ဆမ်ဆောင်းကတော့ galaxy ဆိုတဲ့အတိုင်း ကမ္ဘာမြေကိုလွှမ်းခြုံနိုင်ဖို့
ထမ်မံဆင်းသက်လာတာကတော့ galaxy golden ပါပဲ။ ယခင်ထွက်ရှိပြီးဖြစ်တဲ့ Samsung Hennessy မျက်နှာပြင်နှစ်ဖက်ပါ စမတ်ဖုန်းကိုထုတ်လုပ်ပြီး Hennessy ထက်အရည်သွေးမြင့်တဲ့ Galaxy Golden ကိုယခုလိုမိတ်ဆက်လိုက်တာပါ။
သာမန်စမတ်ဖုန်းတွေလိုစွမ်းဆောင်ရည်မျိုးနဲ့ထွက်ရှိလာပြီး ထိတွေ့ မျက်နှာပြင်၊၃.၇ လက်မအရွယ်အစားနဲ့ထွက်ရှိထားတာပါ၊၊Android Version 4.2 Jelly Bean အဆင့်ရှိပါတယ်။
ထပ်မံသိရှိရတဲ့ အချက်အလက်အရ Processor 1.7GHz Dual-core အသုံးပြုထားပြီး ကင်မရာ 8MP နဲ့ရှေ့ကင်မရာ 1.9MP အသုံးပြုပေးထား
ပါတယ်။Keypad ဒီဇိုင်းခေါက်ဖုန်းပုံစံ၊မျက်နှာပြင် နှစ်ဖက်ပါ၊စမတ်ဖုန်းလို့
ဆိုရမယ့် Galaxy တန်းဝင် Samsung Galaxy Golden ကိုယခုလိုမြင်တွေ့ ရမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ပြောဆိုထားခြင်းတော့မတွေ့ပါဘူး။
ထွက်ပေါ်နေတဲ့ သတင်းများအရတော့ တောင်ကိုရီးယားပြည်တွင်းအသုံးပြု
ဖို့အတွင်သာထုတ်လုပ်တယ်လို့ဆိုထားပါတယ်။ထို့ပြင်ယခင်ကမိတ်ဆက်ထားတဲ့ Samsung Hennessy ကိုလည်းတရုတ်ပြည်မှာဖြန့်ဝေဖို့သာ ထုတ်လုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။
Ref:gadget
Khun Nay(August Myanmar Media Grooup)
0 comments:
Post a Comment