၂၀၁၃ခုနှစ်သြဂုတ်လ၂၇ရက်နေ့ နေ့လည်(၂း၅)မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက် ပြည်လမ်းနှင့်စမ်းချောင်းလမ်းထိပ်ရှိ လောကနတ် လဘက်ရည်ဆိုင်တွင်စုရပ်ထာရှိပြီး တင်ထွဋ်ပိုင်(Generation Youth)၊လှိုင်မင်းအောင်(G.W)၊စည်သူ(G.Y)၊ကျော်သူ(G.Y)၊ ဒီမိုကရေစီအင်အားစုမှ နီလာဟန်၊ သန်းဆွေ၊ မ၀င်းမော်ဦး (မရမ်ကုန်း(NLD) ၊ကျော်နေ၀င်း(အလုံNLDဟောင်း) ဦးဘမြင့်(အလုံNLDဟောင်း) သန်းလွင်ဦး (စမ်းချောင်းNLD) ကျော်လင်းနိုင်(ရခိုင်အမျိုးသားကွန်ယက်)၊မသွယ်သွင်(နိုင်/ကျဉ်း)၊ ၊ဒေါ်ဝါ၀ါမြင့်(စမ်းချောင်းNLD) ပါဆန္ဒပြသူဦးရေ(၆၀)ခန့်နှင့်(DVB)၊(7Days)(AP)(ဧရာဝတီ)(ရွှေနိုင်ငံသစ်)(RFA)(Reporter) (ရှေ့ဆောင်) စသောမီဒီယာများမှ သတင်းထောက်(၂၀)ဦးခန့်စုစုပေါင်း(၈၀)ဦးခန့်သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ(၁၈)ဖျက်သိမ်းရေး ရည်ရွယ်ချက်ဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း၊
ဆန္ဒပြရာတွင်(၃x၂)ပေရှိ ကတ်ထူစက္ကူ အဖြူပေါ်တွင် လက်ရေးဖြင့်ရေးသား ထားသောဆိုင်းဘုတ်(၈)ခုကို ကိုင်ဆောင်ကြွေးကြော်ပြီးပြည်လမ်းအတိုင်းရှင်စောပုမိးပွိုင့်ဘက်သို့ ဦးတည် လမ်းလျှောက်ခဲ့ရာ(၁၄း၇)နာရီအချိန်တွင် စမ်းချောင်းလမ်းထိပ်တွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ တရားဝင်ခွင့်ပြုချက်ရယူပြီး မှဆောင်ရွက်ရန်ပြော ဆိုတားမြစ်ခဲ့ရာ ကျော်နေ၀င်း (အလုံNLDဟောင်း)၊တင်ထွဋ်ပိုင်(Generation Youth)တို့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ(၅၄)၊ပုဒ်မ၉၇(ခ)မှာဆိုလျှင် နည်းဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထက်ကျော်လွန်ပြီးလုပ် ဆောင်မရပါဘူးဟုဆိုကာပုဒ်မ(၁၈)ဖျက်သိမ်းရေး(ဒို့အရေး)၂၊ပြည်သူကိုအကျိုးမပြုသော ဥပဒေများ (အလိုမရှိ) ၂နိုင်ငံသားအခွင့်အရေးနှ င့်လူ့အခွင့်အရေးလေးစား လိုက်နာရေး(ဒို့အရေး)၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၃၅၄)နဲ့အညီလုပ်ဆောင်နေတာဖြစ်တယ်၊တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၂၊နော်အုံးလှ အပါအ၀င်ပုဒ်မ(၁၈)ဖြင့် မတရားဖမ်းဆီးခ့ရသူများလွှတ်ပေးရေး (ဒို့အရေး)၂ စသည့်ကြွေးကြော်သံများ ကိုကြွေးကြော်ခဲ့ကြပြီး မြို့တော်ခန်းမရှေ့မှလူစုခွဲသွားကြပါတယ် ။
(မောင်ကျောက်ခဲ အဖွဲ့)
0 comments:
Post a Comment