Wednesday, August 28, 2013

ပြင်ဦးလွင်-မိုးကုတ်လမ်းဘေးမြေကွက် ဈေးကောင်း အရောင်းအဝယ်ဖြစ် မန္တလေး မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ


မြေကွက်ဝယ်ယူရင်းနှီးမြှုပ်နှံမှုကြောင့် ပြင်ဦးလွင်-မိုးကုတ်သွား ကားလမ်းမကြီးဘေး ပြင်ဦးလွင် မြို့နှင့်သုံးမိုင်အကွာရှိ မြေကွက် များမှာ ဈေးကောင်းရနေသည့်အ ပြင် အရောင်းအဝယ်သွက်လျက် ရှိကြောင်း ပြင်ဦးလွင်မြို့မှအိမ် ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
ပြင်ဦးလွင်-လားရှိုးလမ်းရှိ မိုးကြိုးပစ်၊ ရေငယ်ကျေးရွာများ အလွန် မိုးကုတ်သွားလမ်းမကြီး ဘေးသုံးမိုင်ခန့်အတွင်း မြေကွက် များမှာ ဥယျာဉ်ခြံမြေစိုက်ပျိုးရန် ကောင်းမွန်ခြင်း၊ နေအိမ်ဆောက် လုပ်ရန် မြေအနေအထားကောင်း ခြင်း၊ ရေနှင့်လျှပ်စစ်မီးအလွယ် တကူရရှိနိုင်ခြင်းတို့ကြောင့် မြေ ကွက်ဝယ်လိုသူများ နေ့စဉ်လာ ရောက်ကြည့်ရှုခြင်း၊ ဈေးစုံစမ်း ခြင်း၊ စိတ်ကြိုက်မြေကွက်များအား ဈေးကောင်းပေး ဝယ်ယူခြင်းများ ပြုလုပ်လာကြောင်း သိရသည်။
''မိုးကုတ်လမ်းမကြီးစဖောက် တော့ ပြင်ဦးလွင်မြို့ခံတွေထဲက မြေနေရာ လက်ဦးမှုရယူထားတဲ့ သူတချို့ မြေကွက်တွေချထားတာ ရှိတယ်။ အခုကျတော့ မန္တလေး မြို့နဲ့ အခြားမြို့တွေက စီးပွားရေး သမားတွေ မြေယာလာရောက် ရင်းနှီးမြှုပ်နှံကြတာတွေ ရှိလာ တယ်။ တချို့လဲ နေအိမ်တိုက်တာ ဆောက်တာရှိတယ်။ တချို့က အရောင်းအဝယ်သက်သက် ရင်း နှီးမြှုပ်နှံတာပါ။ အရင်တုန်းက တစ်ဧက ကျပ်သိန်း၅ဝလောက် ပဲရှိခဲ့တာ။ အခုဆိုရင် ကျပ်သိန်း ၂၅ဝကနေ ကျပ်သိန်း၄၀ဝကျော် အထိဖြစ်နေပြီ''ဟု အဆိုပါမြေ အကျိုးဆောင်က ပြောသည်။
ပြင်ဦးလွင်မြို့တွင် ၂၀၁၀ ပြည့်နှစ်မှစတင်၍ မြေပြန့်မှလာ ရောက်မြေဝယ်ယူမှုရှိရာ မန္တလေး -ပြင်ဦးလွင်လမ်း ၂၁မိုင်မှ ပြင်ဦး လွင်အထိ အရောင်းသွက်ခဲ့သည်။ ပြင်စာ၊ စည်သာ၊ အနီးစခန်းနှင့် ပဒေသာကွက်သစ်များတွင် မြေ အရောင်းအဝယ် အများဆုံးဖြစ် ပြီး ယခုအခါ မြို့မြေမဟုတ်ဘဲ ယာမြေများကိုပါ အရောင်းအ ဝယ်လုပ်မှုများရှိလာသဖြင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော် မတီမှအရေးယူထားရသည့် မြေမှု များရှိသဖြင့် ပြင်ဦးလွင်ရဲစခန်းတွင် နေရာအမှုအခင်း တိုင်ကြားသူ များလာကြောင်း ပြင်ဦးလွင်မြေ အကျိုးဆောင်များက ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...