Thursday, September 26, 2013

နေပြည်တော် ကောင်စီ နယ်မြေ ဆယ်သိန်း ကျေးရွာနှင့် တောင်ညိုကျေးရွာ များတွင် ရေကြီးရေလျှံမှုအား တပ်မတော်သားများမှ ကူညီ ဆောင်ရွက် ပေးနေမှုများ

 
 
Created on Wednesday, 25 September 2013
ခရမ်းကိုင်းကျေးရွာတို့တွင် ရေကြီးမှုကြောင့် ဒေသခံများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)

စက်တင်ဘာ ၂၄ ရက် ည ၁၁ နာရီ အချိန် ရွာသွန်းခဲ့သော မိုးကြောင့် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ကျေးရွာငါးရွာနှင့် လယ်မြေဧကများစွာ ရေကြီးရေလျှံ နစ်မြုပ်လျက် ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ ဆင်ဆိပ်ကျေးရွာ၊ ညောင်ကုန်း ကျေးရွာနှင့် သရက်ခုံ ကျေးရွာများနှင့် လယ်မြေဧကများတွင် ရေများ ၀င်ရောက်ကာ နစ်မြုပ်လျက်ရှိသည်။

ခရမ်းကိုင်းကျေးရွာ ဒေသခံတစ်ဦးက ''ည ၁၁ နာရီလောက် ကတည်းက ရွာတဲ့မိုးက မနက် ၁ နာရီ ခွဲလောက်အထိ သဲသဲမဲမဲပါပဲ။ ရေက နံနက် ၃ နာရီ လောက်ကတည်းက ရွာထဲကို ရေတွေဝင်လာတယ်။ မိုးကြီးရင် ရေ၀င်မယ်ဆိုတာ သိပေမယ့် ဒီလောက်အထိ ကြီးမယ်မထင်ဘူး။ မနက်လင်းတော့ အိမ်အောက် မြုပ်နေပြီ။ ရင်စို့လောက်အထိ ရှိတယ်။ အိမ်ကကျွဲတွေ၊ နွားတွေ၊ ၀က်တွေကိုတော့ ရေစ၀င်ကတည်းက လေယာဉ်ကွင်းလမ်းပေါ် ရွှေ့ထားရတယ်'' ဟု ပြောကြားခဲ့သည်။



လေယာဉ်ကွင်းလမ်း မဖောက်ခင်က ရေကြီးတာ မရှိခဲ့ဘူး။ လေယာဉ်ကွင်းလမ်းက တမံလို ဖြစ်နေတယ်။ ရေထွက်ပေါက်ကလည်း ကိုက် ၅၀၀ နီးပါးမှာ တစ်ခုပဲရှိတယ်။ လေးပေပြွန်ချောင်းဆိုတော့ မိုးများလို့ ရေများရင် ကျွန်တော်တို့ ရွာတွေက အဲဒီဒဏ်ကို ခံစားရတာပဲ...




''လေယာဉ်ကွင်းလမ်း မဖောက်ခင်က ရေကြီးတာ မရှိခဲ့ဘူး။ လေယာဉ်ကွင်းလမ်းက တမံလို ဖြစ်နေတယ်။ ရေထွက်ပေါက်ကလည်း ကိုက် ၅၀၀ နီးပါးမှာ တစ်ခုပဲရှိတယ်။ လေးပေပြွန်ချောင်းဆိုတော့ မိုးများလို့ ရေများရင် ကျွန်တော်တို့ ရွာတွေက အဲဒီဒဏ်ကို ခံစားရတာပဲ။ ရွာတွေက အနိမ့်ပိုင်းဆိုတော့ ပိုဆိုးတာပေါ့။ ဒီလမ်းပေါ်လာပြီး နောက်ပိုင်း စပါးကတော့ စိုက်တာပဲရှိတယ်။ ရတယ်လို့ကို မရှိဘူး။ နှစ်စဉ်ရေကြီးတာနဲ့ ကြုံနေရတယ်။ နည်းတာနဲ့ များတာပဲကွာတယ်။ အခုတော့ ကယ်ဆယ်ရေးတွေ ရောက်နေပါပြီ'' ဟု ဆင်ဆိပ်ရွာမှ ကိုအေးဟန်က ပြောကြားသည်။



