Thursday, September 26, 2013

ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်လမ်းကောင်းဖို့ လိုကြောင်း သင်ဇာဝင့်ကျော် ပြော




Newsအနုပညာ လောကမှာ ပရိသတ်အတန် အသင့် အားပေးမှု ရှိနေသူ သင်ဇာဝင့်ကျော်ဟာ ရုံတင် ဇာတ်ကားကြီး တွေမှာလည်း ကျရာအခန်း ကဏ္ဍကို ပီပီပြင်ပြင်သရုပ်ေ ဆာင်နိုင်သူဖြစ်သလို ဗီဒီယို ဇာတ်ကားတွေမှာလည်း နေရာတစ်ခု ရထားသူ ဖြစ်ပါတယ်။ ရုံတင်ဇာတ်ကားတွေ ထဲမှာ၊ ဟာသ ပျော်စရာတွေမှာ ပါဝင်သူတစ်ယောက်အနေနဲ့ ရုပ်ရှင်ရုံမှာပြသတဲ့ ဇာတ်ကား တစ်ကားရဲ့ အနှစ်သာရ ကို မေးကြည့်တော့ ” အရေးကြီးဆုံးက ဒရာမာလား၊ ဟာသလား အရင်ကြည့် ရမယ်။
ဟာသ ဆိုရင် လူ များများနဲ့ဆို ရယ်ရပြီး သရုပ်ဆောင်ကောင်းတွေ ပါလာရင် ပိုကောင်းတယ်။ ပြီးတော့ ပို့စ်လေး တွေမှာ ရယ်ရဖို့အရေးကြီး သလို သီချင်းမြူးမြူး တွေလည်း အရေးကြီးတယ်။ ဒရာမာကျတော့ ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်လမ်းကောင်း ဖို့လိုတယ်” လို့ ပြောပြ ပါတယ်။
ရုပ်ရှင် ဇာတ်ကားက အရင်တုန်းက ထက်စာရင် အရေအတွက် ပိုင်းမှာ နည်းသွား ပါတယ်။ ရုပ်ရှင်လောက တစ်ခုအတွက် ရုပ်ရှင်ရုံတွေရဲ့ အရေးပါမှု ကိုလည်း မေးကြည့် တော့ ” ရုပ်ရှင်ရုံ အင်အားက ရုပ်ရှင်လောက အတွက် ပါဝင်မှုမှာ အရေးကြီး ပါတယ်။ ရုံအရေ အတွက်များတာ သိပ်ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ကားကြီးတွေပြဖို့အတွက် ရုံကို စောင့်နေရတယ်။ ရိုက်ထားတာက ကြာ နေပြီ။ဒါပေမဲ့ ရုံတင်ရက်မရလို့ စောင့်ရတဲ့ ဇာတ်လမ်းတွေလည်းရှိတယ်။ ရုံတွေများ လာတာ နဲ့အမျှ ဘာပဲဖြစ်ဖြစ်ကောင်းလာမှာပဲ။ နည်း စနစ်တကျနဲ့လုပ်ရင် ပိုပြီးတော့ တိုးတက်မယ်” လို့ ပြောပြပါတယ်။
သင်ဇာက ငယ်စဉ်အခါက ရုပ်ရှင်ရုံတွေ ရောက်ဖူးတဲ့ ခံစားချက်နဲ့ မင်းသမီး ဖြစ်ပြီး ရုပ်ရှင်ရုံတွေဆီရောက်တဲ့ ခံစားချက် ဘယ်လိုကွာခြားသွားလဲဆိုတာ မေးကြည့်တော့ ” ရုပ်ရှင်ရုံက အရင်ငယ်ငယ်ကတည်းက ရောက် ဖူးသလို မင်းသမီးဖြစ်လည်းသွားတာပဲ။ ငယ်ငယ် တုန်းကတော့ ပရိသတ်တစ်ယောက် အနေနဲ့ တစ်ကားလုံး သွားကြည့် တယ်။ ကိုယ်မင်း သမီးဖြစ်လာပြီးတဲ့နောက်မှာတော့ ကိုယ်ပါတဲ့ ဇာတ်ကားကိုပဲ ကြည့်တာများတယ်။ ကိုယ်ပါတဲ့ ဇာတ်ကားမှာ ကိုယ်ပါတဲ့ အခန်းကို သေသေ ချာ ချာပြန်ကြည့်မိတယ်။ ဒါလေးတော့ ကွာသွားတာပေါ့” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...