မှာ ဖြစ်ကြောင်း ပြောသည်။
”နေနေ ကိုယ်တိုင် ရေးထားတာပါ။ သီချင်းစာသားရော၊ သံစဉ်ရော ကိုယ်တိုင်စပ် ထားပါတယ်။ ဒုတိယ အခွေကတော့ တော်တော် ပြောင်းလဲမယ်။ အများစုက လည်း ပြောကြတယ်။ သီချင်း အမြူးလေးတွေ ထည့်ပါတဲ့။ အဲဒါကြောင့် Country Style တွေ တော်တော် များများ ထည့် ထားတယ်။ ပေါ့ပ်၊ ရော့ခ်တွေ ပါမယ်။ ဆိုနေကျ အနှေးလေးတွေ လည်းပါမယ်။ R&B ပုံစံလည်း ဆိုဖို့ စဉ်းစားထားပါတယ်။ ပရိသတ်က အဲဒီလို သီချင်းတွေ ဆိုပါလို့ တောင်းဆိုတဲ့ အတွက်ကြောင့် ပါတယ်။ ကိုယ်တိုင် ဆိုချင်လို့ဆိုတဲ့ သီချင်းတွေက ပိုများပါတယ်” ဟု ပြောသည်။

ခိုင်ဝေလွင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...