''အခုလို အချိန်မှာ အလိုအပ်ဆုံးက သောက်သုံးရေပါပဲ။ ရွာမှာရှိတဲ့ ရေတွင်းတွေက ရေမြုပ်ကုန်ပြီ။ စားစရာထက် ရေပဲ အဓိက လိုအပ်ပါတယ်'' ဟု ခရမ်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကျေးရွာများသည် ၂၀၁၁ ခုနှစ်တွင်လည်း ရေကြီးမှုကို ကြီးမားစွာ ခံစားခဲ့ရပြီး ရန်အောင်မြင် ဘုရားဝင်း အတွင်းတွင် နေထိုင်ခဲ့ရာ ယခုနှစ်ရေဘေး အတွက်လည်း ယင်းနေရာတွင်ပင် ချထားမည်ဖြစ်ပြီး လယ်ဝေးမြို့ အနီးတွင် ချောင်းမငယ်ဆည်နှင့် ဆင်အုံကန်ရှိပြီး ယခုရေကြီးမှုသည် မိုးရေများ စုစည်းပြီး နိမ့်သည့် ကျေးရွာများတွင် ရေကြီးခြင်း ဖြစ်ကြောင်း သိရသည်။

 

လယ်ဝေးမြို့နယ် ဆင်ဆိပ်နှင့် ခရမ်းကိုင်းကျေးရွာတို့တွင် ရေကြီးမှုကြောင့် ဒေသခံများကို ရေလွတ်ရာသို့ ရွှေ့ပြောင်းနေစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း ရေကြီးမှုကြောင့် ခရမ်းကိုင်းကျေးရွာ အိမ်ခြေ ၃၉၆၊ လူဦးရေ ၄၄၀ ဦး၊ ဆင်ဆိပ်ကျေးရွာ အိမ်ခြေ ၇၈၊ လူဦးရေ ၈၈ ဦး၊ ညောင်ကုန်းကျေးရွာ အိမ်ခြေ ၂၁၀၊ လူဦးရေ ၂၇၀၊ သရက် ခုံကျေးရွာ အိမ်ခြေ ၁၈၀ တို့ ရေဘေးသင့်နေကြောင်း သိရသည်။


ရေကြီးမှု ဖြစ်စဉ်သို့ ကြက်ခြေနီ အဖွဲ့များ၊ မီးသတ်ယာဉ်များ၊ တပ်မတော်လေနှင့် ကြည်းမှ တပ်မတော်သားများ၊ အေလာမြို့မှ ပရဟိတအဖွဲ့ စသည်ဖြင့် ကူညီကယ်ဆယ်ရန် ရောက်ရှိနေပြီး ထမင်းထုပ်များ၊ ရေဘူးများ ဝေငှလျက် ရှိကြောင်း သိရသည်။


လယ်ဝေးမြို့နယ် အတွင်းရှိ အဆိုပါရွာများ အပြင် အေလာမြို့ အနီးရှိ ရွာသစ်၊ ငှက်ပျောတောရွာ၊ ကြံခင်းစုရွာ များတွင်လည်း ရေကြီးလျက် ရှိကြောင်း သိရသည်။

အလားတူ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ်အတွင်း စက်တင်ဘာ ၂၃ ရက်က ရွာသွန်းခဲ့သော မိုးကြောင့် တောင်ညိုချောင်း ရေလျှံခဲ့ပြီး တောင်ညိုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနှင့် ပြည်တော်လင်း၊ သစ်မွှေစု ကျေးရွာများသို့ ရေ၀င်ရောက်ခဲ့ပြီး ရွာများကို ဆက်သွယ်ထားသော သံမဏိ ကြိုးတံတား ကြိုးပြတ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...