Wednesday, August 28, 2013

တိုင်တန်းနစ်စီမံကိန်းသည် အချစ်အကြောင်းသာဖြစ်


သစတြေးလျဘီလျံနာသူ ဌေးကြီးက ကြမ္မာဆိုးဝင်ခဲ့သော တိုင်တန်းနစ်သင်္ဘောကို အသွင် သစ် ပြန်လည်တည်ဆောက်နေ မှုသည် ချစ်ခြင်းမေတ္တာနှင့် ရဲရင့် မှုအကြောင်းဖွဲ့ဆိုသည့် စီမံကိန်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဩစတြေးလျသူဌေးကြီး ကလစ်ပါမားသည် ယခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင်နိုင်ငံရေးပါတီကို တည်ထောင်ခဲ့ပြီးနောက် လာမည့် လ အမျိုးသားရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသွားမည်ဖြစ် ကြောင်း သိရသည်။ တိုင်တန်းနစ် သင်္ဘော တည်ဆောက်မှုနှင့်ပတ် သက်၍ ပြောကြားရာတွင် မူလ တိုင်တန်းနစ်သင်္ဘောနှင့် တစ်ပုံစံ တည်း တူနိုင်သမျှတူအောင်တည် ဆောက်သွားမည်ဖြစ်သည်။
မစ္စတာပါမား၏ တိုင်တန်း နစ်-၂သင်္ဘောကြီးကို ခေတ်သစ် အသွင်အပြင်ပုံစံဖြင့် တွေ့ရမည် ဖြစ်သော်လည်း ၁၉၁၂ခုနှစ်က ရေခဲတောင်နှင့်တိုက်၍ နစ်မြုပ် ခဲ့သော နဂိုမူလတိုင်တန်းနစ်နှင့် မူ တူနိုင်သမျှတူအောင်ဆောက် သွားမည်ဖြစ်သည်ဟု ဆိုသည်။
သင်္ဘောတည်ဆောက်ပြီး ပါက ၂၀၁၆ခုနှစ်တွင် ပွဲဦးထွက် ခရီးကိုစတင်မည်ဖြစ်ပြီး ခရီးသည် ၁၀၀၀ ကြိုတင်စာရင်းသွင်းထား ပြီးဖြစ်ကြောင်း မစ္စတာပါမားက ပြောသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...