Wednesday, August 28, 2013

အမေရိကန် အခြေစိုက် နိုင်ငံတကာ ငွေလွှဲလုပ်ငန်း မြန်မာ၌ စတင်ပြီ


သြဂုတ်လ ၂၇ ရက်နေ့တွင် Money Gram နှင့် AGD ဘဏ်တို့ လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ်။

ကမ္ဘာတစ်ဝန်း၌ မြန်မာလုပ်သား များနှင့် ပြောင်းရွှေ့အခြေချသူ သိန်းချီ ရှိနေပြီဖြစ်သောကြောင့် အမေရိကန် အခြေစိုက် နိုင်ငံတကာ ငွေလွှဲလုပ်ငန်း Money Gram ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာငွေလွှဲလုပ်ငန်း Money Gram  သည် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းကာ နိုင်ငံတကာငွေလွှဲ၊ ငွေပို့ လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီးပ ထမဆုံးအနေဖြင့် AGD ဘဏ် နှင့်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် ယခုလ ၂၇ ရက်နေ့က သဘောတူလက် မှတ်ရေးထိုးလိုက်သည်။
ကမ္ဘာတစ်ဝန်းတွင် မြန်မာနိုင်ငံ သား ၅ သိန်းခန့် အခြေချနေထိုင်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ ၂ဝ၁ဝ ခုနှစ် ခန့်မှန်းခြေ စာရင်းအရ သိရသည်။
နိုင်ငံတကာ ငွေလွှဲလုပ်ငန်း Money Gram ၏ ကွန်ရက်ကို အသုံး ပြု၍ နိုင်ငံပေါင်း ၇၉ နိုင်ငံမှ မြန်မာနိုင် ငံသို့ ငွေလွှဲပေးပို့နိုင်မည်ဖြစ်ပြီး ယင်း အချက်အလက်များကို အသေးစိတ်သိရှိ လိုပါက Moneygram.com/Myanmar  သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။
ပြည်တွင်းရှိ AGD ဘဏ်နှင့် Money Gram တို့ နိုင်ငံတကာငွေလွှဲ လုပ်ငန်းဆောင်ရွက်ရန် သဘောတူညီ ပြီးဖြစ်ရာ AGD  ဘဏ်၏ ဘဏ်ခွဲ ၃ဝ နှင့် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး စင်တာ ၁၇ ခုတို့တွင် နိုင်ငံတကာငွေလွှဲ လုပ်ငန်းဝန်ဆောင်မှုကို ဆောင်ရွက် ပေးနိုင်ပြီဟု သိရသည်။ ကမ္ဘာတစ်ဝန်း၌ Money Gram ၏ ကိုယ်စားလှယ်ပေါင်း ၃၂၁ဝဝဝ ရှိ ပြီး Money Gram  နှင့် ချိတ်ဆက်၍ ငွေလွှဲပေးမှုကို ဆောင်ရွက် ပါက ၁ဝ မိနစ်အတွင်း ငွေလက်ခံရရှိနိုင် မည်ဟု သိရသည်။
ဝေမာထွန်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...