Wednesday, August 28, 2013

အသင်းပြောင်းမည်ကို ၄၈နာရီအတွင်းဆုံးဖြတ်ရန် ရူနီအား မော်ရင်ဟို သတိပေး

ဝိန်းရူနီ အနေဖြင့် ချဲလ်ဆီးသို့ ပြောင်းရွှေ့ ရန် ဆုံးဖြတ်ချက်ကို ၄၈နာရီအ တွင်းချမှတ်သွားရန် နည်းပြမော် ရင်ဟိုက သတိပေးလိုက်သည်။
မန်ယူအသင်းနှင့် ချဲလ်ဆီး အသင်းတို့ ဂိုးမရှိသရေကျခဲ့သော ပွဲစဉ်တွင် ရူနီမှာ အကောင်းဆုံး ကစားနိုင်ခဲ့ကာ ၎င်း၏ကလပ်မှ ချဲလ်ဆီးအသင်းသို့ ရောင်းချမည် မဟုတ်ဟု ငြင်းဆန်ထားသည်။
မော်ရင်ဟိုအနေဖြင့် ရူနီ ဆက်နေမည်လား ဆိုခြင်းအပေါ် အမည်နာမ တိုက်ရိုက်တပ်ကာ ပြောဆိုခဲ့ခြင်းမရှိသော်လည်း ရူနီ အနေဖြင့် ၎င်း၏အပြောင်းအရွှေ့ ပုံပြင်အဆုံးသတ်ရန် သတိပေး မှုလုပ်ခဲ့သည်။
ချဲလ်ဆီးနည်းပြမော်ရင်ဟို က ''ဇာတ်လမ်းတစ်ပုဒ် စတဲ့လူ က ဒီဇာတ်လမ်းကို အဆုံးသတ်ဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီဇာတ် လမ်းစတဲ့လူတစ်ဦးအနေနဲ့ အခု အချိန်မှာ အဆုံးသတ်ဖို့အချိန်ကျ ပါပြီ။ သူ့အနေနဲ့ အသင်းမှာဆက် နေချင်တယ်၊ ဒါမှမဟုတ်ပြောင်း ရွှေ့ချင်တယ်ဆိုတာကို ပြောဖို့ လိုနေပါပြီ''ဟု ပြောသည်။
ထို့အပြင် မော်ရင်ဟိုက ၎င်း တို့အသင်းနှင့် တွေ့ဆုံသောပွဲစဉ် တွင် ခြေစွမ်းပြခဲ့သော ရူနီ၏ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ကို ချီးကျူးခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...