Wednesday, August 28, 2013

မြို့နယ်ထွေအုပ်ဒုဦးစီးမှူးများအား နယ်မြေပိုင်းခြားကာလစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်စေလျက် ရှိ


၂၆မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဒုဦး စီးမှူးများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုများတွင် နယ်မြေ ပိုင်းခြားပြီး လစဉ် ကွင်းဆင်းစစ် ဆေးမှုများဆောင်ရွက်စေလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကဖြေကြားခဲ့ သည်။
ပထမအကြိမ်ပြည်သူ့လွှတ် တော်သတ္တမပုံမှန်အစည်းအဝေး ၂၆ရက်မြောက်နေ့တွင် ထန်တ လန်မဲဆန္ဒနယ်မှပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဇာတ လမ်၏မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးဌာနရှိဒု-ဦးစီးမှူးများ ကို မြို့နယ်အတွင်းရှိကျေးရွာအုပ် စုအပိုင်းကိုတာဝန်ခွဲပြီး လစဉ် ကွင်းဆင်းစေကာ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရန် မေးခွန်းကို အထက်ပါအ တိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက''မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဒုဦးစီးမှူးစီမံ(၁)များကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများမှာ နယ်မြေပိုင်းခြားပြီး လစဉ်ကွင်း ဆင်းစစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူတွေရဲ့တင်ပြ ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်'' ဟုပြောသည်။ 
ဒုတိယဝန်ကြီးကဆက် လက်၍ ကျေးရွာအသစ်များကို နယ်နိမိတ်သတ်မှတ်ရာတွင် မြန် မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေ ပုဒ်မ(၉၉၅)တွင်ပါသည့် သဘာ ဝအပိုင်းအခြားအမှတ်အသား များ ကွက်ကျဲတိုင်းတာထားသည့် မြေစာရင်းများဖြင့် တိုင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက ဦးဆောင် လုပ်ဆောင်လျက်ရှိကြောင်း၊ အ ငြင်းပွားမှုများဖြစ်ပေါ်ပါက ယ ခင်ရှိခဲ့သည့် သူကြီးမှတ်ပုံတင်စာ အုပ်တွင်ပါဝင်သည့် ကျေးရွာ နယ်နိမိတ်ကိုစစ်ဆေးခြင်းတို့ကို ပြုလုပ်ကြောင်းဖြေကြားသည်။
ထန်တလန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ဇာတလမ်က''အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိ တာဝန်ကဲ့သို့ ရပ်ကွက်ကျေးရွာ အုပ်စုများကို တာဝန်ခွဲဝေထား မှုမရှိခဲ့သဖြင့် ယခင်အင်္ဂလိပ်အ စိုးရကဲ့သို့ လစဉ်ပုံမှန်ကွင်းဆင်း ၍အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ် များ ညှိနှိုင်းပေါင်းစပ်ခြင်းမရှိခြင်း တို့ကြောင့် နယ်နိမိတ်ပြဿနာ များဖြစ်ပေါ်လျက်ရှိပါတယ်''ဟု တင်ပြခဲ့သည်။
ယင်းကဆက်လက်၍ နယ် နိမိတ်အတိအကျမှတ်ပုံ တင်ခြင်း မရှိခြင်း၊ ရပ်ကွက်ကျေးရွာနယ် နိမိတ်အုပ်စု၏ နယ်နိမိတ်ဖော်ပြ ချက်မှတ်တမ်းမြေပုံများ ကျေးရွာ တွင်လည်းကောင်း၊ မြို့နယ်ဦးစီး ဌာနတွင်လည်းကောင်း တိတိကျ ကျမရှိခြင်းတို့ကြောင့် နယ်နိမိတ် အငြင်းပွားပြဿနာ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သက် ဆိုင်ရာအနေဖြင့် တိကျပြတ်သား သည့်လုပ်ရပ်များလုပ်မှသာ ပြည် သူတို့၏ ယုံကြည်မှုရရှိမည်ဖြစ် ကြောင်း ပြောသည်။
ထို့ပြင် အမှုတွဲပါအတိုင်း နယ်နိမိတ်စစ်ဆေးခြင်း၊ အငြင်း ပွားသည့်ကျေးရွာများ၏ရှေ့မီ နောက်မီရပ်မိရပ်ဖများ၏ ထွက်ဆို ချက်၊ တခြားသက်သေအထောက် အထားများဖြင့်ဖြေ ရှင်းဆောင် ရွက်ပေးလျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီးက ထည့်သွင်းပြော ကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...